Latest News

Saturday, June 3, 2017

" တူ တူ တန် တန် သ မား တွေ လို တယ် "

" တူ တူ တန် တန် သ မား တွေ လို တယ် "

လူ ရယ် ၊ ကြောင် ရယ် ၊ လိပ် ပြာ ရယ် ၊ တီ ကောင် ရယ် သိ တဲ့ အ သိ ချင်း မ တူ ဘူး ဆို တာ ကို " Level of life " ဆို ပြီး ဆောင်း ပါး ရေး ခဲ့ ပြီး သွား ပြီ ။

Level မ တူ ရင် နာ လည် မှု လည်း မ တူ ဘူး ။ ဒါ ကြောင့် တူ တူ တန် တန် ပြော ဆို ဆွေး နွေး ရ ခက် ပါ တယ် ။ ဒီ လို ပဲ ကျွမ်း ကျင် တဲ့ နယ် ပယ် မ တူ ရင် လည်း ဆွေး နွေး ရ ခက် တယ် ။

ဥ ပ မာ မြန် မာ နိုင် ငံ မှာ စာ သင် ထား တာ ဒေါက် တာ ဘွဲ့ အ ထိ ရ ထား ကြ ပေ မယ့် သူ တို့ သိ တဲ့ အ သိ က သူ တို့ ရ ထား တဲ့ ဘွဲ့ မှာ ပဲ အ သုံး ချ လို့ ရ နိုင် တဲ့ ဒေါက် တာ မျိုး တွေ အ များ ကြီး ရှိ ပါ တယ် ။ ဒေါက် တာ ဆို တာ Specialist တွေ ဆို တော့ ဆိုင် ရာ က ဏ္ဏ မှာ တစ် ဖက် ကမ်း အောင် ကျွမ်း ကျင် နိုင် ပေ မယ့် မ ဆိုင် တဲ့ က ဏ္ဏ တွေ မှာ ကျ တော့ န ကန်း တစ် လုံး တောင် မ သိ နိုင် တဲ့ လူ တွေ အ နေ နဲ့ လည်း ဖြစ် နေ တတ် ပါ တယ် ။

ဒေါက် တာ တစ် ယောက် ဖြစ် ဖို့ သက် ဆိုင် ရာ ဘာ သာ ရပ် ကို အ ရူး အ မူး အ ချိန် ပေး ပြီး ကြိုး စား လေ့ လာ ခဲ့ ကြ ရ တော့ တစ် ခြား ကိ စ္စ တွေ ကို လျှစ် လျှူ့ ရှု့ ခဲ့ ရ တာ မျိုး ပေါ့ ။

အဲ့ လို ဒေါက် တာ တွေ နဲ့ သက် ဆိုင် ရာ နယ် ပယ် ကို သွား ဆွေး နွေး ရင် နား မ လည် ပဲ ပြန် လာ ရ လောက် တဲ့ အ ထိ သူ တို့ ပြော ပြ နိုင် တယ် ။ သူ တို့ နဲ့ မ ဆိုင် တဲ့ နယ် ပယ် မှာ တော့ ကီ ဝီ သီး ကို အ ခွံ မ ခွာ ပဲ ဝါး စား တဲ့ ဒေါက် တာ တစ် ယောက် ကို တောင် တွေ့ ဖူး တယ် ။ ဘာ လို့ အ ခွံ မ ခွာ တာ လဲ လို့ မေး တော့ မ သိ လို့ တဲ့ ။

အ ခု ၂၁ ရာ စု ညီ လာ ခံ မှာ ဆွေး နွေး ကြ တဲ့ ကိ စ္စ တစ် ချို့ ကို ကြည့် ရင် ဆွေး နွေး ကြ တဲ့ က ဏ္ဏ မှာ တစ် ချို့ မ ကျွမ်း ကျင် ကြ ဘူး လို့ တွေ့ ရ တယ် ။ ဒါ မှ မ ဟုတ် ရင် တ မင် ပွဲ ဖျက် တာ ဖြစ် လိမ့် မယ် ။

ရိုး ရိုး ရှင်း ရှင်း လေး ဖြစ် နေ တဲ့ ကိ စ္စ တွေ ကို အာ ဃာ တ တ ရား တွေ ကြောင့် ပွဲ ပျက် အောင် ၊ အ ချိန် ကြာ အောင် ၊ အ နှောက် အ ယှက် ဖြစ် စေ အောင် ဂျမ်း ခု သ လို မျိုး တွေ တွေ့ ရ တယ် ။ ဥ ပ မာ ၂၁ ပင် လုံ က ၂၀ ပင် လုံ ကို မ လွှမ်း မိုး စေ ရ ဘူး တို့ လို မ ဆီ မ ဆိုင် ဂျမ်း ခု တာ မျိုး ပေါ့ ။ ကြည့် လိုက် တော့ ၂၀ ပင် လုံ နဲ့ သူ က ဘာ မှ လည်း မ ဆိုင် ။

ရုံး သုံး စ ကား ကို အ င်္ဂ လိပ် စ ကား သတ် မှတ် ရ မယ် ဆို တာ မျိုး ။ မြန် မာ စ ကား က နိုင် ငံ ပြင် ပ ထွက် တာ နဲ့ ဘာ မှ သုံး မ ရ တော့ ဘူး ဒါ ကြောင့် အ င်္ဂ လိပ် စ ကား ကို ရုံး သုံး စ ကား လုပ် ပြီး ဆိုင် ရာ ဒေ သ ခံ စ ကား ကို ဒု တိ ယ စ ကား ( second language ) လုပ် ရ မယ် တို့ ဆို တာ တ မင် ဂျမ်း ခု နေ သ လို ပဲ ။

သူ တို့ တင် ပြ ဆွေး နွေး တာ သူ တို့ ဖက် က မှန် နေ ကြ ပေ မယ့် Generally အ နေ နဲ့ လက် ရှိ အ ချိန် မှာ မ လို အပ် မ မှန် တော့ တဲ့ ကိ စ္စ မျိုး တွေ ဖြစ် နေ တယ် ။

ကိုယ် ပိုင် ဘာ သာ စ ကား တွေ ယဉ် ကျေး မှု တွေ မ ပြောက် ပျက် အောင် က အ တိ အ ကျ ကို ထိန်း သိမ်း ရ မယ် ။ ဒါ သံ သ ယ ဖြစ် စ ရာ မ လို တဲ့ ကိ စ္စ ပါ ပဲ ။ ဘယ် လို ပုံ စံ နဲ့ ထိန်း သိမ်း ကြ မယ် ဆို တာ က တော့ ကိုယ့် အ ချင်း ချင်း ညှိ နှိုင်း ဆောင် ရွက် ကြ ရ မှာ ပေါ့ ။ ဥ ပ မာ ကိုယ့် လူ မျိုး တိုး ပွား လာ အောင် ဆောင် ရွက် ရ မယ် ။ ကိုယ့် လူ မျိုး တိုင်း ကို ဓ လေ့ ထုံး စံ အ ရ မ ဖြစ် မ နေ ငယ် စဉ် က တည်း က သင် ကြား ပေး ထား ရ မယ် ။ ကိုယ် လူ မျိုး တွေ ကို တိုး တက် အောင် ဆောင် ရွက် ရ မယ် ။ ကိုယ့် လူ မျိုး တွေ ချမ်း သာ ပ ညာ တတ် အောင် ဆောင် ရွက် ပေး ကြ ရ မယ် ။ အ စ ရှိ သ ဖြင့် ပေါ့ ။

ဒီ လို စ နစ် တ ကျ ဆောင် ရွက် ကြ ရ မှာ ပေါ့ ။ ဒါ ကို ငါ့ စ ကား မ ပြော ရ ဘူး ဆို ရင် မင်း စ ကား လည်း မ ပြော နဲ့ လို့ ဘယ် လို့ လုပ် ပြော လို့ ကောင်း မှာ လဲ ။

ထား ပါ တော့ တ ကယ် လို့ များ ရှမ်း အ ဆို တော် စိုင်း ထီး ဆိုင် က သီ ချင်း ကို ဗ မာ လို မ ဆို ပဲ ရှမ်း လို ပဲ ဆို ရင် အ ခု လောက် အောင် မြင် ကျော် ကြား လူ သိ များ ခဲ့ ပါ့ မ လား ။ ၁၉၉၀ ကျော် လောက် က ရ ခိုင် အ ဆို တော် ( မြတ် ခိုင် ကျော် လို့ ထင် ပါ တယ် ) တစ် ယောက် တော် တော် နံ မည် ကြီး ခဲ့ တယ် ။ ကိုယ် လည်း ရ ခိုင် ရောက် မှ သိ ခဲ့ ရ တယ် ။ ဒါ ပေ မဲ့ သူ က ရ ခိုင် လို ပဲ ဆို တော့ ရ ခိုင် ကလွဲ ပြီး သူ့ ကို ဘယ် သူ မှ မ သိ လိုက် ကြ ဘူး ။ ဝါး လုံး ခေါင်း ထဲ မှာ ပဲ လ သာ လိုက် ရ တယ် ။

အ ရာ အား လုံး ကို ယ ထာ ဘူ တ ကျ ကျ တွေး တတ် ရ ပါ လိမ့် မယ် ။ အ မျိုး ချစ် တယ် ဆို တဲ့ စိတ် နဲ့ တိုင်း ပြည် ကို စီ မံ ခန့် ခွဲ အုပ် ချုပ် လို့ မ ရ သ လို ဒေါက် တာ ပ ညာ တတ် ဆို ရုံ နဲ့ လည်း တိုင်း ပြည် ကို စီ မံ ခန့် ခွဲ ဖို့ မ သင့် ဘူး ။ တော် လှန် ရေး သ မား ဆို ပြီး တော့ လည်း နိုင် ငံ ကို အုပ် ချုပ် ရ မယ် မ ဟုတ် သ လို လက် နက် ကိုင် ထား လို့ လည်း အ တင်း ခေါင်း ဆောင် လုပ် အုပ် ချုပ် လို့ မ သင့် ဘူး ။

အ မျိုး ချစ် ပါ တယ် ဆို ရင် ကျန် တဲ့ အ မျိုး တွေ ပျက် ဖို့ သာ ပြင် ပေ တော့ ပဲ ။ ဟစ် တ လာ လို ပေါ့ ။

ဒေါက် တာ ဆို လည်း ဒေါက် တာ နဲ့ ဆိုင် တာ ပဲ ပါ သင့် တယ် ။ ဒေါက် တာ ဖြစ် တာ နဲ့ တန် ခိုး တွေ ရ သွား တာ မ ဟုတ် ဘူး ။ စင် ပေါ် တက် ရ တာ နဲ့ ပေါက် က ရ တွေ လျှောက် ပြော ရင် နား ထောင် တဲ့ သူ က ဒေါက် တာ ပြော တာ ဟုတ် မှာ ပေါ့ လို့ တွေ ဝေ ကြ ရ လိမ့် မယ် ။ ကာ တွန်း တစ် ခု ကို မှတ် မိ တယ် ။ ဒေါက် တာ ဆို မျက် စိ မှိတ် အ ထင် ကြီး ကြ တဲ့ လူ မျိုး အ ကြောင်း ။

ဆ ရာ ဝန် က ယော င်္ကျား ဖြစ် သူ ကို စမ်း သတ် ပြီး သေ ပြီ လို့ ပြော လိုက် တယ် ။
အဲ့ ဒီ အ ခါ ယော င်္ကျား က ထ ထိုင် ပြီး ငါ မ သေ သေး ဘူး လို့ ပြန် ပြော တယ် ။
ဘေး က မိန်း မ က ရှင် က ဒေါက် တာ ထက် ပို တတ် နေ လို့ လား လို့ ပြန် ပြော တယ် ။

တော် လှန် ရေး သ မား တွေ က Revolution ကို ပဲ စိတ် သန် တယ် ။ Evolution ကို သိပ် မ စဉ်း စား နား မ လည် ဘူး ။

လက် နက် ကိုင် ထား ရင် ခေါင်း ဆောင် အ တင်း လုပ် တဲ့ စ နစ် က တော့ မြန် မာ နိုင် ငံ နဲ့ အ သား ကျ နေ လို့ ၂၀၁၀ ဒီ မို က ရေ စီ အ စိုး ရ ဆို တာ တောင် ဖြစ် ပြီး မှ နောက် ထပ် ၃ ဖွဲ့ လက် နက် ထ ကိုင် ကြ သေး တယ် ။

ပြော ချင် တာ က မြန် မာ နိုင် ငံ ကို ပြန် လည် တည် ဆောက် နေ ပါ ပြီ ။ အာ  လုံး သက် ဆိုင် ရာ က ဏ္ဏ မှာ ကျွမ်း ကျင် သ လို ပါ ဝင် ကြ ဖို့ လို အပ် ပါ တယ် ။ ဒါ ပေ မဲ့ ကိုယ် ပါ ဝင် မယ့် က ဏ္ဏ မှာ တော့ တူ တူ တန် တန် ဖြစ် ဖို့ လို တယ် ။ ကိုယ် ဖြစ် ချင် တာ တွေ ကို ပဲ လျှောက် ပြော နေ ရင် တော့ ခ ရီး ရောက် တော့ မှာ မ ဟုတ် ဘူး ။

ငြိမ်း ချမ်း ရေး အ ပါ အ ဝင် မြန် မာ နိုင် ငံ အောင် မြင် ဖို့ ဆို ရင် တူ တူ တန် တန် လူ တွေ အ များ ကြီး လို နေ ပါ သေး တယ် ။ မ ထိုက် တန် ဘူး ဆို တဲ့ သူ တွေ ကို လည်း ဖယ် ထုတ် ဖို့ လို ပါ တယ် ။ အ မှန် တ ကယ် ဖြစ် ချင် တယ် အောင် မြင် ချင် တယ် ဆို ရင် ပေါ့ ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၁ ၊ ၆ ၊ ၂၀၁၇

                                           

No comments:

Post a Comment