Latest News

Sunday, June 4, 2017

လူခြောက်ဦးသေဆုံးခဲ့တဲ့ လန်ဒန်မြို့လယ် အကြမ်းဖက်တိုက်ခိုက်မှု

လူခြောက်ဦးသေဆုံးခဲ့တဲ့ လန်ဒန်မြို့လယ် အကြမ်းဖက်တိုက်ခိုက်မှု

လန်ဒန်မြို့လယ်က အကြမ်းဖက်တိုက်ခိုက်မှုမှာ လူခြောက်ဦး သေဆုံးခဲ့ပြီး တိုက်ခိုက်ရေးသမား သုံးဦးကိုလည်း ရဲကအသေဖမ်းဆီးနိုင်ခဲ့တယ်လို့ Scotland Yard က ပြောပါတယ်။

ဇွန်လ ၃ ရက်နေ့ ဒေသစံတော်ချိန် ည ၁၀ နာရီအချိန်မှာ လန်ဒန်တံတားပေါ်မှာရှိတဲ့ လမ်းသွားလမ်းလာတွေကို အဖြူ ရောင်ဗင်ကား တစ်စီးက ဝင်တိုက်ခဲ့ပါတယ်။ အဲဒီကားဟာ လမ်းဘေးက အတားအဆီးတွေကို ဝင်တိုက်မိပြီးတဲ့နောက် ရပ်တန့်သွား ခဲ့ပါတယ်။

အဲဒီနောက်မှာ ကားပေါ်က လူသုံးယောက် ဆင်းလာပြီး လန်ဒန်တံတား တောင်ဘက်မှာရှိတဲ့ Borough Market ဈေးတန်းထဲက လူတွေကို ဓားနဲ့လိုက်ထိုးခဲ့ပါတယ်။

အချိန် ၈ မိနစ်အတွင်းမှာပဲ လက်နက်ကိုင် ရဲအရာရှိတွေက သံသယရှိသူတွေကို အသေဖမ်းဆီးခဲ့တာပါ။

အခင်းဖြစ်ပွားချိန်က လန်ဒန်တံတားပေါ်မှာရှိနေတဲ့ ဘီဘီစီ သတင်းထောက်ကတော့ ဗင်ကားက တစ်နာရီမိုင် ၅၀ နီးပါး အရှိန်နှုန်းနဲ့ မောင်းနေတာလို့ ပြောပါတယ်။ ဒီဖြစ်ရပ်မှာ ဒဏ်ရာရသူ ၄၈ ဦးကို ဆေးရုံ ၅ ခုကို ပို့ဆောင်ခဲ့တယ်လို့ လန်ဒန်အရေးပေါ်ဌာနက ပြောပါတယ်။

ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ၃ လအတွင်း ဗြိတိန်နိုင်ငံမှာ ၃ကြိမ်မြောက် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လအတွင်း ဝက်စ်မင်စတာမှာ ကားနဲ့ ဓား အသုံးပြုတိုက်ခိုက်ခဲ့လို့ လူ ၅ ဦးသေဆုံးခဲ့သလို သီတင်းပတ် ၂ ပတ် မပြည့်မီ အချိန်အတွင်းကလည်း မန်ချက်စတာမြို့မှာ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့လို့ လူ ၂၂ ဦးသေဆုံးခဲ့ပါတယ်။

Nz(ရိုးရာလေး)

No comments:

Post a Comment