Latest News

Friday, June 2, 2017

မုံရွာတွင် တရားမ၀င် အင်သစ်ခွဲသား ခြောက်တန်ကျော် ဖမ်းမိ

မုံရွာတွင် တရားမ၀င် အင်သစ်ခွဲသား ခြောက်တန်ကျော် ဖမ်းမိ

မုံရွာမြို့တွင် ကုန်တင်ယာဉ်တစ်စီးကို စစ်ဆေးရာမှ တရားမ၀င် သယ်ဆောင်လာသော အင်သစ်ခွဲသား ခြောက်တန်ကျော်ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာမြို့နယ်မြေရဲတပ်ဖွဲ့ စခန်းမှူး ရဲအုပ်ရဲအောင်က ပြောသည်။
ကျောက်စစ်ပုံတောင်ကျေး ရွာ မြို့ပတ်ကားလမ်းအတိုင်း မောင်းနှင်လာသော ကုန်တင် ယာဉ်တစ်စီးကို လှည့်ကင်း ဆောင် ရွက်နေသော ရဲတပ်ဖွဲ့ဝင်များက ဇွန်လ ၂ ရက် နံနက် ၂ နာရီခွဲက စစ်ဆေးခဲ့ရာ အင်သစ်ခွဲသားများ တရားမ၀င် သယ်ဆောင်လာ သည်ကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

‘‘သာစည်လမ်းနဲ့ မြို့ပတ် လမ်းဆုံအ၀ိုင်းပတ်မှာ ရဲတပ်ဖွဲ့ ၀င်တွေ ညပိုင်းလှည့်ကင်းဆောင် ရွက်နေတဲ့အချိန် ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ယောက်စီးလာတယ်။ နောက်ကကုန်ကားကြီး မောင်း လာတယ်။ ကုန်ကားကိုတားမယ် လုပ်တော့ ဆိုင်ကယ်စီးတဲ့ လူနှစ် ယောက်က အဆင်ပြေအောင် လုပ်ပေးပါမယ်ပြောပြီး ကုန်ကား က ဆက်မောင်းသွားတယ်။ ကား ပေါ်မှာ ဘာတွေတင်လာတယ်ဆို တာ မသိတဲ့အတွက် ရဲတပ်ဖွဲ့ဝင် တွေက ကုန်ကားကိုလိုက်တားပြီး စစ်ဆေးတော့ တရားမ၀င်သယ် ဆောင်လာတဲ့ သစ်ခွဲသားတွေကို ဖမ်းမိတာပါ။ ဒါကြောင့် ကုန်တင် ကားက ယာဉ်မောင်း၊ယာဉ်နောက် လိုက်နဲ့ ဆိုင်ကယ်စီးသူ နှစ်ဦး စုစု ပေါင်း လူလေးဦးကို အမှုဖွင့်အ ရေးယူထားပါတယ်’’ဟု ရဲအုပ်ရဲ အောင်က ပြောသည်။

7Day News Journal

No comments:

Post a Comment