Latest News

Thursday, June 1, 2017

ညောင်တုန်းမြို့နယ်ရှိ ကျောင်းအချို့မှာ ကျောင်းအတွင်းသို့ စကတ်တို ဝတ်ဆင်ပြီး ဝင်ရောက်ခွင့်မပြုလို့ ထုတ်ပြန်

ညောင်တုန်းမြို့နယ်ရှိ ကျောင်းအချို့မှာ ကျောင်းအတွင်းသို့ စကတ်တို ဝတ်ဆင်ပြီး ဝင်ရောက်ခွင့်မပြုလို့ ထုတ်ပြန်

ကျောင်းတွေက ကျောင်းအုပ်တွေရဲ့ သဘောထားနဲ့သာ ထုတ်ပြန်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်က ကျောင်းအချို့မှာ မိဘအုပ်ထိန်းသူတွေဟာ ကျောင်းထဲကို စကတ်တို၊ ဘောင်းဘီတို၊ ဘောင်းဘီရှည်တွေဝတ်ဆင်ပြီး ၀င်ရောက်ခွင့်မပြုရလို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ညောင်တုန်းမြို့နယ်က ကျောင်းအချို့မှာ ဆိုင်းဘုတ်ချိတ်ဆွဲထားတဲ့ စာသားတွေကတော့ “မိဘအုပ်ထိန်းသူ၏ ဂုဏ်ကျက်သရေနှင့်လျော်ညီသော ဝတ်စားဆင်ယင်မှုဖြင့်သာလျှင် သားသမီးများကို ကျောင်းပို့၊ ကျောင်းကြိုလုပ်ကြ ဖို့ ပြုလုပ်သင့်ပါသည်၊ ''သတိပေးချက်'' အမျိုးသမီးများ မြန်မာ့ယဉ်ကျေးမှုနှင့် မဆီလျော်သော စကတ်တို၊ ဘောင်းဘီတို၊ ဘောင်းဘီရှည်များဝတ်ဆင်၍ ကျောင်းဝန်းအတွင်းသို့ ဝင်ခွင့်မပြု” ဆိုပြီး ကြေညာထားတာ ဖြစ်ပါတယ်။

ကျောင်းတချို့မှာ အဆိုပါကဲ့သို့ စည်းကမ်းချက်တွေ ထုတ်ပြန်ကြေညာထားတာဟာ မြို့နယ်ပညာရေးမှူးရုံးရဲ့ ညွန်ကြားချက်မဟုတ်ဘဲ ကျောင်းတွေက ကျောင်းအုပ်တွေရဲ့ သဘောထားနဲ့သာ ထုတ်ပြန်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ညောင်တုန်းမြို့နယ်ထဲက အခြေခံပညာကျောင်းအားလုံးဟာ ဇွန် ၁ ရက်နေ့က စဖွင့်ခဲ့ပြီး မြို့နယ်ထဲမှာတော့ အခြေခံပညာကျောင်း စုစုပေါင်း ၂၂၀ ရှိတယ်လို့ သိရပါတယ်။

Duwun

No comments:

Post a Comment