Latest News

Thursday, June 1, 2017

အခြေခံပညာကျောင်းအတွက် အမေရိကန် ဆရာ ဆရာမလေ့လာ ရေးစတင်

အခြေခံပညာကျောင်းအတွက် အမေရိကန် ဆရာ ဆရာမလေ့လာ ရေးစတင်

ရန်ကုန်တိုင်းနဲ့  ပဲခူးတိုင်းဒေသကြီးအတွင်းက အခြေခံပညာကျောင်းတွေမှာ အင်္ဂလိပ်ဘာသာစကားဆိုင်ရာနဲ့  အမေရိကန်နိုင်ငံ ပညာရေးဖလှယ်ဆွေးနွေးမှုတွေပြုလုပ်မယ့်  Peace Crops Myanmar စီမံကိန်း အတွက် အမေရိကန် နိုင်ငံက ဆရာဆရာမ ဒုတိယအဖွဲ့ထပ်မံရောက်ရှိလာတယ်လို့ သိရပါတယ်။

အဲသည် လေ့လာရေးအစီအစဉ်ကို မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံ ပညာရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရပြုလုပ်တာဖြစ်ပြီး  ပြီးခဲ့တဲ့  ၂၀၁၆  ခုနှစ် အောက်တိုဘာလမှာ စတင်ဆောင်ရွက်ခဲ့တာဖြစ်တယ်။ ယခုအခါ ဒုတိယ အဖွဲ့ထပ်မံရောက်ရှိလာတာဖြစ်ပါ တယ်။

ဒုတိယအသုတ်ရောက်ရှိလာတဲ့ အမေရိကန် ဆရာဆရာမတွေဟာ မေလ ၂၆ ရက်နေ့မှာ သက်ဆိုင်ရာကျောင်းတွေမှာ စတင်ဝင်ရောက်နေပြီဖြစ်တယ်လို့ အမေရိကန်သံရုံးကထုတ်ပြန်ထားပါတယ်။

ပထမအသုတ်ရောက်ရှိလာတဲ့ အမေရိကန်ကျောင်းဆရာ ဆရာမ တွေကတော့ ပဲခူးတိုင်းဒေသကြီးအတွင်းက အခြေခံပညာကျောင်း  ၁၈ ကျောင်းရဲ့ စာသင်ကြားမှု ပုံစံတွေ၊ ဆရာ ဆရာမတွေရဲ့ သင်ပြမှုအခြေအနေတွေ ကျောင်းဖွဲ့စည်းတည်ဆောက်မှုအခြေ အနေတွေကိုလာရောက်လေ့လာနေပြီး Peace Crops  Myanmar  ရဲ့  အင်္ဂလိပ်စာသင်ကြားပေးမှု အခြေအနေတွေကိုလာရောက် ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

အဲသည် လေ့လာဆွေးနွေးမှုတွေကို မြန်မာနိုင်ငံမှာ နှစ်နှစ်ကြာ  ပြုလုပ်မှာဖြစ်ပြီး  အမေရိကန် ကျောင်းဆရာ ဆရာမတွေအနေနဲ့  သတ်မှတ်ထားတဲ့ ကျောင်းတွေမှာနေထိုင်ပြုလုပ်မယ်လို့ဆိုပါတယ်။
Peace Crops ဒုတိယ အသုတ်မှာ စေတနာ့ဝန်ထမ်း ၁၅ ဦးပါဝင်ပြီး  ပထမအသုတ်မှာတော့ ငါးဦးပါဝင်ပါတယ်။

အမေရိကန် နိုင်ငံကနေလာရောက်တဲ့  ဆရာဆရာတွေအနေနဲ့ တာဝန်မထမ်းဆောင်ခင် အချိန်မှာ သီတင်းပတ် ၁၀ ပတ်ကြာကြိုတင်  ပြီး မြန်မာဘာသာစကား၊ မြန်မာ့ယဉ်ကျေးမှု၊ သင်ကြားရေးစွမ်းရည်၊ကျန်းမာရေးနဲ့ဘေးကင်း လုံခြုံရေးဆိုင်ရာ အကြိုသင်တန်းတွေတက် ရောက်ခဲ့တယ်လို့ သိရပါတယ်။

မေသော်တာမောင်(Kumudra)

No comments:

Post a Comment