Latest News

Thursday, June 22, 2017

နှလုံးခွဲစိတ်ပြီးတဲ့နောက် ရာနှုန်းပြည့်နီးပါး ကောင်းမွန်လာပြီဖြစ်တဲ့ ပရဟိတဖခင်ကြီး ဦးကျော်သူ

နှလုံးခွဲစိတ်ပြီးတဲ့နောက် ရာနှုန်းပြည့်နီးပါး ကောင်းမွန်လာပြီဖြစ်တဲ့ ပရဟိတဖခင်ကြီး ဦးကျော်သူ

 ထိုင်းနိုင်ငံ ဘန်ကောက် မြို့ Bumrungrad ဆေးရုံတွင် နှလုံးသွေးကြောများ အစားထိုးလဲ လှယ်ခဲ့သည့် သရုပ်ဆောင် ကျော်သူ၏ ကျန်းမာရေးအခြေအနေ သည် ရာနှုန်းပြည့်နီးပါး ကောင်း မွန်ကြောင်း ဇနီးဖြစ်သူ ဒေါ်မြင့် မြင့်ခင်ဖေ၏ ဖေ့စ်ဘွတ်ခ်စာမျက် နှာ၌ ရေးသားထားသည်။

ကျော်သူသည် မျိုးရိုးအရ ဖြစ်ပွားသည့် နှလုံးသွေးကြော ပိတ်ရောဂါကြောင့် နှလုံးခွဲစိတ်မှု ခံယူခဲ့ရပြီး နှလုံးသွေးကြောများ ကို ပေါင်နှင့် လက်မောင်းမှ သွေးကြောများဖြင့် အစားထိုးလဲလှယ်ခဲ့ခြင်းဖြစ်ကာ ရာနှုန်း ပြည့်နီးပါး လူကောင်းပြန်ဖြစ်လာပြီကြောင်း သိရပါတယ်။

သရုပ်ဆောင် ကျော်သူ သည် ဇွန်လ ၁၇ ရက် နံနက်က နှလုံးသွေးကြော လေးချောင်း အ စားထိုးလဲလှယ်ခဲ့ပြီး ကျန်းမာရေး ကောင်းမွန်သောကြောင့် ဇွန်လ ၂၀ ရက်တွင် အထူးကြပ်မတ် ကုသခန်းမှ ရိုးရိုးအခန်းသို့ ပြောင်း ရွှေ့ခဲ့ကြောင်း သတင်းရရှိသည်။

‘‘CCU ကနေ ရိုးရိုးအခန်းကို ရွှေ့ခါနီး CCU က သူနာပြုများက နှုတ်ဆက်ဓာတ်ပုံရိုက်နေကြတာ ပါ။ Bumrungrad ဆေးရုံက မြန်မာဆရာဝန်များနဲ့၊ မြန်မာဝန် ထမ်းများအဖွဲ့နဲ့လည်း ဓာတ်ပုံ ရိုက်ဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်’’ဟု မြင့်မြင့် ခင်ဖေ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ဓာတ်ပုံများနှင့်တကွ ရေး သားဖော်ပြခဲ့သည်။

Source: 7 Day

No comments:

Post a Comment