နတ်တလင်းတွင် စည်ပင်ကော်မတီကို အသစ်ပြန်လည်ရွေးချယ်ပေးရန် ဒေသခံများကဆန္ဒပြ
စည်ပင်သာယာကော်မတီ ကို အသစ်ပြန်လည်ရွေးချယ်ပေးရန် နတ်တလင်းဒေသခံများက ဇွန်လ ၄ ရက်တွင် ဆန္ဒပြခဲ့သည်။
နတ်တလင်းမြို့နယ် စည် ပင်သာယာကော်မတီဝင် သုံးဦး ကို ပြီးခဲ့သည့် မေလ ၂၆ ရက် က ရွေးချယ်ခဲ့ရာတွင် စည်ပင်သာ ယာရွေးချယ်ကြီးကြပ်ရေးကော် မတီ၏ ဥပဒေစည်းမျဉ်း စည်းကမ်းများနှင့်အညီ ရွေးချယ်နိုင်ခြင်းမရှိ သောကြောင့် အသစ်ပြန်လည် ရွေးချယ်ပေးရန် ဆန္ဒဖော်ထုတ်ရ ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
‘‘စည်ပင်ကော်မတီဝင်ရွေး ချယ်ရာမှာ ရပ်ကွက်အုပ်ချုပ်ရေး မှူးတစ်ဦးက သူ့ရပ်ကွက်ရဲ့ ကိုယ်စားလှယ်လောင်း သုံးဦးအတွက် သူကိုယ်တိုင် ဓမ္မာရုံတစ်ခုမှာ မဲ ဆွယ်စည်းရုံးမှုလုပ်တယ်။ ရပ် ကွက်အုပ်ချုပ်ရေးမှူးဟာ ရပ် ကွက်စည်ပင်သာယာရွေးချယ် ကြီးကြပ်ရေးကော်မတီရဲ့ အတွင်းရေးမှူးပါ။ စည်ပင်ရွေးကောက်ပွဲ ဥပဒေအရ စည်းရုံးပေးခွင့်မရှိပါ ဘူး။ အဲဒီကိစ္စကို ကန့်ကွက်ခဲ့ပေ မယ့် ဆောင်ရွက်မပေးဘူး။ အခုရွေးချယ်ထားတဲ့ စည်ပင်ကော်မတီကိုလည်း အသစ်ပြန်လည်ဖွဲ့စည်း ပေးဖို့ တောင်းဆိုပါတယ်’’ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူ ဦးထွန်းမြတ်မင်းက ပြောသည်။
စည်ပင်သာယာကော်မတီ ၀င်များ ရွေးချယ်ရာတွင် ရွေးကောက်ပွဲပြုလုပ်ပြီး ရပ်ကွက်၊ ကျေးရွာအုပ်စု ခုနစ်ခုမှ တစ်ခုလျှင် ကိုယ်စားလှယ်လောင်း သုံးဦးစီဖြင့် စုစုပေါင်း ၂၁ ဦးကို ရွေးချယ်ခဲ့သည်။ ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်း ၂၁ ဦးသည် ၎င်းတို့ အချင်းချင်းမဲပေးကာ မြို့နယ်ကော်မတီသုံးဦးကို ထပ်မံရွေး ချယ်ရမည်ဖြစ်သည်။ ထိုသို့မပြုလုပ်မီကာလတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးမှ ၎င်းရပ်ကွက်ရှိ ကိုယ်စားလှယ်လောင်းသုံးဦးအတွက် မဲဆွယ်စည်းရုံးခြင်းများ ပြုလုပ်ခဲ့သည်ဟုဆိုသည်။ ယင်းကိစ္စကိုတာဝန်ရှိသူများထံ တင်ပြကန့်ကွက်ခဲ့သော်လည်း ဆောင်ရွက်ပေးခြင်းမရှိသောကြောင့် ရွေးကောက်ပွဲဝင် ကော်မတီဝင်လောင်း ကိုးဦးနုတ်ထွက်ခဲ့ပြီး ကျန် ၁၁ ဦးဖြင့်သာမြို့နယ်စည်ပင်ကော်မတီဝင်ရွေးချယ်ခဲ့သည်ဟု ဆန္ဒပြသူများက ပြောသည်။
ဆန္ဒပြသူများသည် နတ်တ လင်းမြို့ တာပွန်လမ်း၊ ဗိုလ်ချုပ်လမ်း၊ ဗိုလ်ရုံလမ်း၊ ရန်ကုန်-ပြည် လမ်းတို့တွင် တစ်နာရီကျော် လမ်း လျှောက်ကာ အများပြည်သူဆန္ဒ နှင့်မညီသော စည်ပင်ကော်မတီ အား အလိုမရှိ၊ ပြည်သူများ မကြိုက်သည့် စည်ပင်ကော်မတီအား ဖျက်သိမ်းပစ်ရန်၊ ပြည်သူများလိုလားသည့် ကော်မတီဝင်များကို ပြန်လည်ရွေးချယ်ပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။
‘‘ စည်ပင်ကော်မတီဝင်တွေ ကို မကြိုက်ရင်၊ သတ်မှတ်ချက် စည်းမျဉ်းစည်းကမ်းတွေနဲ့ မညီတာတွေရှိရင် သက်သေအထောက်ခိုင်လုံစွာနဲ့တကွ ငွေသွင်းကန့် ကွက်နိုင်ပါတယ်။ ကော်မရှင်အဖွဲ့ဝင် တွေ နည်းလမ်းမကျရင်လည်း တိုင်ကြားနိုင်တယ်။ ဒါတွေကိုလည်း လိုက်လံကြေညာပေးပါ တယ်။ ဒါပေမဲ့ တရားဝင်စာနဲ့ ကန့်ကွက် လာတာမျိုး မရှိပါဘူး။ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက မဲဆွယ်စည်းရုံးပေးနေတယ်လို့ တိုင်စာမရောက်ဘူးလို့ သိရတယ်။ ဒီလိုမရှိတာကြောင့် စည်ပင်နည်းဥပဒေအရ ရွေးချယ်ပွဲကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပါတယ်’’ဟု နတ်တလင်းမြို့နယ် စည်ပင်သာယာမတီ ရွေးချယ်ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးတင်ထွဋ်က ပြောသည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment