Latest News

Sunday, June 25, 2017

တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပူးပေါင်းပြီး ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် လုံခြုံရေးအတွက် ကင်းလှည့်

တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပူးပေါင်းပြီး ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် လုံခြုံရေးအတွက် ကင်းလှည့်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ ဇွန်၂၅ ရက် မွန်းလွဲ ၂ နာရီခန့်က တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး လားရှိုးမြို့တွင်းနှင့် မြို့ပြင်တို့တွင်လှည့်လည်ကာ ကင်းလှည့်ခဲ့ကြကြောင်း သိရသည်။

တပ်မတော်မှ ကင်းလှည့်ယာဉ်တန်းများသည် လားရှိုးမြို့အတွင်းသို့  စစ်ကြောင်းနှစ်ကြောင်းခွဲကာ ဘူတာလမ်းမှမြို့တွင်းသို့ တစ်ဖွဲ့၊ လေယာဉ်ကွင်းလမ်းမှ မြို့တွင်းသို့တစ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လေယာဉ်ကွင်းလမ်းမှ လားရှိုး - မူဆယ်လမ်းအတိုင်း ဟိုပိတ်ကျေးရွာဘက်မှတစ်ဆင့် မြို့တွင်းသို့ လှည့်လည်ကာ ကင်းလှည့်ခဲ့ကြကြောင်း သိရသည်။

“ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသအတွင်းမှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတယ်။ မြို့ကြီးတွေမှာလည်း အဖျက်အမှောင့်လုပ်ငန်းတွေ လုပ်မယ်ဆိုတဲ့သတင်းတွေလည်း ရရှိနေပါတယ်။ ဒါကြောင့် တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီးတော့မှ လှည့်ကင်းဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ အနေနဲ့ကတော့ လားရှိုးမြို့ပေါ်မှာ ပုံမှန်ပိတ်ဆို့နေရာ ၁၂ နေရာမှာ ဆောင်ရွက်နေပါတယ်။ ယာဉ်တင်လှည့်ကင်းလည်း နေ့ရော ညရော ဆောင်ရွက်နေပါတယ်။ ပြည်သူလူထုအနေနဲ့ အေးအေးချမ်းချမ်းနဲ့ နေထိုင်နိုင်ဖို့ တပ်မတော်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး အခုလို လှည့်ကင်းဆောင်ရွက်ရခြင်း ဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ်မြောက်ပိုင်းမှ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက ပြောကြားသည်။

တပ်မတော်စစ်ကြောင်း နှစ်ကြောင်းမှ သံချပ်ကာတိုက်ယာဉ်၊ သံချပ်ကာလူသယ်ယာဉ်များ အပါအ၀င် ယာဉ်စီးရေ ၃၀၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မော်တော်ယာဉ်စီးရေ ၂၁ စီး၊ ရဲတပ်ဖွဲ့အင်အား  ၁၀၀ ကျော်တို့ ပူးပေါင်းကာ ကင်းလှည့်ခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် မကြာခဏတိုက်ပွဲများဖြစ်ပွားခဲ့ကာ မန္တလေး- လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးမှာလည်း တိုက်ပွဲများကြောင့် မကြာခဏပိတ်ဆို့လေ့ရှိကြောင်း သိရသည်။      

Eleven Media Group

No comments:

Post a Comment