Latest News

Thursday, June 29, 2017

ရေခဲ​သေတ္တာအား လျှပ်​စစ်​မီး သုံးစွဲရာမှ အပူလွန်​ကဲပြီး ​မီး​လောင်​မှုဖြစ်​ပွား


မြစ်​ပြီးနား ၊ ဇွန်​ ၂၉

မြစ်​ကြီးနားမြို့ လယ်​ကုန်​ရပ်​ကွက်​ ၊ နယ်​​မြေ(၁)အမှတ်​(၁၉၅)​နေအိမ်​တွင်​ ​ရေခဲ​သေတ္တာအားလျှပ်​စစ်​မီးသုံးစွဲရာမှအပူလွန်​ကဲပြီး ဇွန်​ ၂၉ ရက်​​ နံနက်​ပိုင်း ၁ နာရီခန့်​က မီး​လောင်​ကျွမ်းမူဖြစ်​ပွားခဲ့​ကြောင်း​ ပြည်​နယ်​ မီးသတ်​ဦးစီးဌာနမှူးရုံးမှ သတင်းရရှိသည်​။

ဖြစ်​စဉ်​မှ ပြည်​နယ်​မီးသတ်​ဦးစီးဌာနမှူးရုံးသို ​နေအိမ်​တစ်​လုံးမီး​လောင်​ကျွမ်း​နေ​ကြောင်းသတင်း ရရှိသဖြင့်​ ဒုတိယပြည်နယ်မှူး လက်ထောက် ညွှန်​ကြားရေးမှူး ဦးကျော်စိုးသန်း ဦးဆောင်၍ မီးငြိမ်းသ​တ်ယာဉ် ၄ စီး​ရေသယ်​ယာဉ်​ ၄ စီး မီးသတ်​တပ်​ဖွဲ့ဝင်​ ၆၀ ခန့်​ဖြစ်​ ​ရေဂါလံ ၈၀၀၀ အသုံးပြု၍သွား​ရောက်​မီးငြိမ်​သတ်​ခဲ့ရာ ၁ နာရီခွဲခန့်​တွင်​မီးငြိမ်းသတ်​နိုင်​ခဲ့​ကြောင်းသိရသည်​။

မီး​လောင်​ကျွမ်းမူ​ကြောင်​ ​ဒေါ်ဂျာဆိုင်​(၆၂)နှစ်​​​​နေအိမ်​မီးလောင်မှုကြောင့် ၅၀ × ၂၀ ပေ သွပ်မိုး ထရံကာ မြေစိုက် မီးဖိုဆောင် ၁ လုံး မီးလောင် ခဲ့ရာနှစ်​သိန်းခွဲခန့်​ဆုံးရှုံးခဲ့​ကြောင်းသိရသည်​။
လျှပ်​စစ်​မီးအား​ပေါဆစွာသုံးစွဲသူအိမ်ရှင် ​ဒေါ်ဂျာဆိုင်းအား မြစ်ကြီးနားနယ်မြေရဲစခန်းမှ အရေးယူဆောင်ရွက်လျက် ရှိ​ကြောင်းသိရသည်​။

မင်းရာဇာ(မြစ်​ကြီးနား)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

No comments:

Post a Comment