Latest News

Friday, June 9, 2017

မန္တလေးတွင် နေအိမ်အတွင်းရှိ ယာဉ်တစ်စီးနှင့် မီးခံသေတ္တာ ခိုးယူဖောက်ထွင်းခံရမှုဖြစ်ပွား



မန္တလေး ဇွန် ၉

မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ်အတွင်းရှိ နေအိမ်တစ်အိမ် အတွင်းမှ ယာဉ်တစ်စီးနှင့် မီးခံ သေတ္တာအလုံးလိုက် ခိုးယူဖောက် ထွင်းခံရမှု ယခုလ ၇ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ချမ်းမြသာစည် မြို့နယ် ၇၂ လမ်း၊ မနော်ဟရီလမ်း နှင့် ခိုင်ရွှေဝါလမ်းကြားရှိ နေအိမ် တစ်အိမ်တွင် အိမ်ရှင်မိသားစုများ မရှိစဉ် ဖောက်ထွင်းမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ နေအိမ်မှာ တံခါးသုံးထပ်ခတ်ထား ခြင်းဖြစ်ပြီး ခိုးယူခံရသည့်ယာဉ်မှာ တိုယိုတာအမျိုးအစားဖြစ်ကြောင်း နှင့်ခိုးယူခံရသည့် အိမ်နံဘေးအိမ်မှ သိရှိ၍ ရဲတပ်ဖွဲ့သို့အကြောင်းကြား ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ရဲတပ်ဖွဲ့မှစုံစမ်းမှု များပြုလုပ်ခဲ့ရာ အိမ်ရှင်မိသားစု မှာ ရမည်းသင်းတွင် ရောက်ရှိနေ သဖြင့် ဆက်သွယ်စုံစမ်းခဲ့ပြီး ပျောက်ဆုံးသွားသည့်ပစ္စည်းများ နှင့်ပတ်သက်၍ စစ်ဆေးမှုများပြု လုပ်ဆဲဖြစ်ကြောင်း သိရသည်။

ကနဦး မီးခံသေတ္တာအတွင်း ထည့်ထားသည့် ရွှေများနှင့် ယာဉ် တစ်စီးခိုးယူခံခဲ့ရကြောင်း သိရ သည်။ ရဲစခန်းသို့ အကြောင်းကြား ခဲ့သူတစ်ဦးက''အိမ်ရှင်လင်မယား က အလုပ်ရှိရာ ရမည်းသင်းမှာ ရောက်နေတဲ့အချိန်ဖြစ်သွားတာပါ။ နံနက်စောစော အိမ်တံခါးပွင့်နေ လို့ ကြည့်ရင်းကမှ ခိုးယူခံရတယ် ဆိုတာသိရလို့ သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်'' ဟုပြောကြားခဲ့သည်။

ထိုသို့ ဖောက်ထွင်းခံရသည့် နေအိမ်တွင် စီစီတီဗွီကင်မရာများ တပ်ဆင်ထားသော်လည်း စီစီတီဗွီ မှတ်တမ်းများကို ဖျက်ဆီးထား ကြောင်းသိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အမှတ်(၁၁)ရဲစခန်း တွင် အမှုဖွင့်ထားပြီး ကျူးလွန်သူ များကို စုံစမ်းလျက်ရှိကြောင်း သိရသည်။

အောင်ထူးမြတ်ပိုင်
The Union Daily
https://www.facebook.com/uniondaily.net/

No comments:

Post a Comment