လင်မယားချင်း စကားများရာမှ ဇနီးဖြစ်သူကို ဓာတ်ဆီလောင်း မီးရှို့
သည့် အငှားယာဉ်မောင်း
ထိုင်းနိုင်ငံ မှာ လင်မယားချင်း စကားများရာမှ ဇနီး ဖြစ်သူကို ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့တဲ့ အငှားယာဉ်မောင်း အမျိုးသားတဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ ဇွန်လ ၆ ရက်နေ့က ကော့စမွီခရိုင်၊ ဘိုဖတ်ဒေသမှာ ဖြစ်ခဲ့တာလို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ဒေးလီးနယူးစ်သတင်းမှာ ဖော်ပြပါတယ်။
ပြစ်မှုကျူးလွန်ခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် ဆင်ဖာ ဆူဝမ်ဖာရတ်ခ် အမည်ရတဲ့ အငှားယာဉ်မောင်း အမျိုးသား ဟာ ဇနီြး ဖစ်သူနဲ့ အချေအတင် စကားများခဲ့ပြီးနောက်မှာ ဓာတ်ဆီနဲ့လောင်းပြီး မီးရှို့ခဲ့တာပါ။
ဇနီး ကို မီးစွဲလောင်နေချိန်မှာတော့ သူမှားမှန်း အသိဝင်လာခဲ့ကာ အဝတ် နဲ့ငြှိမ်းသတ်ဖို့ ကြိုးစားခဲ့ပြီး အရေးပေါ် အကူအညီ တောင်းခံခဲ့ရတာ ဖြစ်ပါတယ်။
ရဲတွေရောက်ရှိလာချိန်မှာတော့ မီးလောင်ဒဏ်ရာတွေနဲ့ အသက် ၂၇ နှစ်အရွယ် ဆူချဝါဒီ ဖီလာဒန်း အမည်ရ သူ့ရဲ့ဇနီးကို ဆေးရုံပို့ဆောင်ခဲ့ရပြီး သူ့ကိုတော့ ဖမ်းဆီးခဲ့တာပါ။
လက်ရှိမှာတော့ ဆူချဝါဒီ ဟာ ဆေးရုံ အထူးကြပ်မတ် ကုသဆောင်ထဲမှာ ရှိနေပြီး သူ့ရဲ့ခန္ဓာကိုယ် ၇၀ ရာခိုင်နှုန်းလောက် မီးလောင်ကျွမ်းဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြစ်မှုကျူးလွန်ခဲ့တဲ့ ခင်ပွန်းသည် ကတော့ ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ ထိခိုက်နာကျင်စေမှုနဲ့ တပြိုင်တည်းမှာ လူသတ်ဖို့ အားထုတ်မှု စတဲ့အမှုတွေနဲ့ အရေးယူခံရဖို့ ရှိနေပါတယ်။
Credit : DVB
Subscribe to:
Post Comments (Atom)
No comments:
Post a Comment