ဘယ်သူအမှန်ဖြေရှင်းနိုင်မလဲ ။
####################
၁၄.၆.၂၀၁၇ နေ့ ကာယသုခ မီးလောင်မှုနှင့်ပတ်သက်၍ အဆောင်ပိုင်ရှင်ဆရာမက
ကျွန်မသိတော့ ၂နာရီ၄၅ မှသိရှိပြီး ဘာကြောင့်သိမြည်ဆိုပါကဆရာမရေမီးမီးလို့အသံနက်ကြီးဖြင့်အော်သံကြောင့်သိရ၍ ကျွန်မတို့နေထိုင်ရာအခန်းအတွင်းမှ ပြေးအထွတ်ပြီး ယခုမီးလောင်သည့်အခန်းအတွင်းမှမီးအနီရောင်မြင်ရ၍လျှောက်လမ်းအတိုင်းသွားရာ ကျွန်မနှင့်အတူ ကျွန်မ တူနှင့် Guite ဆရာမ မသင်းသင်းမြတ်အပါအဝင် သုံးဦးပါရှိခဲ့ပါတယ်။မီးလောင်သည့်အခန်းသို့ရောက်ရှိရာ ဖျာကမီးလောင်ပြီး တစိတ်တပိုင်း တွေ့ရတယ်။ ခေါင်းအုန်းမှလဲများထွတ်နေပါတယ်။ခြင်ထောင်ကမတွေ့ရ ပါ ။ နိုင်လွန်ခြင်ထောင်ဖြစ်နေပါသည်။ဘေးပတ်တွင် စာအုပ်နှင့်အဝတ်ပုံလိုမျိုး မီးကျွးမ်တာတွေ့ရပါသည်။အများကြီးတော့မဟုတ်ပါ လောင်ထားသော ပုံသဏ္ဌန်တွေ့ရပါတယ်။နောက်ပြီး စောင်ကလဲ နဲနဲကျန်တာတွေ့ရှိရပါတယ် ။ ၎င်းအချိန်တွင်ကလေးများမတွေ့ပါ ။ နောက်တော့မှကလေးတွေထိမှန်းသိရတယ် ။
ကလေးများအား ကျွန်မမြင်ချိန်တွင်တခြားအခန်းက ကုတင်ပေါ်ရောက်နေပါတယ် ။ ကုတင်ပေါ်ရောက်ပြီးလက်ကကောက်ကွေးပြီးခြေထောက်က ထောင်ကာ သား ခြေထောက်အောက်ချမရဟုပြောပါတယ်။ဆရာမက လန့်ပြီးအကြောဆိုင်းတာထင်၍ဖြည်းဖြည်းချင်းဆန့်ကြည့်ပါအုန်းပြော၍ဆန့်လို့ရသည်။ရေဆာသည်ဟုပြော၍ရေတိုက်ပြီးဆီများသုပ်လိမ်းကာ လျှောက်လမ်းဘေးတွင် ကွေးကွေးလေး ထိုင်နေသောမြောင်းမြဆေးရုံက မင်းခန့်တင် ဆိုတဲ့ ကလေးတစ်ယောက်အား တွေ့ရှိပါသည်။မင်းခန့်တင် ဆိုတဲ့ကလေးက ပူတယ်ဟု ပြော၍ဆရာမ ကဘယ်ကပူလာသလဲမေးတာ ကြောကုန်းပူလာပြီး အကျီင်္ချွတ်ရန်ပြောကာမရ၍ အကျီင်္ကိုကပ်ကြေးနှင် ညှပ်ပြီး ကြောကုန်းကို ဆီနှင့်သုပ်နေချိန်တွင် ခန့်မင်းစံကိုလမ်းလျှောက်ပြီး အောက်သို့ခေါ်သွား ပါတယ် ။မင်းခန့်တင်အားပြုစု ချိန်မှာ မြောင်းမြဆေးရုံတွင်ကျန်တစ်ယောက်က သားလဲထိတယ်ပြောမှ ဆရာမက ဘယ်သူတွေထိသေးလဲမေးပြီး ယခု ကလေးသုံးယောက်ထိကြောင်းသိရပါတယ် ။အမှန်တကယ် တခန်းတည်းနေသူက ခန့်မင်းစံရယ် မီးမလောင်သည့် ကလေးနှစ်ယောက်ပါ ။ မြောင်းမြဆေးရုံတွင်တတ်နေသော ကလေးနှစ်ယောက်ကယခုမီးလောင်ရာ အခန်းတွင် အလည်သွားအိတ်တာပါ ။ယခုလိုဖြစ်မှဆရာမလဲ ကလေးငါးယောက် စုနေသည်ကို သိရပါတယ် ။ ကြာပီလားမေးတော့မှ ယခုလို လည်အိတ်တာ နှစ်ရက်မြောက်နေ့ဖြစ်ပါတယ်လို့ပြောပါသည် ။
ဆရာမတို့က ယခုမီးလောင်မှုနှင့်ပတ်သက်၍ အစကတော့ ရိုးရိုးပဲထင်တာပါ ။ ဘာဖြစ်ကြောင့်လောင်လဲဆရာမက မပြောနိုင်သေးပါ ဘာကြောင့်လဲဆိုတော့ ကုတင်လဲ မီးမလောင် ကုတင်မှာမီးနဲနဲကျွမ်းတဲ့အမဲကွတ်ကလေးပဲရှိ၍သိမ်းသွားပါတယ် ။ ဘေးမှ ထပ်ဆင့်လောင်နိုင်သော ခေါက်ချိုးချ ပုဆိုးတွေရှိတယ် ။အဲပုဆိုးတွေမလောင်ပဲ တန်းရဲ့အပေါ်ပိုင်းလောင်တယ် ။ လောင်တဲ့နေရာကို တန်းက ပုဆိုးယူပြီး ငြိမ်းသတ်လိုက်ပါတယ် ။
ကလေးသုံးရောက်ထိခိုက်မှုအပေါ် ကျွန်မတို့က ၎င်းကလေးများကြေနပ်သည်အထိ လုပ်ပေးပါမည် ။ အမှုမှန်ပေါ်စေချင်ပါတယ် အမှု မှန်ပေါ်အောင်ဆောင်ရွက်စေချင်ပါတယ် ။အမှုမှန်ပေါ် အောင်ကလေးများဖေါ်မှသိရမည်ဖြစ်၍ ကလေးတွေကို ရဲစခန်းက စစ်ဆေးနေတယ်။
ဘော်ဒါ ဆောင်ရှိကလေးများက အပြင်က ပြောသလိုမျိုး ဘယ်သူမှမပြောကြပါဘူး ။ ကလေးက အအိတ်ကြီးမှုန်း သိပါတယ် တစ်ခုခု သုံးစွဲထားတာ မရှိပါဟု ကလေးများကပြောပါတယ်လို့ပြောတယ်။
အခု လောင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးသွေးရိုးသားရိုးလား တခြားသူလုပ်တာလားတော့မသိပါဟု ပြောကြားပါတယ်။ သက်သေပစ္စည်းဖြောက်ဖျက်ချင်လို့မဟုတ်ပါဘူး။ ကျွန်မက အခန်းတွင်းညစ်ပတ်နေလို့ ရေများဆေးပြီး ထွတ်နေသောလဲများပြန်ထည့်ကာ အားလုံးစုပြီးကလေးများက မည်သူမှ ခိုင်းစေခြင်းမရှိပဲ ကလေးများက အောက်ဆင်း၍အမိုက်ကားပေါ်သွားရောက်စွန့်ပြစ်ခဲ့တာပါ ။ သက်သေပစ္စည်းရှိရင်ကျွန်မတို့အမှုအတွတ် ပိုလို့အစဉ်ပြေပါတယ်ဟု ဆရာမက ဖြေကြားခဲ့ပါတယ်။ ယခု လို သက်သေတွေရှင်သည့်ကိစ္စကို ဦး ကျော်ဌေးဆိုသူက ဖုန်းဆက်ပြောမှ အန်တီတို့မှားသွားသည်ဟု သိရပါတယ် ။ ရဲစခန်းအကြောင်းမကြားဘူးပြောကြတယ်
အဆောင်မှာထဲက ကျွန်မတို့က ရဲစခန်းပို့မည် ။
ဆေးရုံသွားရင်ကောင်းမလားပြောနေကြတယ်။ ကျွန်မကပြောပါတယ် အခုလောက်ဖြစ်နေတာ (PC) ဖြစ်နေသည့်အတွတ်ဆေးရုံးသွားမှရမည် ဟုပြောကာဆေးရုံးသွားပါတယ်။ ဆေးရုံက အကြောင်းကြားမည် ဆိုပြီးသိထားတယ် ။ ရိုးရိုးသားသားပဲ ကျွန်မတို့က ရဲစခန်း ဘာလို့အကြောင်းမကြားလဲ ဆိုတော့ ယခုလိုပဲဖြေကြားပါတယ် ။ ဆေးရုံသို့ ထိုးချခြင်းမဟုတ်ပါ ဟု ပြောပါသည် ။
ဆက်လက်၍မြောင်းမြခရိုင် မီးသတ်တပ်ဖွဲ့သို့ဆက်လက်မေးမြန်ရာ တွင် ကျွန်တော်တို့ ခရိုင်မီးသတ်တပ်ဖွဲ့သို့ ရဲစခန်းမှကနေ သတင်းပေးပို့မှသိရပါတယ် ။သိသိချင်းပဲအခင်းဖြစ်ရာ ဘော်ဒါဆောင်သို့ သွားရောက်စစ်ဆေးရာ မီးလောင်ထားတဲ့ပစ္စည်းများမရှိတော့ပါ ။ သက်သေပစ္စည်းများ မရှိတဲ့အကြောင်းအရင်းက အခင်ဖြစ်ချိန်မှာ ည ၂နာရီ၃၀ခန့်ဖြစ်ပြီး မီးလောင်ကြောင်းသိရှိသည့်အချိန်က နေ့လည် ၁၁ခွဲခန့် ဖြစ်ပါသောကြောင့်ဖြစ်ပါတယ် ဒါနဲ့ ကိုးတန်းကလေး သုံးယောက် ဆေးရုံတတ်ရတယ်ပြော၍သွားရောက်စစ်ဆေးရာ ကလေးနှစ်ရောက်သာ ရှိပြီး ကလေးတစ်ယောက်က မိဘ များသဘောအရ ရန်ကုန်ဆေးရုံသို ခေါ်သွားပြီးကုသပါတယ်လို့ သိရပါတယ် ။ ယခုမီးလောင်မှုကို ခြင်ဆေးခွေကြောင့်မီးလောင်သည်ဟု မသက်မှတ်ပါ ဘူး ဘာကြောင့်လဲဆိုတော့  မီးလောင်ထားတဲ့ပစ္စည်းများမရှိတော့တာကြောင့်ဖြစ်ပါတယ် ။ ခြင်ဆေးခွေကြောင့်မီးလောင်တယ်လို့ ရဲက သတ်မှတ်ခြင်းမဟုတ်ပါ ။ မြောင်းမြဆေးရုံတွင်တတ်နေသော ကလေး နှစ်ယောက်ရဲ့ပြောကြားချက်ဖြစ်ပါတယ်
ပုဒ်မ ၂၈၅ ဖြစ်၍ရဲအရေးပိုင်သည့်အတွတ်ကျွန်တော်မသိပါ။အခင်းဖြစ်သည့်နေရာတွင်ပြောင်တလင်းခါနေသည့်အတွတ် မီးလောင်မှုမဟုတ်ပါ ။ cosd of fire ကို သိချင်ရင်တော့ အုပ်ချုပ်ရေးမှုးသိပါလိမ့်မယ်ဟု မြောင်းမြခရိုင်မီးသတ်ဦးစီးမှုးမှပြောကြားခဲ့ပါသည် ။
****ထပ်ဆင့်ပြီး မြောင်းမြရဲစခန်းမှု ၁၄.၆.၂၀၁၇ ရက်နေ့သတင်းအရ သွားရောက်စစ်ဆေးဖို့အတွတ်မီးသတ်ကိုခေါ်ကာအခင်းဖြစ်နေရာကို သွားရောက်စစ်ဆေး၍ လုပ်ထုံးလုပ်နည်းနှင့်အတူမီးသတ်က အမှုဖွင့်ခဲ့ပါတယ် ။ အမှုဖွင့်တဲ့အပေါ်မှာ ဘယ်သူဘယ်ဝါ တရာခံအဖြစ်အမှန်ဖြစ်တယ်ဆိုတာ စုံစမ်းဖေါ်ထုပ်ဆဲပါ ။ ကျွန်တော်လုပ်ရမည့် လုပ်ငန်းတာဝန်တွေကိုလဲ ရှေ့ဆက်ပြီး ဆောင်ရွက်မှာဖြစ်ပါတယ် ။ တပ်ဖွဲ့ဝင်တွေကလဲ အဖွဲ့ (မ၉၀) ဖွဲ့ပြီး ကျွန်တော်အပါအဝင် အပိုင်နယ်ထိမ်းများနဲ့လွှတ်ကာဒီအမှုကို အမှုမှန်ပေါ်အောင်စုံစမ်းဖေါ်ထုပ်နေပါတယ်။ အမှုမှန် ဖေါ်ထုပ်နေချိန်မှာ တရားခံဘယ်သူဘယ်ဝါ ဆိုတာ ထုပ်ဖေါ်ပြောဖို့ အချိန်လေးစောင့်ပေးပါ ။ ဒီအမှုနဲ့ပတ်သက်ပြီးအခင်းဖြစ်နေရာကို သွားကြည့်ပါတယ် မီးသတ်ဦးစီးဌာနက မီးလောင်တဲ့အကြောင်းတရားအပေါ်အောင်ချပြပြီး အခင်းစတင်ဖြစ်တဲ့နေရာနဲ့ပတ်သက်ပြီး ပေါ့ဆမီးလို့အမှုဖွင့်ထားပါတယ် ။ ဘယ်သူဘယ်ဝါ စွတ်စွဲခြင်းမရှိပါ ။ အမှုမှန်ပေါ်ဖို့ကြိုးစားနေပါတယ်။ ကျွန်တော်တို့အနေနဲ့က အပြင်မှာထွတ်နေတဲ့သတင်းက ကောလ ဟာလ ဖြစ်နေပါတယ် ။ မီးလောင်သေဆုံးမှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်အောင်စုံစမ်းဖေါ်ထုပ်နေမှာပါ ။ ကလေးသေဆုံးမှုအပေါ် သားသမီးချင်းစာနာ၍စိတ်မကောင်းဖြစ်မိတာအမှန်ပါ ။ သေဆုံးတဲ့ကလေးနဲ့ပတ်သက်ပြီး အဓိကထားပြီး အမှုဖွင့်ထားခြင်း မဟုတ်ပါဘူး ။ မီးသတ်ဦးစီး ဌာန ရဲ့ မီးလောင်စဉ်ဖြစ်တဲ့အချိန်မှာ မီးစတင်လောင်တဲ့အတွတ် အမှုဖွင့်ထားခြင်းသာဖြစ်ပါတယ်။ ကျွန်တော့အနေနဲ့မစွတ်စွဲနိုင်ပါဘူး ။
မြောင်းမြမြို့မ ရဲစခန်းမှ ပ
၂၈၅ /၃၃၇ /၃၃၈ နဲ့စတင်အမှုဖွင့်ပြီး
၂၀.၆.၂၀၁၇ နေ့ကလေးသေဆုံးမှုနဲ့ပတ်သက်ပြီး
ပ၂၈၅ /၃၃၇ /၃၀၄(က ) နဲ့အမှုဖွင့်စုံစမ်းစစ်ဆေးနေပါတယ် ။
မင်းသွေးထက်ဧရာဝတီ
https://www.facebook.com/permalink.php?story_fbid=1807035989611369&id=100009149578132
No comments:
Post a Comment