Latest News

Tuesday, June 6, 2017

အိန္ဒိယက မီဂါဒုံးပျံလွှတ်တင်ပြီး အာကာသစွမ်းရည်ကို ပြသ

အိန္ဒိယက မီဂါဒုံးပျံလွှတ်တင်ပြီး အာကာသစွမ်းရည်ကို ပြသ

အိန္ဒိယသည် ၎င်း၏ပြည်တွင်းထုတ် ဒုံးပျံများအနက် စွမ်းအားအမြင့်ဆုံးဒုံးပျံကို ဇွန် ၅ ရက်က အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။ ယင်းဖြစ်စဉ်သည် အာကာသထဲသို့ တစ်နေ့လူလွှတ်နိုင်ရမည်ဆိုသည့် ရည်မှန်းချက်ဖြင့် လုပ်ဆောင်နေသော အိန္ဒိယအာကာသ စီမံကိန်းအတွက် နောက်ထပ်သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာခဲ့သည်။

၄၃ မီတာ (၁၄၀ ပေ) မြင့်ပြီး တန်ချိန် ၆၄၀ လေးသောဒုံးပျံကို နိုင်ငံတောင်ပိုင်း သီရိဟာရီကိုတာကျွန်းမှ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၂၈ မိနစ်က လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ “GSLV-MK IIID 1/GSAT-19 မစ်ရှင်ကြောင့် အိန္ဒိယဟာ နောက်ထပ်မျိုးဆက်သစ် လွှတ်တင်ရေးယာဉ်နဲ့ ဂြိုဟ်တုစွမ်းရည်ရရှိဖို့ နီးကပ်လာပြီဖြစ်ပါတယ်။ နိုင်ငံအတွက် ဂုဏ်ယူစရာပါ” ဟု အိန္ဒိယ၀န်ကြီးချုပ် နရင်ဒရာမိုဒီက ပြောကြားခဲ့သည်။

ဥရောပ ဒုံးကျည်အင်ဂျင်များအပေါ် မှီခိုနေရမှုအား လျှော့ချရေးအတွက် အားကောင်းသော ဒုံးအင်ဂျင်ကို ထုတ်လုပ်နိုင်ရန် အိန္ဒိယအင်ဂျင်နီယာများသည် နှစ်ပေါင်း ၂၀ ကျော်ကြာ ကြိုးပမ်းခဲ့ကြရသည်။

ယခုလွှတ်တင်လိုက်သည့် GSLV MK III ဒုံးပျံက မြင့်သောကမ္ဘာ့ပတ်လမ်းထဲသို့ ပို့မည့်သုံးတန်ကျော်လေးသော ဂြိုဟ်တုတစ်လုံးကို သယ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်သည် အခြားသော အာကာသ အင်အားကြီးနိုင်ငံများကဲ့သို့ ပိုမိုလေးလံသည့်ဝန်များကို သယ်ဆောင်နိုင်ရန် ကြိုးပမ်းရုန်းကန်နေရသော အိန္ဒိယအတွက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်လာသည်။

Eleven Media Group

No comments:

Post a Comment