Latest News

Thursday, June 22, 2017

ဧရာဝတီလင်းပိုင် တစ်ကောင်အား မတ္တရာမြို့နယ်ရှိ ဧရာဝတီ မြစ်ကမ်းတွင် သေဆုံးလျှက် တွေ့ရှိ

ဧရာဝတီလင်းပိုင် တစ်ကောင်အား မတ္တရာမြို့နယ်ရှိ ဧရာဝတီ မြစ်ကမ်းတွင် သေဆုံးလျှက် တွေ့ရှိ



ရန်ကုန်၊ ဇွန် - ၂၂
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာ အနောက် ဘက်ရှိ ဧရာဝတီ မြစ်ကမ်းတွင် ဇွန်လ ၂၁ ရက်နေ့ က ဧရာဝတီလင်းပိုင် တစ်ကောင် သေဆုံး လျက် တွေ့ရှိခဲ့တယ်လို့ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) က ထုတ်ပြန်ခဲ့ပါတယ်။

မတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူများ၊ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး တာဝန်ရှိသူများနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာ နိုင်ငံ အစီအစဉ်) မှ  ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး တာဝန်ရှိသူများက အဆိုပါ ဧရာဝတီလင်းပိုင် သေဆုံးမူကို စစ်ဆေးခဲ့ပြီး အသက်ကြီး၍ သေဆုံးမှု ဟု ယူဆထားပါသည်။

အဆိုပါ ဧရာဝတီလင်းပိုင် ကို ခွဲစိတ်၍ လေ့လာကြည့်ရာတွင် အစာအိမ်ထဲ ၌ ငါးတစ်ကောင်ကို အကောင်လိုက် မြိုချထားသည်ကို တွေ့ရှိရပြီး လင်းပိုင် ၏ ခန္ဓာကိုယ် အပေါ်တွင် ဒဏ်ရာများ မတွေ့ရှိရဘဲ အသက်အရွယ် မှာ ၃၀ နှစ်ခန့် ဖြစ်ပြီး အသက်ကြီးပိုင်း အကောင်အဖြစ် ခန့်မှန်းထားပါတယ်။

သေဆုံးသွားသော ဧရာဝတီလင်းပိုင် မှာ အထီး ဖြစ်ပြီး အရှည်မှာ ၆ ပေ
၃ လက်မ ရှိ၍ လုံးပတ် အရွယ်အစားမှာ ၄၁ လက်မ ရှိပြီး ရှေ့ ရေယက်မှာ ၁၀ လက်မ ရှည်၍ အမြီး အရှည်မှာ ၂၁ လက်မ ရှည်တယ်လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ် မေလအတွင်း ကလည်း မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့ နယ်၊ မြစ်ကမ်းကြီးကျေးရွာ အနီးတွင်လည်း ဧရာဝတီလင်းပိုင် တစ်ကောင် သေဆုံးလျက် ရှိနေတာကို တွေ့ရှိခဲ့ပါတယ်။

ဧရာဝတီလင်းပိုင် များကို အရှေ့တောင်အာရှရှိ ပင်လယ်ကမ်းစပ်နှင့် မြစ်ဝများတွင် တွေ့ရပြီး အထူးသဖြင့် မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံ တို့တွင် အတွေ့ရများသည်။စစ်တမ်း ကောက်ယူမှု အရ ၂၀၁၅ ခုနှစ် တွင် မန္တလေး နှင့် ဗန်းမော် ကြား အကောင်ရေ ၅၈ ကောင် သာ တွေ့ရှိခဲ့ပြီး ၂၀၀၄ ခုနှစ် ကောက်ယူထားသော စစ်တမ်းများ အရ ၇၂ ကောင် မှ လျော့ နည်းလာခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ် တွင် ဧရာဝတီလင်းပိုင် ကောင်ရေ စစ်တမ်း ကောက်ယူမှုကို ဖေဖော်ဝါရီလ ၆ ရက်နေ့ မှ ၁၆ ရက်နေ့ ထိ ဧရာဝတီ မြစ်တွင်း မန္တလေး မှ ဗန်းမော်မြို့ ထိ စစ်တမ်း ကောက်ယူမှုအတွင်း ကောင်ရေ (၆၉) ကောင် အတည်ပြုနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မင်းထွန်း(အုတ်ကျင်း)

MI Media

No comments:

Post a Comment