ဖေ့စ်ဘွတ်ပေါ်မှာ ဒီအချက်အလက်တွေတင်ရင် ဒုက္ခရောက်နိုင်တယ်
လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွေကတော့ အမျိုးမျိုးရှိတာပေါ့။ ပြည်တွင်းမှာ အများဆုံးသုံးတာကတောာ့ ဖေ့စ်ဘွတ်နဲ့ အင်စတာဂရမ်တို့ပါ။ တစ်ခုခုဆိုရင် အွန်လိုင်းပေါ်တင်လိုက်ရမှဆိုတဲ့လူတွေကို သတိပေးချင်တာက ကိုယ့်ရဲ့အကြောင်းတွေကို သတိထားပြီးတင်ပါလို့ ပြောချင်တယ်။
အထူးသဖြင့်တော့ ဒီအချက်အလက်တွေကို လုံးဝ မတင်ပါနဲ့။ ကိုယ့်ဒုက္ခကို ကိုယ်တိုင်ဖိတ်ခေါ်သလို ဖြစ်သွားပါလိမ့်မယ်။
၁။ ယာဉ်မောင်းလိုင်စင်အသေးစိတ်
တချို့တွေက ယာဉ်မောင်းလိုင်စင်ရပြီဆိုရင် ဝမ်းသာအားရနဲ့ ဖေ့စ်ဘွတ်ပေါ် တင်တတ်ကြတယ်။ "လိုင်စင်ရပြီတို့ဘာတို့" ၊ "ဒရိုင်ဘာဖြစ်ပြီကွ"တို့လို အစချီတဲ့ စာသားလေးတွေနဲ့အတူ ဝမ်းသာအားရ တင်ကြတယ်။ ဒရိုင်ဘာလိုင်စင်မှာ ကိုယ့်ရဲ့ မွေးနေ့၊ မှတ်ပုံတင်နံပတ်၊ ဓာတ်ပုံနဲ့ အခြားသော ပုဂ္ဂိုလ်ရေးအချက်အလက်တွေ ပါဝင်နေပါတယ်။ ဒါကို ဖေ့စ်ဘွတ်ပေါ်မှာ တင်လိုက်ရင် သူများတွေ အလွယ်တကူ အတုလုပ်ဖို့ လွယ်သွားပါလိမ့်မယ်။ နောက်တစ်ခုကတော့ ဖေ့စ်ဘွတ်အကောင့် လော့ကျသွားရင် ယာဉ်မောင်းလိုင်စင်နဲ့ လော့ပြန်ဖြည်လို့ရတာဆိုတော့ ကိုယ့်အကောင့်လေးဟာ ကြည့်မရသူတွေ လက်တည့်စမ်းဖို့ ဖြစ်သွားနိုင်ပါတယ်။
၂။ ခရီးစဉ်အသေးစိတ်နဲ့ နေရာ
ပိတ်ရက်လေးရလို့၊ အနားယူချင်လို့ ခရီးသွားမယ်ဆို ခရီးစဉ်အသေးစိတ်ကို ဖေ့စ်ဘွတ်ပေါ်မှာ အစီရင်ခံစရာမလိုပါဘူး။ ဘယ်နေ့မှာ ဘယ်လေယာဉ်နဲ့ ဘယ်ကိုသွားမယ်၊ ဘယ်မှာတည်းမယ်၊ ဘယ်နှစ်ရက်နေမယ် စတာတွေက လုံးဝမပြောသင့်တဲ့ အချက်အလက်တွေပါ။ တစ်ယောက်ယောက်ကို သိစေချင်ရင် မက်ဆေ့ဘောက် ဒါမှမဟုတ် ဖုန်းနဲ့အသိပေးလို့ရနေတာပဲလေ။ ကိုယ်က အိမ်မှာမရှိဘူးဆိုတာကိုသိသွားတဲ့အခါ ဖောက်ထွင်းဝိဇ္ဇာတို့က ဂွင်တစ်ခုတွေ့တာပဲပေါ့။ နောက်တစ်ချက်က ကိုယ့်ကို ရန်ပြုချင်သူတွေအတွက်လည်း ကြိုပြင်ဆင်ခွင့်ပေးသလို ဖြစ်သွားနိုင်တယ်။
၃။ ဘဏ်အကောင့်
ဘဏ်အကောင့်နဲ့ ATM ကတ် နံပါတ်ကိုလည်း လွယ်လွယ်ကူကူ ထုတ်ပြောနေတာ သိပ်မဟုတ်ဘူးနော်။ ဒီမှာက ဘဏ်အကောင့်ဟက်တာတွေ သိပ်ပြီးမကြားဖူးလို့သာ တင်နေကြတာ။ တကယ်တမ်း ဟက်ကာတွေက ကိုယ့်ရဲ့ဘဏ်အကောင့်နံပတ်ကိုမြင်ပြီး တစ်ခုခုလုပ်ချင်ရင် အလွယ်လေးရယ်။
Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment