ဂရန်းဖဲလ်တာဝါ မီးလောင်မှုကြောင့် အခုချိန်ထိ လူ ၆၅ ဦး ပျောက်ဆုံးနေဆဲ
လန်ဒန်မြို့ ဂရန်းဖဲလ်တာဝါ မီးလောင်မှုကြောင့် အခုချိန်ထိ လူ ၆၅ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း The Sun သတင်းစာကိုကိုးကားပြိး ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။
သေဆုံးသူ ၁၇ ဥိးနဲ့ ဒဏ်ရာရသူ ၇၈ ဥိး ရှိတယ်လို့ အာဏာပိုင်တွေက အစောပိုင်းက သတင်းထုတ်ပြန်ထားပြီးဖြစ်ပါတယ်။
ဇွန်လ ၁၄ ရက် ကြာသပတေးမနက် ၁ နာရီလောက်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြိး လူအမြောက်အများဟာ ပြတင်းပေါက်တွေကနေတစ်ဆင့် အရေးပေါ်အကူအညီအတွက် ဖုန်းခေါ်ခဲ့ကြတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
အဲ့ဒီအဆောက်အဥိးမှာ အထပ် ၂၄ ထပ်ရှိပြီး လူ ၅၀၀ ကျော် ၆၀၀ နီးပါးလောက် နေထိုင်ပါတယ်။
၎-ထပ်မြောက်ကနေ မီးစတင် လောင်ကျွမ်းခဲ့ပြီးနောက် မိနစ်ပိုင်းအတွင်း အထပ်အားလုံးကို ကူးစက်ခဲ့တာဖြစ်ပါတယ်။
မီးလောင်မှု ပြင်းထန်လွန်းတဲ့အတွက် ဘာ့ကြောင့် မီးလောင်ခဲ့သလဲဆိုတဲ့ အကြောင်းရင်းကို ချက်ချင်းစုံစမ်းဖေါ်ထုတ်ဖို့ ၀န်ကြိးချုပ်ထရီဇာမေက တာဝန်ရှိသူတွေကို အမိန့်ပေးထားပါတယ်။
လန်ဒန်မီးသတ်ဌာနကတော့ ဘာ့ကြောင့်မီးလောင်ကျွမ်းခဲ့သလဲဆိုတဲ့ အကြောင်းရင်းကို အတိအကျသိရဖို့ စောလွန်းနေသေးကြောင်း ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
Aye Aye Mon
Subscribe to:
Post Comments (Atom)
No comments:
Post a Comment