Latest News

Wednesday, June 28, 2017

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ၂၀၁၆-၂၀၁၇ ဗုဒ္ဓပူဇနိယ ပွဲတော်ကာလအတွင်း ဘဏ္ဍာငွေ ကျပ် ၃ ဒသမ ၅၇ ဘီလျံ တိုးတက်ရရှိခဲ့ကြောင်း ၀န်ကြီးဌာန ထုတ်ပြန်

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ၂၀၁၆-၂၀၁၇ ဗုဒ္ဓပူဇနိယ ပွဲတော်ကာလအတွင်း ဘဏ္ဍာငွေ ကျပ် ၃ ဒသမ ၅၇ ဘီလျံ တိုးတက်ရရှိခဲ့ကြောင်း ၀န်ကြီးဌာန ထုတ်ပြန်


မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ၂၀၁၆-၂၀၁၇ ဗုဒ္ဓပူဇနိယ ပွဲတော်ကာလအတွင်း ဘဏ္ဍာတော် ငွေကျပ် ၃ ဒသမ ၅၇ ဘီလျံ တိုးတက်ရရှိခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါထုတ်ပြန်ချက်တွင် ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၂ ရက်တွင် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကို ဖျက်သိမ်းခဲ့ပြီး ဂေါပကအဖွဲ့အသစ်ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ ဂေါပကအဖွဲ့ စည်းမျဉ်းအသစ်ရေးဆွဲ၍ လုပ်ငန်းများအောင် မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဘဏ္ဍာတော်ငွေရရှိခဲ့မှုနှင့် ပတ်သက်၍ ၂၀၁၅-၂၀၁၆ ဗုဒ္ဓပူဇနိယ ပွဲတော်ကာလနှင့် ၂၀၁၆-၂၀၁၇ ဗုဒ္ဓပူဇနိယပွဲတော်ကာလ နှိုင်းယှဉ်ဖော်ပြထားပြီး ယခင်က တောင်တော်ဖွင့်ပွဲတွင် ကျပ် ၁၂၇ သိန်းသာရရှိခဲ့သော်လည်း ယခုအခါ ကျပ် ၈၄၄ သိန်းရရှိခဲ့သည့်အတွက် တိုးတက်မှုအနေဖြင့် ကျပ် ၇၁၇ သိန်းရှိခဲ့ကြောင်း၊ ယခင်က အလှူခံပုံးများမှ တစ်နှစ်စာ ကျပ် ၄၀၈ သိန်းသာရရှိခဲ့သော်လည်း ယခုအခါ ရှစ်လတာကာလအတွင်း ကျပ် ၄၉၆၃ သိန်း ရရှိခဲ့သည့်အတွက် တိုးတက်မှုအနေဖြင့် ကျပ် ၄၅၅၂ သိန်းရှိခဲ့ကြောင်း၊ ယခင်က ရွှေဆိုင်းလုပ်ငန်းမှ တစ်နှစ်စာ ကျပ် ၆၃၈ သိန်းသာ ရရှိခဲ့သော်လည်း ယခုအခါ ရှစ်လတာကာလအတွင်း ကျပ် ၈၉၇၇ သိန်းရရှိခဲ့သည့်အတွက် တိုးတက်မှုအနေဖြင့် ကျပ် ၈၃၃၉ သိန်း ရှိခဲ့ကြောင်း၊ ယခင်က ဆည်းလည်းလုပ်ငန်းမှ ကျပ် ၁၆၇ သိန်းသာရရှိခဲ့သော်လည်း ယခုအခါ ရှစ်လတာကာလအတွင်း ကျပ် ၁၂၉၉ သိန်း ရရှိခဲ့သည့်အတွက် တိုးတက်မှုအနေဖြင့် ကျပ် ၁၁၃၂ သိန်းရှိခဲ့ကြောင်း၊ ယခင်က စေတီတော်ကြီး၏ ရန်ပုံငွေ ကျပ် ၁ ဒသမ ၆ ဘီလျံသာရှိခဲ့ရာမှ ယခုအခါ ကျပ် ၅ ဒသမ ၁၇ ဘီလျံရှိခဲ့သည့်အတွက် တိုးတက်မှုအနေဖြင့် ကျပ် ၃ ဒသမ ၅၇ ဘီလျံရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ပြုလုပ်လေ့ရှိသော ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယ ပွဲတော်ကာလအတွင်း ပြည်တွင်းဘုရားဖူးများအပြင် နိုင်ငံခြားသားခရီးသွားများ၊ ဘုရားဖူးများလည်း အများအပြား လာရောက်လေ့ရှိသည်။
ဘိုဘိုမြင့်
Eleven Media Group

No comments:

Post a Comment