Latest News

Tuesday, June 6, 2017

ရခိုင်ပြည်နယ် နယ်ခြားစောင့် ရဲစခန်းတွေတိုက်ခိုက်မှု ၁၆ နှစ်အောက်ကလေး ခြောက်ဦးပါဝင်


ရခိုင်ပြည်နယ် နယ်ခြားစောင့် ရဲစခန်းတွေတိုက်ခိုက်မှု ၁၆ နှစ်အောက်ကလေး ခြောက်ဦးပါဝင်

နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ခဲ့တာပါ။

မောင်တောမြို့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ကင်းလှည့်နေကြစဉ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေက နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းတွေကို တိုက်ခိုက်ရာမှာ အသက် ၁၆ နှစ်အောက်ကလေး ခြောက်ဦး ပါဝင်ခဲ့တယ်လို့  ဇွန်လ ၅ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒီလို နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းတွေ တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတုန်းမှာ နိုဝင်ဘာလ ၁၂ ရက်နေ့က မရင်းတောင်ခြေနဲ့ ဂွဆုံရွာနားတို့မှာ ရဲတပ်ဖွဲ့ဝင်တွေကို အကြမ်းဖက်သမားများက တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ ပါဝင်သူတွေကို ပြစ်မှုပုဒ်မ ၃၀၂/ ၃၃၃/၃၃၇ ၊ လက်နက်များ (ယာယီပြင်ဆင်ချက်) အက်ဥပဒေ ၁၉ (က)၊ မတရားအသင်း အက်ဥပဒေ ၁၇(၁)/၁၇(၂) တို့နဲ့ အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်ဖမ်းဆီးခဲ့ပါတယ်။

ဒီလိုဖမ်းဆီးရမိခဲ့တဲ့အထဲမှာ အသက်၁၂ နှစ်ကနေ ၁၆ နှစ်အောက်ခြောက်ယောက်ပါဝင်ခဲ့ပြီး အဆိုပါ ကလေးသူငယ်တရားခံ ခြောက်ဦးကို မောင်တောမြို့နယ်တရားသူကြီးရဲ့ ထိန်းသိမ်းခွင့်နဲ့ ဘူးသီးတောင်မြို့နယ်ရှိ အမှတ်၃ နယ်ခြားစောင့်ရဲတပ်ဖွဲ့(ခွဲ) မှာ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးနဲ့အညီ ထိန်းသိမ်းထားရှိခဲ့တယ်လို့ သိရပါတယ်။

ထိန်းသိမ်းခံထားရတဲ့ ကလေးငယ်တွေထဲက အသက် ၁၃ နှစ်ကနေ ၁၅ နှစ်ရှိပတ်ဝန်းကျင်ရှိတဲ့သူတစ်ဦးက အစာအိမ်ရောဂါ ခံစားနေရလို့ ၂၀၁၇ ခုနှစ်ဇန်နဝါရီလက  ဘူးသီးတောင်ဆေးရုံမှာ ဆေးကုသမှုခံယူနေတုန်း ဖေဖော်ဝါရီ ၂ ရက်နေ့ညနေ ၆ နာရီခွဲလောက်မှာ နှလုံးအရည်စုခြင်းကြောင့် သွေးလန့်သေဆုံးခဲ့တယ်လို့ အတိုင်ပင်ခံရုံးရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကျန်ရှိနေတဲ့ ကလေးသူငယ်ငါးဦးကို ဘူးသီးတောင်မြို့နယ် ကလေးသူငယ်တရားရုံးမှာ ကလေးသူငယ်တရားသူကြီး ဦးဘသောင်းက အမှုစစ်ဆေးမှုကို ပွင့်လင်းမြင်သာစွာ စစ်ဆေးနေတယ်လို့ ဖော်ပြထားပါတယ်။
Source : The voice:Duwun
Photos : 7Day,rfa

No comments:

Post a Comment