ချန်ပီယံလိဂ် အကောင်းဆုံး အသင်းစာရင်းကို ယူအီးအက်ဖ်အေ ထုတ်ပြန်
မက်ဒရစ်၊ ဇွန် ၇
ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)သည် ၂၀၁၆-၁၇ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ အကောင်းဆုံး အသင်းစာရင်းကို ထုတ်ပြန် ကြေညာလိုက်ပြီဖြစ်ရာ ယင်းအသင်းတွင် ရီးရဲလ်မက်ဒရစ်က ကစားသမား ရှစ်ဦးဖြင့် အရေအတွက် အများဆုံး ပါဝင်ခဲ့ကြောင်း UEFA က ဖော်ပြထားသည်။
ယူအီးအက်ဖ်အေသည် ၁၈ ဦး လူစာရင်းဖြင့် ချန်ပီယံလိဂ် အကောင်းဆုံးအသင်းကို ရွေးချယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ ယင်းလူစာရင်းတွင် ရီးရဲလ်မက်ဒရစ်အသင်း ကိုယ်စားပြု ကစားသမားများအဖြစ် ပါဝင်လာခဲ့ကြသူများမှာ စီရော်နယ်ဒို၊ အစ္စကို၊ မိုဒရစ်၊ ကာဆီမီရို၊ တိုနီခရူးစ်၊ ရာမို့စ်၊ မာဆယ်လိုနှင့် ကာဗာဂျယ်လ်တို့ဖြစ်ကြသည်။
ရီးရဲလ်မက်ဒရစ်၏နောက်တွင် ကစားသမား အရေအတွက် သုံးဦးစီဖြင့် အက်သလက်တီကိုနှင့် ဂျူဗင်တပ်တို့က ပူးတွဲ ရပ်တည်ခဲ့ကြပြီး အက်သလက်တီကိုအသင်း ကိုယ်စားပြု ကစားသမားများအဖြစ် ချန်ပီယံလိဂ် အကောင်းဆုံးအသင်းတွင် ထည့်သွင်း ရွေးချယ်ခံခဲ့ကြရသူများမှာ ဂိုးသမား အော့ဘ်လတ်ခ်၊ နောက်ခံလူ ဂိုဒင်နှင့် တိုက်စစ်မှူး ဂရစ်ဇ်မန်းတို့ဖြစ်ကြသည်။
ချန်ပီယံလိဂ် အကောင်းဆုံးအသင်းတွင် ဂျူဗင်တပ်အသင်း ကိုယ်စားပြု ကစားသမားများအဖြစ် ပါဝင်လာခဲ့ကြသူများမှာ ဂိုးသမား ဘူဖွန်၊ နောက်ခံလူ ဘိုနုချီနှင့် ကွင်းလယ်လူ ပီဂျာနစ်တို့ဖြစ်ကြပြီး ဘာစီလိုနာအသင်း ကစားသမားများအနက်ကမူ ချန်ပီယံလိဂ် တစ်နှစ်တာ အကောင်းဆုံးအသင်းတွင် ထည့်သွင်း ရွေးချယ်ခြင်းခံရသူမှာ တိုက်စစ်မှူး မက်ဆီတစ်ဦးတည်းသာရှိခဲ့သည်။
၂၀၁၆-၁၇ ဘောလုံးရာသီ ချန်ပီယံလိဂ် အကောင်းဆုံးအသင်း
ဂိုး - ဘူဖွန်(ဂျူဗင်တပ်)၊ အော့ဘ်လတ်ခ်(အက်သလက်တီကို)
ခံစစ် - ဘိုနုချီ(ဂျူဗင်တပ်)၊ ကာဗာဂျယ်လ်(ရီးရဲလ်မက်ဒရစ်)၊ မာဆယ်လို(ရီးရဲလ်မက်ဒရစ်)၊ ရာမို့စ်(ရီးရဲလ်မက်ဒရစ်)၊ ဂိုဒင်(အက်သလက်တီကို)
ကွင်းလယ် - ကာဆီမီရို(ရီးရဲလ်မက်ဒရစ်)၊ တိုနီခရူးစ်(ရီးရဲလ်မက်ဒရစ်)၊ မိုဒရစ်(ရီးရဲလ်မက်ဒရစ်)၊ အစ္စကို(ရီးရဲလ်မက်ဒရစ်)၊ ပီဂျာနစ်(ဂျူဗင်တပ်)၊ ဘာကာယိုကို(မိုနာကို)
တိုက်စစ် - စီရော်နယ်ဒို(ရီးရဲလ်မက်ဒရစ်)၊ မက်ဆီ(ဘာစီလိုနာ)၊ ဂရစ်ဇ်မန်း(အက်သလက်တီကို)၊ ဘတ်ပီ(မိုနာကို)၊ လီဝန်ဒေါစကီး(ဘိုင်ယန်မြူးနစ်)
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment