Latest News

Friday, June 2, 2017

ရခိုင်တွင် မြို့ဝင်ဘီးခွန်ကောက်ခံမှုကို ဇွန်လ ၁ ရက်ကစ၍ ဖျက်သိမ်း

ရခိုင်တွင် မြို့ဝင်ဘီးခွန်ကောက်ခံမှုကို ဇွန်လ ၁ ရက်ကစ၍ ဖျက်သိမ်း

ရခိုင်ပြည်နယ်ရှိ မြို့နယ်စည်ပင်သာယာရေး အဖွဲ့များက လေလံတင် ရောင်းချထားသော မြို့ဝင်ဘီးခွန်ကောက်ခံမှုကို ဇွန်လ ၁ ရက်ကစတင်ကာ ဖျက်သိမ်းပြီဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က ပြောသည်။
မြို့ဝင်ဘီးခွန်ကောက်ခံမှု ကင်းလွတ်ခွင့်ကို မေလ ၁၆ ရက်   တွင်ပြုလုပ်သည့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

‘‘မြို့ဝင်ကြေးကောက်တာ တွေကို ပြည်သူတွေဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့အတွက် ဒီနှစ်မှာဖျက် သိမ်းတာ ဖြစ်တယ်’’ဟု ရခိုင်ပြည် နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဦးမင်းအောင်က ပြောသည်။ မြို့ဝင် ဘီးခွန်ကောက်ခံမှုများ ဖျက်သိမ်းသဖြင့်လေလံအောင်ထားသူများ ပေးသွင်းထားသည့် ငွေများကို သက်ဆိုင်ရာစည်ပင်သာယာရေး အဖွဲ့များက ပြန်လည်ပေးအပ်မည်ဖြစ်သည်။ ‘‘မြို့ဝင်ဘီးခွန်ကိစ္စနဲ့ပတ် သက်ပြီး ရခိုင်မှာမကြာခဏပြဿ နာပေါ်နေပါတယ်။ အခုလို ကင်း လွတ်ခွင့်ပေးလိုက်တော့ ပြည်သူ တွေလည်း အသက်ရှူနည်းနည်း ချောင်သွားတာပေါ့’’ဟု ဘူးသီး တောင်မြို့ခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ် များတွင် ယခု (၂၀၁၇-၁၈) ဘဏ္ဍာနှစ်အတွက် မြို့ဝင်ဘီးကောက် လိုင်စင် စုစုပေါင်း ၁၉ ခုကို ကျပ်သိန်း ၉၀၀ ကျော်ဖြင့် ရောင်းချခဲ့ သည်။

7Day News Journal

No comments:

Post a Comment