Latest News

Friday, June 2, 2017

လိုင်စင်မဲ့ကားတွေနဲ့ ပတ်သက်ပြီး ကျောသား ရင်သားမခွဲခြားဘဲ အရေးယူနေတယ်လို့ဆို

လိုင်စင်မဲ့ကားတွေနဲ့ ပတ်သက်ပြီး ကျောသား ရင်သားမခွဲခြားဘဲ အရေးယူနေတယ်လို့ဆို

မွန်ပြည်နယ်မှာ လိုင်စင်မဲ့ယာဉ်အသုံးပြုသူတွေကို ဖမ်းဆီးအရေးယူတဲ့အခါ လူပုဂ္ဂိုလ်မရွေး၊ အဖွဲ့အစည်းမရွေုး ဖမ်းဆီးအရေးယူနေတယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့က လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောကြားလိုက်ပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့လိုင်စင်မဲ့ယာဉ်တွေထဲမှာ အများပြည်သူတွေစီးတဲ့ ယာဉ်တွေသာမကဘဲ အဖွဲ့အစည်းပေါင်းစုံကယာဉ်တွေ၊ ဝန်ထမ်းတွေ၊ လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့တွေက ယာဉ်တွေပါ ပါဝင်တယ်လို့ သိရပါတယ်။

၂၀၁၆ ခုနှစ်တုန်းက မွန်ပြည်နယ်မှာ လိုင်စင်မဲ့ယာဉ်အစီးရေ(၃၀၀)ကျော်၊ ၂၀၁၇ မှာတော့ (၁၂၂) စီးဖမ်းဆီးရမိခဲ့တယ်လို့ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းတွေအရ သိရပါတယ်။
လိုင်စင်ရှိတဲ့ယာဉ်တွေနဲ့နှိုင်းယှဉ်ရင်တော့ လိုင်စင်မဲ့ယာဉ်တွေဟာ ဈေးနှုန်းအဆန်မတန်နည်းနေတဲ့ အတွက် လိုင်စင်မဲ့ယာဉ်တွေကို အသုံးပြုနေကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Source : MMK
Photo : DVB
Duwun

No comments:

Post a Comment