ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ တည်ဆောက်မှုကြောင့် ဆန္ဒပြခံရမှာမကြောက်ဟု ဦးဝင်းထိန်ပြောကြား
လျှပ်စစ်မီးရရှိရန် ကျောက်မီးသွေးဓာတ်အားပေး စက်ရုံများ ဆောက်လုပ်ရန် အစိုးရသို့ တိုက်တွန်းထားပြီး ကျောက်မီးသွေးစက်ရုံတည်ဆောက်ခြင်း နှင့်ပတ်သက်၍ ဆန္ဒပြခံရခြင်းကို မကြောက်ကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြား သည်။
ဇွန်လ ၇ ရက်က နေပြည် တော်ရှိ Kempinski ဟိုတယ်တွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝန်ဆောင်မှုအသင်းက ဦးဆောင် ကျင်းပသည့် မြန်မာနိုင်ငံ၏ လျှပ် စစ်ကဏ္ဍဆွေးနွေးပွဲ၌ ဦးဝင်းထိန် ဝင်ရောက်ဆွေးနွေးစဉ် ပြောကြားသည်။
‘‘ဒီ Coal (ကျောက်မီးသွေး) နဲ့ပတ်သက်ရင် မြန်မြန်လုပ်ရမှာ။ မြန်မြန်လုပ်ရမှာမို့လို့ ဆန္ဒပြတဲ့သူ တွေရှိနေရင် ဆန္ဒပြတဲ့သူတွေကို ကြောက်စရာမလိုဘူး။ အဲဒီပတ် ဝန်းကျင်မီးရပြီး ဟန်ကျသွားပြီဆို ရင် ဆန္ဒပြတဲ့သူတွေ ငြိမ်သွားလိမ့် မယ်။ သူတို့ ဆန္ဒပြတာကို ကြောက်စရာမလိုဘူး။ ကိုယ် ကိုယ်တိုင်က ဆန္ဒပြတာပဲ’’ဟု ဦးဝင်းထိန်က ဆိုသည်။
စက်မှုကဏ္ဍဖွံ့ဖြိုးရေးအ တွက် လျှပ်စစ်မီးရရှိရေးသည် အ ရေးကြီးပြီး ကျောက်မီးသွေးသည် မဖြစ်မနေ အရေးပေးလုပ်ရမည် ဟု ၎င်းက ဆိုသည်။ ထို့ကြောင့် ကျောက်မီးသွေးနှင့်ပတ်သက် သော နည်းပညာများ တိုးတက်မှု ကို လေ့လာပြီး လုပ်ဆောင်သင့် ကြောင်း ဦးဝင်းထိန်က ဆိုသည်။ ကျောက်မီးသွေးနှင့်ပတ်သက်၍ ယခင်အစိုးရလက်ထက်က ပြဿနာဖြစ်ခဲ့ကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။
ကျောက်မီးသွေးစက်ရုံ တည်ဆောက်ခြင်းနှင့်ပတ်သက် ၍ Total ရေနံကုမ္ပဏီ အထွေထွေ မန်နေဂျာ Mr.Xavier Preel က မြန်မာနိုင်ငံ စွမ်းအင်ကဏ္ဍဖွံ့ဖြိုး ရေးသည် ရေရှည်လုပ်ငန်းဖြစ်ပြီး ဖွံ့ဖြိုးစွာ အသုံးချနိုင်ရေးသည် နောက် ၁၀ နှစ်ခန့်ကြာနိုင်သည်။ ယင်းကာလအတွင်း မြန်မာနိုင်ငံတွင် စွမ်းအင်ပြဿနာရှိလာနိုင်သဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဝန် ကြီးဌာနကို ကျောက်မီးသွေး အသုံးချရန် အကြံပေးနေခြင်းဖြစ် သည်ဟု ဆိုသည်။
ကျောက်မီးသွေးစွမ်းအင် အသုံးချခြင်းသည် နောက်ဆုံးအ ဆင့် မဖြစ်မနေမှသာ အသုံးပြု သင့်ဟု ကမ္ဘာ့ဘဏ်က သတ်မှတ် ထားကြောင်း၊ ထို့အပြင် မြန်မာ နိုင်ငံတွင် ရေအားထုတ်လုပ်ရန် အရင်းအမြစ်များစွာရှိပြီး ကျောက်မီးသွေးသည် ပြည်ပမှ တင်သွင်း ရမည်ဖြစ်၍ လျှပ်စစ်မထုတ်မီက ငွေစိုက်ထုတ်သုံးရမည်ဟု ကမ္ဘာ့ဘဏ် စွမ်းအင်အထူးပြုပညာရှင် ဦးမျိုးမြင့်က အကြံပြုသည်။
‘‘ကမ္ဘာ့ဘဏ်က စွမ်းအင်အ တွက် ကျောက်မီးသွေးအသုံးချမှု ကို ထောက်ခံမှာမဟုတ်ဘူး။ ကျောက်မီးသွေးနဲ့ပတ်သက်ရင် ဘာမှ ကူညီမှာမဟုတ်ဘူး’’ဟု ၎င်းက ဆိုသည်။
ကျောက်မီးသွေးမှ လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းသည် သဘာဝဓာတ်ငွေ့မှ လျှပ်စစ် ထုတ်ခြင်းထက် သက်သာသည် ဆိုသော်လည်း သဘာဝပတ်ဝန်း ကျင်မထိခိုက်စေသည့် Clean Coal (သန့်စင်ကျောက်မီးသွေး စနစ်) အသုံးပြုမည်ဆိုပါက ပိုမို ကုန်ကျမည်ဟု ယင်းဆွေးနွေးပွဲ တွင် ဆွေးနွေးသူများက တင်ပြခဲ့ သည်။
7Day News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment