Latest News

Friday, June 2, 2017

ထိုင်းမှ သေဒဏ်ကျ မြန်မာလုပ်သားနှစ်ဦးလွတ်မြောက်ရန် အခြေအနေကောင်းကြောင်း အလုပ်သမားဝန်ကြီး ပြော

ထိုင်းမှ သေဒဏ်ကျ မြန်မာလုပ်သားနှစ်ဦးလွတ်မြောက်ရန် အခြေအနေကောင်းကြောင်း အလုပ်သမားဝန်ကြီး ပြော

နေပြည်တော်၊ မေ ၂၉

ထိုင်းနိုင်ငံတွင် သေဒဏ်ကျခံနေရသည့် မြန်မာလုပ်သားနှစ်ဦး လွတ်မြောက်ရန် အခြေအနေကောင်းနေပြီဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြောသည်။ မြန်မာလုပ်သား နှစ်ဦးဖြစ် သော ဝင်းဇော်ထွန်းနှင့် ဇော်လင်းသည် ၂ဝ၁၄ ခုနှစ်က ထိုင်းနိုင်ငံရှိကော့တောင်ကျွန်း (လိပ်ကျွန်း)၌ ဗြိတိန်နိုင်ငံသားနှစ်ဦးကို သတ်ဖြတ်ခဲ့မှုဖြင့် ၂ဝ၁၅ ခုနှစ်တွင် သေဒဏ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက ”နိုင်ငံတော်ရဲ့အတိုင်ပင် ခံ ပုဂ္ဂိုလ်ကိုယ်တိုင်ကလည်း သူတို့ လွတ်မြောက်ဖို့အတွက် ရှေ့နေချုပ်ရုံးအပါအဝင် အစိုးရအဖွဲ့အစည်းတွေနဲ့ လုပ်ဆောင်ပေးနေပါတယ်” ဟု ပြောသည်။

အလားတူ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သက်ဆိုင်ရာ ထိုင်းနိုင်ငံအဖွဲ့အစည်းများနှင့် ညှိ နှိုင်းနေကြောင်းလည်း ပြည်ထောင် စုဝန်ကြီးက ဆက်ပြောသည်။ သို့သော်လည်း ယင်းအမှုကိစ္စ နှင့်ပတ်သက်၍ ပြစ်ဒဏ် ချခံရပြီး နောက် ထိုင်း အခြေခံတရားရုံးနှင့် ထိုင်းအယူခံရုံး ရုံးနှစ်ရုံးသို့ အယူခံ တင်ခဲ့ပြီး ဖြစ်သော်လည်း အနိုင် မရခဲ့ဘဲ အမှုမှ လွတ်မြောက် ရန် အမြင့်ဆုံး တရားလွှတ်တော်ချုပ် ရုံးသို့သာ နောက်ဆုံးအယူခံတင် ရတော့မည်ဖြစ်သည်။

ထိုအမှုကို အစိုးရကကူညီနေသည်ကို တွေ့နေရသော်လည်း ကူညီပေးနေမှုမှာ ထိရောက်မှု ရှိ၊ မရှိ အစိုးရဘက်က ပြန်လည် ဆန်းစစ်သင့်သည်ဟု မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက် ဥက္ကဋ္ဌ ဦးစိန်ဌေးက ထောက်ပြသည်။ တရားလွှတ်တော်ချုပ်ရုံးသို့ အယူခံတင်ရမည့်နောက်ဆုံး ရက် မှာ ဇွန်လ ၂၃ ရက်နေ့ဖြစ်ပြီး ထိုရက်ကို မတင်ပါက ဝင်းနှင့်ဇော် ကိစ္စသည် အခြေအနေ မကောင်းနိုင်ကြောင်း ဦးစိန်ဌေးက ဆက် ပြောသည်။ ”တစ်ခုတော့ ရှိပါတယ်။အယူ ခံတင်ရမယ့်ရက် ထပ်တိုးပေး နိုင်မလား၊ ဒါတော့ရှိတာပေါ့” ဟု ၎င်းကဆိုသည်။ ဝင်းနှင့် ဇော်ကိစ္စ ကြန့်ကြာနေရသည်မှာ ထိုင်းနိုင်ငံ၏ ဥပဒေအတိုင်းဆောင်ရွက် နေရသည့်အတွက် ကြောင့်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

Popular News

No comments:

Post a Comment