မြရည်နန္ဒာအိမ်ရာမှာလင်မယားနှစ်ဦး သတ်ဖြတ်ခံရ နောက်ဆက်တွဲသတင်း
သာကေတမြို့နယ်၊ ၁၀ တောင်ရပ်ကွက် အေးနန္ဒာအိမ်ရာခွဲ၊ မြရည်နန္ဒာအိမ်ရာမှာ နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။
“သေဆုံးသူကနိုင်ငံခြားသား အိန္ဒိယနိုင်ငံသား ပက်စ်ပို့ ကိုင်ထားတယ်။ လည်ပင်းလှီးအသတ်ခံထားရတယ်။ အမျိုးသားက အသက်လေးဆယ်ကျော်၊ အမျိုးသမီးက အသက်သုံးဆယ်ကျော်လောက် ခန့်မှန်းရတယ်။ ” လို့ လူဝင်မှုကြီးကြပ်ရေးမှ အရာရှိတစ်ဦးက ပြောပါတယ်။
သေဆုံးသူများမှာ အသက်လေးဆယ်ကျော် ဗစ်တာရာ့ဂ်ျဆိုတဲ့ အမျိုးသားတစ်ယောက်နဲ့ အသက် သုံးဆယ်ကျော် မခိုင်စံပါယ်နှင်းအောင် တို့ဖြစ်ပါတယ်။
ဗစ်တာရာ့ဂျာ်မှာ နေအိမ် အပေါ်ထပ်မှာလည်ပင်းပြတ်ရှဒဏ်ရာများနဲ့ သေဆုံးနေပြီး
မခိုင်စံပါယ်နှင်းအောင် ကတော့အိပ်ယာထဲမှာပင် လည်ပင်းပြတ်ရှဒဏ်ရာများနဲ့ သေဆုံးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ စီအိုင်ဒီမှ အလောင်းကိုစစ်ချက်ယူပြီး ရွှေသန်လျင်နာရေးကူညီမှုအသင်းမှ ရန်ကုန်ဆေးရုံကြီးကို သည်ကနေ့နေ့လည် နှစ်နာရီခွဲခန့်က သယ်ဆောင်သွားပြီဖြစ်ပါတယ်။
အသေးစိတ်ကိုတော့ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ပေးခြင်းမရှိသေးပါဘူး။
Kumudra
Subscribe to:
Post Comments (Atom)
No comments:
Post a Comment