Latest News

Sunday, June 4, 2017

'ချစ်သူကတော့ ရှိပေမယ့် ပရိသတ်တွေသိအောင် ချပြဖို့တော့ မရှိပါဘူး၊ ချစ်သူက ချစ်သူပဲ . . .' အေးဝတ်ရည်သောင်း

'ချစ်သူကတော့ ရှိပေမယ့် ပရိသတ်တွေသိအောင် ချပြဖို့တော့ မရှိပါဘူး၊ ချစ်သူက ချစ်သူပဲ . . .' အေးဝတ်ရည်သောင်း

အနုပညာလောကမှာ
၁ဝနှစ်ကြာ ရပ်တည်လာခဲ့တဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်းက လတ်တလောတွင် သူ့ရဲ့ မြန်မာဆန်ဆန် အလှအပတွေကို ပရိသတ်တွေက သတိထားမိ လူပြောများလာခဲ့ရာကနေ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်နာမည် အေးသောင်းဆိုတဲ့ နာမည်နဲ့အတူ ပရိသတ်တွေ သတိထားမိခြင်း ခံရ သူလည်း ဖြစ်ပါတယ်။ Media 7 က ရိုက်ကူးမယ့် မင်္ဂလာရှိတဲ့အရပ် ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ် ဆောင်သွားမယ်လို့လည်း သိရတဲ့အတွက် အေးဝတ်ရည်သောင်းကို အင်တာဗျူး ဖြစ်ခဲ့ပါ တယ်။

Media 7 ကရိုက်ကူးမယ့် ဇာတ်လမ်းတွဲမှာ ပါဝင်ဖြစ်တာနဲ့ ပတ်သက်လို့ ပြောပြပေးပါဦး။

ရတနာပုံတုန်းကလည်း သူတို့ပဲ ရိုက်ခဲ့တာဆိုတော့ မပေါက်စီနဲ့ အခုရိုက်မယ့် ကာရိုက်တာက လိုက်မလား မသိဘူး။ ကမ်းလှမ်းလာတာနဲ့ပဲ ကိုယ်လည်း လုပ်နိုင်တဲ့ ကာရိုက်တာဖြစ်တဲ့အတွက် လက်ခံဖြစ်တာပါ။

ပရိသတ်တွေက အေးသောင်းဆိုပြီး အခုနောက်ပိုင်းမှာ အရမ်း ပေါ်ပြူလာ ဖြစ်လာတဲ့အပေါ် ပရိသတ်တွေကို ဘာပြောချင်လဲ။

ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ပေါက်စီ ပြောချင်ပါတယ်။ ပေါက်စီ ဒီအနုပညာအလုပ်လုပ်တဲ့ သေး သေးလေးတွေကအစ အားပေးတယ်။ အသိအမှတ်ပြုကြတဲ့အတွက်ကို အရမ်းကျေးဇူးတင်ပါတယ်။ ပရိသတ်တွေကို ဒီ့ထက် ပိုလုပ်ပြချင်ပါသေးတယ်။ ကိုယ်လုပ်နိုင်တဲ့ အနုပညာ အလုပ်ကနည်းနေသေးတယ်လို့လည်း ကိုယ့်ကိုယ်ကိုယ်ထင်တယ်။ အဲဒီအတွက် အများကြီး ထပ်ကြိုးစားပါ့မယ်။

ဗီဒီယိုဈေးကွက် ကျလာတာနဲ့အမျှ အနုပညာရှင်တွေထက် အရန်သရုပ်ဆောင်တွေအပြင် တခြားအလွှာအသီးသီးက လူ တွေအတွက် အရမ်းအခက်အခဲဖြစ်နေတဲ့အပေါ် ပေါက်စီက အနုပညာရှင်တစ်ယောက်အနေနဲ့ ပြောချင်တာရှိရင် ပြောပေးပါဦး။

ဗီဒီယိုဈေးကွက် ကျသွားပေမယ့် ဇာတ်လမ်းတွဲ တွေကတော့ များလာတယ်။ အဲဒီအတွက်ကြောင့် တခြားအခွင့်အရေးတွေ ရုပ်ရှင်လောကသားတွေအတွက် ပြန်ပြီး တော့ နောက်ဈေးကွက် တစ်ခုရှိလာတဲ့အတွက်ကြောင့်မို့လို့ ဒီဇာတ်လမ်းတွဲတွေ ရိုက်တာကိုလည်း ကြိုဆိုတယ်။

ပေါက်စီရဲ့ ချစ်သူကိုလည်း ပရိသတ်တွေကို ချပြဖို့ရှိမလား။ တွဲနေတာလည်းနှစ်တွေ ကြာနေပြီဆိုတော့လေ။

ချစ်သူကတော့ ရှိပေမယ့် ပရိသတ်တွေသိအောင် ချပြဖို့တော့ မရှိပါဘူး။ ချစ်သူက ချစ်သူပဲ ကိုယ်တကယ်ယူဖြစ် မယ့်သူဆိုရင်တော့ ချပြမှာပါ။ တကယ်လို့ ကိုယ်မယူဖြစ်တဲ့ လူဆိုတာ မပြောနိုင်ဘူးပေါ့လေ။ ကိုယ်နဲ့ဖူးစာပါမှ ယူဖြစ်တာပါ။ အစ်မကတော့ မြန်မာမိန်းကလေး တစ်ယောက်လည်း ဖြစ်တယ်။ ကိုယ့်ရည်းစားက ဒီလူပါလို့ ပြလိုက်တဲ့အတွက် ကြောင့်မို့လို့ နောင်တစ်ချိန်မှာ သူနဲ့ကိုယ်နဲ့အတူတူ ရှိချင်လည်းရှိမယ်။ မရှိရင်လည်း မရှိဘူး။ မရှိခဲ့ဘူးဆိုရင် သူ့ရဲ့ အိမ်ထောင်ဖက် မိန်းကလေးတစ်ယောက်အတွက်လည်း မကောင်းဘူး။ သူ့အတွက်လည်း မကောင်းဘူးပေါ့။ အစ်မဆိုရင်လည်း အစ်မရဲ့ ဖြစ်လာမယ့် အိမ်ထောင်ဖက်အတွက်လည်း မယူဖြစ်ခဲ့ရင်ပေါ့။ ယူဖြစ်သွားရင်တော့ ပြဿနာမရှိဘူး။ အဲဒီအတွက်ကြောင့်မို့လို့ အစ်မကတော့ ပရိသတ်ကို ဘယ်သူဘယ်ဝါချပြဖို့တော့ မရှိပါဘူး။ ရည်းစားတော့ ရှိတာပေါ့။

သုသော်ဒီ

The Flower News

No comments:

Post a Comment