Latest News

Friday, June 9, 2017

" နောက် ကွယ် က လက် မဲ ကြီး "

" နောက် ကွယ် က လက် မဲ ကြီး "

အဲ့ ဒီ စ ကား က တစ် ချိန် လုံး ကြား နေ ခဲ့ ရ တဲ့ စ ကား ပဲ ။

အဲ့ ဒီ စ ကား ကို ပြော လိုက် ရင် လူ တွေ က ပြီး ခဲ့ တဲ့ သ မ္မ တ ဦး သိန်း စိန် လက် ထက် နဲ့ သူ့ မ တိုင် ခင် စစ် အ စိုး ရ လက် ထက် က လူ တွေ လို့ ပြေး မြင် တတ် ကြ တယ် ။ ဒါ ပေ မဲ့ ဘယ် သူ လဲ ဆို တာ ကို တော့ ဘယ် သူ မှ မ သိ ကြ ဘူး ။ ဒီ စ ကား ကို စ ထွင် လိုက် ကြ တာ က လည်း စစ် အ စိုး ရ လက် ထက် က အ ထက် အ မိန့် ဆို တဲ့ ကိ စ္စ တွေ ရှိ ခဲ့ ကြ လို့ အဲ့ ဒီ အ ထက် အ မိန့် တွေ ကြောင့် မ မျှ မ တ ခံ လိုက် ကြ ရ တဲ့ သူ တွေ က တိ တိ ကျ ကျ ဘယ် သူ မှန်း မ သိ လို့ နောက် ကွယ် က လက် မဲ ကြီး လို့ တင် စား ခဲ့ ကြ တာ ။

ဒီ တော့ ဒီ စ ကား လုံး က အာ ဏာ ရှင် စစ် အ စိုး ရ နဲ့ ပတ် သက် နေ တဲ့ လူ တွေ လို့ ပဲ မြင် ထား ကြ တယ် ။

" အဲ့ ဒီ နေ့ မှာ လက် ထိတ် ခတ် တယ် ။ လူ မြင် မ ကောင်း အောင် လုပ် ခဲ့ တယ် ။ လက် ထိတ် ခတ် ခဲ့ တဲ့ အ တွက် အ များ သူ ငါ သိ အောင် ကျွန် မ ဘ ဝ နဲ့ ရင်း ပြီး ချ ပြ ခဲ့ တယ် ။ အဲ့ ဒီ အ တွက် ပြော ချင် တာ က ဒီ လို လုပ် ခဲ့ တဲ့ နောက် က လက် မဲ ကြီး က ဘယ် သူ လဲ ဖော် ထုတ် ပြီး အ သ ရေ ဖျက် မှု နဲ့ ပြန် စွဲ မယ် ။ ၆၆ဃ နဲ့ ရော ၊ ပုဒ် မ ၅၀၀ နဲ့ ရော အ စွဲ ခံ ရ တဲ့ အ တွက် ကျွန် မ မှာ အ ချိန် တွေ ကုန် ခဲ့ ရ တယ် ။ ပိုက် ဆံ တွေ ကုန် ခဲ့ ရ တယ် ။ အ များ ကြီး နစ် နာ ရ တဲ့ အ တွက် သိ က္ခာ တွေ လည်း ကျ ခဲ့ ရ တဲ့ အ တွက် ဒါ တွေ အား လုံး ကို သူ တို့ ပြန် ပေး ဆပ် ရ မယ် "

လို့ ပြော တဲ့ သူ က အိမ် အ ကူ ကောင် မ လေး ပိုက် ဆံ ခိုး တာ ကို ရဲ စ ခန်း ပို့ မယ် လို့ ခြိမ်း ခြောက် လိုက် လို့ ကောင် မ လေး တွေ အိမ် က ထွက် ပြေး ပြီး ပြ ဿ နာ ဖြစ် လာ ကြ တဲ့ အ ကြောင်း အ ရာ တွေ ပါ ။

အိမ် ဖော် တွေ ဒု က္ခ ပေး တာ ခ ဏ ခ ဏ ခံ ရ ဖူး လို့ အိမ် ဖော် နဲ့ အိမ် ရှင် ဖြစ် ရင် အ ဖြစ် အ ပျက် ကို ကြည့် လိုက် တာ နဲ့ ဘယ် သူ့ အ လွန် ဆို တာ လူ တိုင်း အ ကြမ်း ဖျဉ်း နား လည် တယ် ။ စ ကား မ စပ် မ နေ့ က ပဲ မေ မေ့ အိမ် က အိမ် ဖော် ကောင် မ လေး မေ မေ့ ရဲ့ ipad နဲ့ ပ ယင်း ကျောက် တွေ အ များ ကြီး ခိုး ပြီး ထွက် ပြေး သွား တယ် ။

လူ တို့ ရဲ့ ပ ညာ အ ဆင့် သိ က္ခာ တို့ ကို ပြန် ထည့် ကြည် ရင် လည်း အိမ် ဖော် ပြော တဲ့ စ ကား နဲ့ အိမ် ဖော် ခေါ် ထား နိုင် သူ ပြော တဲ့ စ ကား ဘယ် စ ကား က ပို ပြီး ရိုး သား မ လဲ Reliable ဖြစ် နိုင် မ လဲ ဆို တာ ကို လည်း တွက် လို့ ရ နိုင် ပါ တယ် ။ လူ အား လုံး ကို တော့ မ ဆို လို ဘူး ပေါ့ ။

အ ခု ပြ ဿ နာ မှာ NLD အ မတ် တွေ ပါ လာ ကြ တယ် ။ အ မှု ဖွင့် တာ က လည်း အ မတ် တွေ က ဖွင့် တာ လို့ ဆို တယ် ။

၆၆ဃ ကို ရေ လဲ သုံး နေ တဲ့ ဒီ အ ချိန် အ ခါ မှာ ဝင် ပြီး ဆွေး နွေး ရ တာ ခက် ပါ တယ် ။ စိတ် ရှိ သ လို မ ဆွေး နွေး နိုင် ဘူး ဆို တာ တော့ ပြော ထား ရ မယ် ။

၆၆ဃ က လို ရင် အာ မ ခံ ရ တယ် ။ မ လို ရင် လက် ထိတ် ခတ် ခံ ရ တယ် ၊ အာ မ ခံ မ ပေး ဘူး ။ ဒီ တော့ အ ခု အ မှု မှာ လက် ထိတ် ခံ ရ တယ် ဆို တော့ မ လို ဘူး ဆို တဲ့ သ ဘော တော့ သက် ရောက် နေ သ လို ပေါ့ ။ တ ရား လို ဖက် ကို လိုက် မယ် ဆို တဲ့ သ ဘော ဆောင် တာ ပေါ့ ။

လက် မဲ ကြီး ဆို တာ က လည်း အ ရင် ကာ လ က တစ် ဖက် က လူ တွေ ကို စွတ် စွဲ နေ ရာ က နေ အ ခု လက် ရှိ တ ရား လို တွေ ဖက် ကို စွတ် စွဲ လိုက် တော့ လက် မဲ ကြီး တွေ က ဘယ် ဖက် မှာ မ ဆို ရှိ နေ ကြ တာ ပဲ လား လို့ တွေး မိ တယ် ။

မြန် မာ နိုင် ငံ တ ရား ရေး က ဏ္ဏ က ဆိုး ဆိုး ဝါး ဝါး ပျက် စီး ခဲ့ တာ အား လုံး သိ ပြီး သား ဖြစ် ပေ မယ့် အ ခု လို အ စိုး ရ လက် ထက် မှာ လည်း ဒီ အ ခြေ အ နေ ပဲ ။ ဘာ ကြောင့် ပျက် စီး ရ သ လဲ ဆို ရင် အာ ဏာ ရှိ တဲ့ သူ တွေ ဝင် ပါ လို့ ။ အာ ဏာ ရှိ တဲ့ သူ တွေ ကျေ နပ် အောင် လုပ် ပေး နေ ကြ လို့ ပါ ပဲ ။

ဒီ လို ကိ စ္စ တွေ ဒီ ဖက် ခေတ် မှာ လျော့ သွား မယ် ထင် ခဲ့ ပေ မယ့် အ ခု လူ ထု အ စိုး ရ ဆို တဲ့ NLD အ စိုး ရ သက် တမ်း တစ် နှစ် ခွဲ လောက် အ တွင်း မှာ တစ် နိုင် ငံ လုံး မှာ ၆၆ဃ နဲ့ တ ရား စွဲ တာ ပဲ ၆၈ မှု ရှိ ပြီ ။ အ လဲ ဗင်း ဂျာ နယ် ကို ဝန် ကြီး ချုပ် စွဲ တဲ့ အ မှု က အ လှုပ် ခတ် ဆုံး ပဲ ။ ၆၆ဃ ကို အ ခု လို လွှတ် တော် အ မတ် တွေ က လည်း စွဲ တယ် ဝန် ကြီး ချုပ် က လည်း စွဲ တယ် ။

ရေး ပြ ရ ရင် မ ကောင်း လို့ မ ပြော သာ ပေ မယ့် နောက် လာ တဲ့ မောင် ပု လဲ ဒိုင်း ဝန် ထက် ကဲ ဆို တဲ့ စ ကား မှန် နေ သေး တာ က တော့ အ သေ အ ချာ ပဲ ။ ပြင် ဖို့ အား လုံး က တောင်း ဆို နေ ကြ ပေ မယ့် ဆ ရာ တွေ က တော့ အေး ဆေး ပါ ပဲ ။

အ ခု ကိ စ္စ ကို မှ ဝင် ဆွေး နွေး ဖြစ် တာ ဘယ် သူ မှန် တယ် ဘယ် သူ မှား တယ် ဆို တာ မ သိ ပေ မယ့် တစ် ဖက် က ပါ တဲ့ တစ် ယောက် ရဲ့ စိတ် နေ စိတ် ထား ကို သိ နေ လို့ ဝင် ပါ တာ ပဲ ။ အဲ့ ဒီ တစ် ယောက် က ပြီး ခဲ့ တဲ့ အ စိုး ရ လက် ထက် မှာ လည်း လုပ် စား ခဲ့ တဲ့ သူ ပဲ လေ ။ တစ် လော က NLD ပါ တီ က သူ ရ ဦး တင် ဦး ဆေး ရုံ တတ် တော့ လူ ကြီး တွေ သွား ကြည့် ကြ တာ NLD တိုက် ပုံ နဲ့ အဲ့ ဒီ တစ် ယောက် ကို သ တင်း ဂျာ နယ် တွေ ထဲ မှာ တွေ့ လိုက် ရ တယ် ။ အ ခု သူ က တော် တော် ပေါက် ပေါက် ရောက် ရောက် ဖြစ် နေ ပြီ နဲ့ တူ တယ် ။

ရီ စ ရာ တစ် ခု က ပု သိမ် မြို့ မှာ ကျောင်း က ပွဲ ကို ကိုယ် ပိုင် Facebook အ ကောင့် က နေ Live လွှင့် မိ တဲ့ သူ ကို ၆၆ဃ နဲ့ အ ရေး ယူ ဖို့ တ ရား စွဲ ခံ ရ တယ် ဆို တော့ ပွဲ ကြည့် ရင် Live လွှင့် တတ် တဲ့ သူ တွေ သ တိ သာ ထား နေ ကြ ပါ လို့ သ တိ ပေး ရ တော့ မယ် ။ ပွဲ ထဲ မှာ သူ့ ဖာ သာ သူ လူ ပျက် ပျက် တာ ညှိ သွား ရင် ကိုယ် ပါ ပါ သွား နိုင် တယ် ။ ကံ ကောင်း တာ က သူ က တော့ ၆၆ဃ ပေ မယ့် အာ မ ခံ ရ သွား တယ် ။

အ ခု လေ လွင့် ခွေး တွေ ကို စောင့် ရှောက် ထား တဲ့ အ မျိုး သ မီး ကို ၆၆ဃ နဲ့ ဖွင့် ပြီး လာ ဖမ်း တော့ လက် ထိတ် ခတ် ဖမ်း ခဲ့ တာ ကို တ ရား လို အ မတ် တွေ က တော့ မ သိ ဘူး လို့ ငြင်း တယ် ။ ဒါ ဆို ရဲ က သူ့ သ ဘော နဲ့ သူ လက် ထိတ် ခတ် တာ ပေါ့ ။ အ ရင် အ စိုး ရ သာ ဆို ရင် အ ဘ ဘော မ လို့ အ ပြော ခံ ရ မှာ ပဲ ။ အ ခု တော့ ဘာ ပြော မ လဲ မ သိ ဘူး အဲ့ ဒီ လက် ထိတ် ခတ် ခဲ့ ရဲ တွေ ကို ပါ ။

ကိုယ့် အ လှည့် ကျ ကိုယ် လုပ် ကြ တာ ပါ ပဲ ။ ဘာ မှ မ ပြောင်း ပါ ဘူး ။ မြန် မာ တွေ ကိုယ် တိုင် က ကံ ဆိုး လွန်း ကြ ပါ တယ် ။

လွှတ် တော် အ မတ် တွေ အ စိုး ရ အ ဖွဲ့ ဝင် တွေ ဆို တာ ပြည် သူ က မဲ ပေး ခဲ့ ကြ လို့ ဖြစ် နေ ကြ ရ တာ ။ ပြည် သူ တွေ အ ပေါ် မှာ သည်း ခံ ခွင့် လွှတ် စိတ် တွေ ရှိ သင့် ကြ တယ် ။ " မင်း က ငါ့ ကို ဘာ မှတ် နေ ဘို့ လဲ ၊ မင်း က ငါ့ ကို ဘာ ပြော တာ လဲ ထောင် ထဲ ထည့် လိုက် စမ်း " ဆို ပြီး ပြည် သူ ကို အာ ဏာ မ ပြ သင့် ဘူး ။

အိမ် ရှင် နဲ့ အိမ် ဖော် ပြ ဿ နာ ဖြစ် ရင် လက် ရှိ အ ခြေ အ နေ အ ရ ဘယ် သူ့ ဖက် က မှား တတ် ကြ လဲ ဆို တာ လောက် တော့ တွေး ကြည့် ရ မယ် ။ အိမ် ဖော် ငှား တယ် ဆို တာ ပိုက် ဆံ ပေး ပြီး ကိုယ် မ သိ တဲ့ လူ ကို အိမ် ပေါ် ခေါ် တင် ပြီး လူ ယုံ လုပ် ထား ရ တာ ။ သက် သက် ခေါ် နှိပ် စက် ဖို့ မ ဟုတ် ဘူး ။ တစ် ခု ခု ဖြစ် ပြီ ဆို ရင် တာ ဝန် ရှိ အ ဆုံး အ ဖြတ် ပေး နိုင် မယ့် သူ က ပ ညာ ဉာဏ် လေး တော့ သုံး ရ မှ ပဲ ။

အိမ် ဖော် က စ ကား နား မ ထောင် တာ ၊ ခိုင်း တာ မ လုပ် တာ ၊ တစ် ခြား အ ကြံ အ စည် ရှိ တာ တစ် ခု ခု ဖြစ် နိုင် တယ် ။ အိမ် ဖော် ပို့ ပေး တဲ့ ပွဲ စား တစ် ချို့ က လုပ် စား ကြ တယ် လေ ။ တစ် ချို့ အိမ် ဖော် က Hand phone နဲ့ ။ တစ် နေ့ လုံး Facebook ထိုင် ကြည့် နေ တယ် ။ ကိုယ့် အိမ် မှာ နေ သွား တဲ့ နှစ် ယောက် ကို ပြော တာ ပါ ။

ပြည် သူ တွေ မဲ ပေး လို့ အ မတ် တွေ အ စိုး ရ ဝန် ကြီး တွေ အ စ ရှိ သ ဖြင့် ဖြစ် သွား ကြ တဲ့ သူ တွေ ထစ် က နဲ ဆို ပြည် သူ ကို ၆၆ဃ လို ပုဒ် မ တွေ နဲ့ ဒု က္ခ မ ပေး သင့် ပါ ဘူး ။

လုပ် ပိုင် ခွင့် အာ ဏာ ရ သွား တာ နဲ့ ပြည် သူ ကို စိတ် မ ရှည် သည်း မ ခံ ကြ တော့ ဘူး ဆို ရင် လည်း မ ကောင်း ဘူး ။

အ ရာ အား လုံး ငါ့ ကို စော် ကား တာ ပဲ  ၆၆ဃ နဲ့ အ ရေး ယူ လိုက် ၊ ပါ တီ ကို ထိ ပါး တာ ပဲ ပုဒ် မ ၅၀၀ နဲ့ အ ရေး ယူ လိုက် ဆို ပြီး ထ ထ လုပ် နေ ရင် နောက် တစ် ခါ ပြည် သူ ကို စိတ် ရှည် သည်း ခံ ကြ မယ့် သူ တွေ ကို ပဲ ရွေး တော့ မယ် ။

ပြည် သူ တွေ အ တွက် မ နစ် နာ ရင် သည်း ခံ ကြ ပါ ဆို ကိုယ် တွေ အ လှည့် ကျ တော့ လည်း သည်း ခံ ပေး ဖို့ လို ရင် သည်း ခံ ပေး လိုက် ကြ ပေါ့ ။

အ ရေး ကြီး တာ အဲ့ ဒီ ၆၆ဃ ဆို တာ ကြီး ပြန် မ ပေါ် လာ ဖို့ အ တွက် ပဲ ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၆ ၊ ၆ ၊ ၂၀၁၇

No comments:

Post a Comment