Latest News

Tuesday, June 27, 2017

မန်းတိုင်းယဉ်ကျေးမှု ဇုန်တွေ နိုင်ငံခြားသား ဝင်ကြေးတိုးမြှင့်မည်

မန်းတိုင်းယဉ်ကျေးမှု  ဇုန်တွေ နိုင်ငံခြားသား ဝင်ကြေးတိုးမြှင့်မည်

လက်ရှိမှာတော့   မန္တလေးယဉ်ကျေးမှုဇုန်တွေကို သွားရာက်မယ်ဆိုရင် နိုင်ငံခြားသား တစ်ဦးကို ကျပ် ၁၀,ဝ၀ဝ ကောက်ခံပါတယ်။

မန္တလေး၊ ဇွန် ၂၅ – မန္တလေးတိုင်းအတွင်းက ယဉ်ကျေးမှုဇုန်တွေ မှာ နိုင်ငံခြားသားတစ်ဦးကို ဝင်ကြေး ကျပ် ၃၀,ဝ၀ဝ နှုန်းခန့်တိုး မြှင့်ကောက်ခံဖို့ရှိတယလို့  ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက ပြောပါတယ်။
အခုလက်ရှိမှာတော့  မန္တလေးယဉ်ကျေးမှုဇုန်တွေကိုသွားရောက်မယ် ဆိုရင် နိုင်ငံခြားသား တစ်ဦးကို ကျပ် ၁၀,ဝ၀ဝ ကောက်ခံပြီး တော့ ပုဂံကိုတော့ ကျပ် ၂၀,ဝ၀ဝ ကောက်ခံပါတယ်။ ရရှိလာတဲ့အ ကျိုးအမြတ်က ၁၀ဝ ရာခိုင်နှုန်း မှာ ၉၀ ရာ ခိုင်နှုန်းကို ပြည်ထောင်စု ကယူပြီးတော့ ကျန် တဲ့ ၁၀ ရာခိုင်နှုန်းမှာ နှစ်ရာခိုင်နှုန်းကဟို တယ်နှင့် ခရီးသွားလာရေးကယူပါတယ်။ တိုင်းဒေသကြီးအစိုးရက နှစ် ရာခိုင်နှုန်းရပြီးတော့ ဟိုတယ်ဇုန်ကတော့aခာက်ရာခိုင်နှုန်း ရရှိတယ်လို့ သိရပါတယ်။

နှစ်ရာခိုင်နှုန်းဆိုတာ ပြုပြင်ထိန်းသိမ်းမှုလုပ်ဖို့သိပ်ခက်ခဲတယ်၊ အဲဒီ အတွက်လဲဆွေးနွေးတယ်၊ အရင်တုန်းက ဥပဒေမှာကောက်ခံနိုင် တယ်လို့ပါတော့ကောက်လဲရတယ်၊  မကောက်လဲရတယ်ဆိုတဲ့ သဘောဖြစ်နေတော့ အများကြီးစဉ်းစားရတယ်လို့ ဦးစိုင်းကျော်ဇော က ပြောပါတယ်။

ဈေးကွက်ယှဉ်ပြိုင်မှုနောက်ကျ
မန္တလေးကိုလာရောက်မယ့် နိုင်ငံခြားသားတွေကို ဇုန်ဝင်ကြေး တိုးမြှင့်ကောက်ခံလိုက်မယ်ဆိုရင် ကုမ္မဏီတွေကလည်း ဈေးပိုမို  တင်ရောင်းတာတွေဖြစ်လာမယ်ဆိုရင် ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ ဈေးကွက်ယှဉ်ပြိုင်မှုမှာနောက် ကျနိုင်တယ်လို့ မန္တလေးမြို့က ဧည့်လမ်းညွှန်အချို့က သုံးသပ်ပါတယ်။

နိုင်ငံကတိုရစ်ဇင်အတွက် အခြေခံအဆောက်အအုံမှကောင်း ကောင်းလုပ်မပေးထားသေးတာ၊ အိမ်သာတက်ချင်ရင်တောင် သန့်သန့်ရှင်းရှင်းတက်ဖို့နေရာမှမရှိတာ၊ ပိုက်ဆံတွေသာအများကြီးယူပြီးတော့ ပြန်လည်ပေးဆပ် ရမယ့် သန့်ရှင်းရေး၊  လုံခြုံရေးတွေမှ  မရှိဘဲနဲ့မလုပ်သင့်သေးဘူး၊ တိုရစ်ဇင်ကျသွားမယ်လို့ မန္တလေးမြို့က  ဧည့်လမ်းညွှန်တစ်ဦးဖြစ်တဲ့ ဦးဝင်းဇော်ဦးက ပြောပါတယ်။

အခုလက်ရှိမှာလည်း မန္တလေးကိုလာတဲ့ နိုင်ငံခြားသားတွေအနေနဲ့ သတ်မှတ်ထားတဲ့ နှုန်းထားတင်မဟုတ်ဘဲ ဒေသန္တရနှုန်းထားတွေ လည်းပေးဆောင်နေရပြီးမဟာမုနိဘုရားကြီးကိုသွားမယ်ဆိုရင် နိုင် ငံခြားသားတစ်ယောက်ကို ကျပ် ၁၀ဝ၀ နှုန်း၊ မန္တလေးတောင်ပေါ် တက်မယ်ဆိုရင်လည်း ကျပ် ၁၀ဝ၀ ထပ်ပေးရတာမျိုးတွေရှိတယ်လို့  ဆိုပါတယ်။

ဦးဝင်းဇော်ဦးကပဲ တိုရစ်ဇင်မှာဝင်ငွေနှစ်မျိုးရှိတယ်၊ direct  income  နဲ့ in-direct income ရှိတယ်၊  တိုရစ်ဇင်မှာ အစိုးရသည်တိုက်ရိုက် မကောက်ရဘူး၊ In-direct ပဲကောက်ရတာ၊ ဒါမှဒေသခံတွေ အကုန်ထမင်းစားရတဲ့ တိုရစ်ဇင်ဖြစ်မှာလို့ ပြောပါတယ်။

မန္တလေးမြို့မှာ ဇုန်ဝင်ကြေးကောက်ခံနေတဲ့ နေရာတွေကတော့ အတုမရှိကျောင်း၊ ရွှေကျောင်း၊ မြနန်းစံကျော် ရွှေနန်းတော်၊အင်းဝ(ဗားကရာအုတ်ကျောင်း)၊ အင်းဝ(မယ်နုအုတ်ကျောင်း)၊ အမရပူရ (ဗားကရာကျောင်းတိုက်) မန္တလေးတောင်နဲ့တံတားဦး လေဆိပ်တို့ဖြစ်တယ်လို့  မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးက သိရပါတယ်။
ခေမဏီ/Kumudra

No comments:

Post a Comment