လျှပ်စစ်မီတာခများ တိုးကောက်မည်ဟု ဦးဝင်ထိန် ပြောကြား
နေပြည်တော်၊ ဇွန် ၇
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ကောက်ခံနေသည့် လျှပ်စစ်မီတာ နှုန်းထားများကို တိုးကောက်ရန် စဉ်းစားနေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းထိန်က ပြောကြားသည်။
နေပြည်တော်တွင် ဇွန်လ ၇ ရက်က ကျင်းပသည့် MOGSS FORUM ဆွေးနွေးပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုသွားခြင်း ဖြစ်သည်။
တိုးကောက်မည့်ကိစ္စတွင် အခြေခံလူတန်းစားအများအတွက် လုပ်နေကြောင်း ကောက်မည် နှုန်းထားရမှာ အဲယားကွန်း ၂ လုံး သို့မဟုတ် လေးလုံးဆိုလျှင် ကောက်မည့်ပုံစံနှင့် စက်ရုံများတွင် ကောက်မည့် ပုံစံများကို စဉ်းစားနေကြောင်းနှင့် NLD အစိုးရလက်ထက်တွင် တစ်စုံတစ်ခု ဆုံးဖြတ်ချက်ချရန်အတွက် အပိုင်လိုက်ထောင့်စေ့စွာ စဉ်းစားနေသည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။
လျှပ်စစ်အရှုံးခံနေရသည်နှင့် ပတ်သက်ပြီး တစ်ခါတစ်ရံတွင် အစိုးရအဖွဲ့တစ်ခုသည် ပြည်သူလူထု၏ Public Service အတွက် မရှိမဖြစ် လိုအပ်နေသည့်အပြင် အရှုံးခံရမည့် အယူအဆသည် အတိုင်းအတာတစ်ခု အထိသာ ဖြစ်သင့်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။
ပုဂ္ဂလိကကဏ္ဍ ဓာတ်အားထုတ်လုပ်မှု ပိုမိုများပြားလာသဖြင့် ၎င်းတို့ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို ဝယ်ယူဖြန့်ဖြူးပေးရသည့်အတွက် နိုင်ငံတော်မှ စိုက်ထုတ်ကျခံပေးရငွေ ပိုမိုများပြားလာသဖြင့် ဓာတ်အားခဈေးနှုန်း ချိန်ညှိရေးအတွက် ဆောင်ရွက်သွားရန် ရှိသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးက ပြောကြားသည်။
လျှပ်စစ်ကဏ္ဍတွင် ရေအားလျှပ်စစ်ဓာတ်အားစက်ရုံ ၅၇ ရုံ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂၂ ရုံ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တစ်ရုံတို့မှ မဂ္ဂ၀ပ် ၃၀၀၀ ကျော်ပေးထားပြီး နိုင်ငံအိမ်ထောင်စု ၃၈ ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment