Latest News

Friday, June 2, 2017

ရန်ကုန်ဆေးရုံကြီးကို လာရောက်ပြသတဲ့ ကင်ဆာလူနာ တစ်နှစ်ကို ၉,၀၀၀ ခန့်ရှိ

ရန်ကုန်ဆေးရုံကြီးကို လာရောက်ပြသတဲ့ ကင်ဆာလူနာ တစ်နှစ်ကို ၉,၀၀၀ ခန့်ရှိ

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာရောဂါဌာနသို့ လာရောက်ပြသသူ တစ်နှစ်ကို ၉,၀၀၀ ခန့်ရှိနေတယ်လို့ သိရပါတယ်။

၂၀၁၅ မှာ ကင်ဆာရောဂါ ဌာနသို့ လာရောက်ပြသတဲ့ လူနာဟာ အမျိုးသား ၃,၅၈၂ ဦး၊ အမျိုးသမီး ၅,၆၂၇ ဦး စုစုပေါင်း ၉,၂၀၉ဦးရှိခဲ့ရာက  ၂၀၁၆ မှာ အမျိုးသား ၃,၆၃၇ ဦး၊ အမျိုးသမီး ၅,၂၈၂ ဦး စုစုပေါင်း ၈,၉၁၉ ဦးခန့် ရှိခဲ့တာ ဖြစ်ပါတယ်။

 ‘‘ကင်ဆာတွေက တစ်နှစ်ထက်တစ်နှစ် ပိုများလာတယ်။ အရင်ကဆို ကင်ဆာရောဂါလူနာတွေ သိပ်မရှိဘူး။ ကုသဆောင်တွေ လုံလောက်တယ်။ အနေအထိုင် အစားအသောက်တွေ အဓိက ဆင်ခြင်ရမယ်။ ဆေးလိပ် သောက်တာတွေ၊ ကွမ်းစားတာတွေကိုလည်း ရှောင်ရမယ်’’ လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်သိင်္ဂီမြင့်က ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။


အဖြစ်များတဲ့ကင်ဆာရောဂါတွေဟာ  ၂၀၁၅ မှာ ရင်သားကင်ဆာဖြစ်ပွားသူဦးရေ ၁,၁၀၀ ၊ အူမကြီးကင်ဆာဖြစ်ပွားသူ ၈၅၀ ၊ အစာအိမ်ဟောင်းကင်ဆာဖြစ်ပွားသူ ၈၄၁ ၊ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားသူ ၈၂၈ ၊ အဆုတ်ကင်ဆာ ၇၄၈ နဲ့ အစာအိမ်ကင်ဆာဖြစ်ပွားသူ ၇၀၁ ဦး ရှိခဲ့တာ ဖြစ်ပါတယ်။
၂၀၁၆ မှာ အစာအိမ်ဟောင်း ကင်ဆာဖြစ်ပွားသူ ၁,၀၂၁ ဦး၊ သားအိမ်ခေါင်းကင် ဆာဖြစ်ပွားသူ ၉၄၆ ဦး၊ အစာအိမ်ကင်ဆာဖြစ်ပွားသူ ၈၇၅ ဦး၊ အူမကြီးကင်ဆာဖြစ်ပွားသူ ၈၀၉ ဦး၊ အဆုတ်ကင်ဆာဖြစ်ပွားသူ ၈၀၃ ဦး၊ ရင်သားကင်ဆာဖြစ်ပွားသူဦးရေ ၇၉၀ ထိရှိခဲ့တာ ဖြစ်ပါတယ်။

နှစ်စဉ် ကင်ဆာရောဂါကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြသရတဲ့  လူနာထက်ဝက်ကျော်ဟာ အမျိုးသမီးတွေဖြစ်ပြီး ယခုနှစ်ဇန်န၀ါရီမှ ဧပြီလဆန်းအထိ ကင်ဆာရောဂါကြောင့် လာရောက်ပြသသူ ၂,၆၅၃ ဦးခန့်ရှိတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ စာရင်းဇယားတွေအရ သိရပါတယ်။

Photos & Source: 7Day Daily
Duwun

No comments:

Post a Comment