Latest News

Monday, June 5, 2017

ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာ သို့ရောက်လာတဲ့ ကြွက်ဝမ်းဖြူအုပ်စု



ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာတွင် ဇွန်လ ၂ ရက်နေ့မှစ၍ ကြွက်ဝမ်းဖြူများ အုပ်စုလိုက် ရောက်ရှိလာခဲ့ပါသည်။ ၃ ရက်နေ့တွင် ပိုမိုရောက်ရှိလာသောကြောင့် ၎င်းကြွက်များအား လေ့လာကြည့်ရာတွင် တကောင်လျှင် ၂၀ ကျပ်သားခန့်ရှိပြီး အထီးများ ဖြစ်နေပါသည်။
၎င်းကြွက်များသည် လူများအား ကြောက်လန့်ခြင်း မရှိပဲ သစ်ပင်များ၊ အသီးအနှံများသာ ကိုက်ဖြတ်စားသောက်ကြပါသည်။ ကြွက်များ အလွန်များပြားလာသည့်အတွက် ကျေးရွာနေပြည်သူများ စိုးရိမ်ထိတ်လန့်မှု ရှိခဲ့ကြပါသည်။
၎ ရက်နေ့တွင် ကျန်းမာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ထွေအုပ်နှင့် တာဝန်ရှိသူတို့ ပူးပေါင်း၍ ၎င်းကြွက်များကို နှိမ်နင်ခြင်း ပြုလုပ်ခဲ့ပါသည်။ ထို့ပြင် ကြွက်အနည်းငယ်ကို အရှင်ဖမ်း၍ ဓါတ်ခွဲစမ်းသပ်မှုများ ပြုလုပ်ခဲ့ပါသည်။
ဓါတ်ခွဲစမ်းသပ်ချက်အရ ၎င်းကြွက်များတွင် မည်သည့်ရောဂါပိုးမျှ မပါရှိပါကြောင်း သိရှိရပါသည်။
ဇီးချိုင်ကျေးရွာ ငွေတောင်နှင့် အထပ်ကုန်း နေရာတွင် အများဆုံး ရောက်ရှိနေပြီး ကောင်ရေ ၅၀၀၀ ကျော်အား စနစ်တကျ နှိမ်နင်းပြီး ဖြစ်ပါသည်။
ယနေ့မနက်တွင် ကံချိုင်ကျေးရွာသို့ပါ ကြွက်ဝမ်းဖြူများ ရောက်ရှိနေပါသည်။ ထို့ပြင် ကျောက်ချောင်းကျေးရွာသို့လည်း ကြွက်များ ရောက်ရှိနေပြီး ကောင်ရေ ၆၀၀ ကျော်အား စနစ်တကျ နှိမ်နင်းပြီး ဖြစ်ပါသည်။
ဇီးချိုင်ကျေးရွာအတွင်းသို့ ကြွက်များ ဝင်ရောက်သည့်ကိစ္စ သတင်းပေးမှုအား ကျွန်တော်ကိုယ်တိုင် ဖုန်းဖြင့်ဆက်သွယ်စုံစမ်းမှုသာဖြစ်ပြီး သိသိချင်း (ညတွင်းချင်း) တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးစံမင်းအောင်ထံသို့ ဆက်သွယ်အကြောင်းကြားခဲ့ပါသည်။ ဆောင်ရွက်နေမှုများအား ဆက်လက်တင်ပြပေးပါမည်။
ကိုစိုးမိုး
Photo from Phyo Zaw Shwe








No comments:

Post a Comment