မြောက်ကိုးရိးယား ဒုံးလက်နက်အကြိမ်ကြိမ်စမ်းသပ်
မြောက်ကိုရီးယားနိုင်ငံဟာ ဇွန်လ ၈ ရက်နေ့က မြေပြင်ကနေ သင်္ဘောပစ်ဒုံးကျည်လို့ယူဆရတဲ့ ဒုံးကျည်အများအပြားကို အရှေ့ဘက်ကမ်းရိုးတန်းကနေ စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်ကပြောကြားခဲ့ပါတယ်။
ဒီဒုံးကျည်ပစ်လွှတ်မှုတွေဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ မြောက်ကိုရီးယားအပေါ် အရေးယူ ပိတ်ဆို့မှုတွေချမှတ်ပြီး တစ်ပတ်အတွင်းမှာ ပြုလုပ်ခဲ့တာဖ်ြစ်ပါတယ်။
အဲဒီဒုံးကျည်တွေကို မြောက်ကိုရီးယားကမ်းရိုးတန်း ၀မ်ဆန်မြို့ကနေ ဒီကနေ့မနက်ပိုင်းမှာ ပစ်လွှတ်ခဲ့ တာဖြစ်တယ်လို့ တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီပစ်လွှတ်မှုနဲ့ ပတ်သက်လို့တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်က အစည်းဝေးခေါ်ယူခဲ့ပေမဲ့ အသေးစိတ်ရှင်းပြဖို့ ငြင်းဆန်ခဲ့ပါတယ်။
တတိယမျိုးဆက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်လက်ထက်မှာ ဒုံးကျည်စမ်းသပ်မှုတွေကို မကြုံစဖူး အမြန်နှုန်းနဲ့ ပြုလုပ်နေတာဖ်ြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
Aye Aye Mon
Subscribe to:
Post Comments (Atom)
No comments:
Post a Comment