Latest News

Friday, June 16, 2017

အင်းစိန် ဂျီတီအိုင်ကို ဂျာမနီ အကူအညီ သင်ထောက်ကူပစ္စည်းဖြည့်ဆည်းမည်

အင်းစိန် ဂျီတီအိုင်ကို ဂျာမနီ အကူအညီ သင်ထောက်ကူပစ္စည်းဖြည့်ဆည်းမည်

လာမယ့် ဒီဇင်ဘာလမှာ ပထမနှစ်သင်တန်းဖွင့်လှစ်မှာ ဖြစ်ပါတယ်။

နေပြည်တော်၊ ဇွန် ၁၃ - အင်းစိန်ဂျီတီအိုင်ကျောင်း (စက်မှုလက်မှု သိပ္ဗံကျောင်း)ကို ဂျာမနီအစိုးရအကူ အညီနဲ့ မွမ်းမံပြင်ဆင်မှာဖြစ်ပါ တယ်။ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က ဆရာတို့ ဒီအဆောက်အအုံကိုပြန် လည်ပြင်ဆင်ဖို့ကို တာ ဝန်ယူပြီးတော့မှ  ဂျာမနီနိုင်ငံ အစိုးရ က ဒီသင်ထောက်ကူပစ္စည်းတွေကို သူတို့ကထည့်သွင်းဖြည့်ဆည်းပေးမှ ဖြစ်ပါတယ်လို့ ပြောတယ်။

ဂျာမနီနိုင်ငံအနေနဲ့ ငွေကြေးကူညီမှာ မဟုတ်ဘဲလိုအပ်တဲ့သင် ထောက်ကူစက်ပစ္စည်းတွေကို ဖြည့်ဆည်းပေးမှာဖြစ်ပါတယ်။ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန အနေနဲ့ကတော့  အဆောက်အအုံပြင်ဆင်တဲ့ အပိုင်းမှာတာဝန်ယူမှာပါ။ လက်ရှိ ဘဏ္ဍာနှစ်မှာသည်စီမံကိန်းအတွက်ရရှိထားတဲ့ ဘတ်ဂျက်နဲ့အသုံးပြုမှာဖြစ်တယ်။

သည်ကျောင်းဆောင် ပြန်လည်ဖွင့်လှစ်တဲ့ အခမ်းအနားကိုဇွန်လ  ၁၅ ရက်နေ့ ကျင်းပမှာပါ။ ဖွင့်ပွဲပြီးတာနဲ့ ပြန်လည်မွမ်းမံတဲ့ လုပ်ငန်းတွေ   ဆက်တိုက်လုပ်ဆောင်မယ်လို့သိရပါတယ်။ လာမယ့်  ဒီဇင်ဘာလမှာ ပထမနှစ် သင်တန်းဖွင့်လှစ်မှာဖြစ်တဲ့အ တွက်ကျောင်းဖွင့်ချိန်အမီပြုပြင်မှာဖြစ်ပါတယ်။

သည်နှစ်ထဲမှာပဲ တခြားစက်မှုအထက်တန်းကျောင်းတွေနဲ့အစိုးရ စက်မှုလက်မှု သိပ္ဗံကျောင်းတွေကိုလည်းမွမ်းမံပြင်ဆင်မှာဖြစ်ပါတယ်။
ဆရာတို့  အဲဒါတွေလုပ်ဖို့လဲ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ဆရာတို့  ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်ပါတယ်လို့ ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာအေးမြင့်က ပြောပါတယ်။ သည်နှစ် ဒီဇင်ဘာလထဲမှာ ပြန်လည်ဖွင့်လှစ်မယ့် အင်းစိန်ဂျီတီ အိုင်ကျောင်းဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် စက်တင်ဘာလမှာ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီက တစ်ဆင့်ပညာရေးဝန်ကြီး  ဌာနကိုလွှဲပြောင်းပေးအပ်ခဲ့တာဖြစ်ပါတယ်။

Author – မာရီခိုင်

Kumudra

No comments:

Post a Comment