Latest News

Tuesday, June 27, 2017

စလစ်ကပ်ကားတွေ လာမယ့်နှစ်ကစပြီး ဘယ်မောင်းတစ်မျိုးတည်း တင်သွင်းခွင့်ပြုဖို့ အစီအစဉ်မရှိသေး

စလစ်ကပ်ကားတွေ လာမယ့်နှစ်ကစပြီး ဘယ်မောင်းတစ်မျိုးတည်း တင်သွင်းခွင့်ပြုဖို့ အစီအစဉ်မရှိသေး

နေပြည်တော်၊ ဇွန် ၂၅ - လက်ရှိကားလောကမှာ သတင်းတွေ ထွက်ပေါ်နေတဲ့လာမယ့် နှစ်မှာစလစ်ကပ်ပြီး တင်သွင်းတဲ့ကားတွေကို ဘယ်မောင်းတစ်မျိုးတည်းသာ တင်သွင်းခွင့်ပြုဖို့စီစဉ်နေတယ်ဆိုတာဟာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ကတော့ လတ်တလောမှာ စီစဉ်ထားခြင်းမရှိသေးဘူးလို့သိရပါတယ်။

လက်ရှိကတော့ ဘာမှမရှိသေးဘူး၊ ဘာမှတော့ကြေညာတာမရှိ သေးဘူး၊ ဆွေးနွေးတာလဲမရှိသေးဘူး၊ ဒါပေမဲ့ နှစ်ဉ်နှစ်စဉ် Model Year ပြောင်းလဲမှုပေါ်မှာ မူတည်ပြီးတော့ ဘယ်လိုဆောင်ရွက် မယ်ဆိုတာတော့ ထွက်လာမှာ ပေါ့နော်၊ လက်ရှိမှာတော့ဘာမှမရှိ သေးဘူး ဒါနဲ့ပတ်သက်ပြီးလို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်ကျော်လောက်က သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ကားတင်သွင်းမှုနဲ့ ပတ်သက်ပြီး autopolicy ရေးဆွဲခဲ့ရာမှာ လာမယ့် ၂၀၁၈ ခုနှစ်မှာ ဘယ်မောင်းတစ်မျိုးတည်းသာတင်သွင်း ခွင့်ပေးမယ့်အချက်ပါဝင်ခဲ့တာကြောင့် လာမယ့်နှစ်မှာဘယ်မောင်း တစ်မျိုးတည်းကိုသာ တင်သွင်းခွင့်ပြုတော့မယ်လို့ လက်ရှိမှာ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါ့အပြင် မော်တော်ယာဉ် ဥပဒေ သစ်မှာမော်တော်ယာဉ်တင်သွင်းခြင်းဆိုင်ရာမူဝါဒများရေးဆွဲမယ့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း လာမယ့်နှစ်ကစပြီး ဘယ်မောင်းတစ်မျိုးတည်းကိုသာတင် သွင်းခွင့်ပြုဖို့စီစဉ်နေတယ်လို့လည်း ကားလောကမှာလတ်တလော သတင်းတွေထွက်ပေါ်နေပါတယ်။

အမှန်ကဘယ်မောင်းကလုပ်ရမှာ၊ ဘာလို့လဲဆိုတော့ ဦးတို့နိုင်ငံရဲ့ လမ်းစနစ်တွေက ဘယ်မောင်းပုံစံတွေလေ၊ အကျင့်မရှိတဲ့အတွက် အစပိုင်းမှာတော့ မောင်းတဲ့သူတွေအခက်အခဲဖြစ်နိုင်တာပေါ့၊ အကောင်အထည်ဖော်နိုင်ရင် တော့ ကောင်းမှာ၊ ကားဈေးကွက် ကတော့ပြောင်းလဲမှုတွေရှိမှာပေါ့လို့ ပဲခူးတိုင်းဒေသကြီးမှကားတင် သွင်းသူ ဦးဝင်းလှိုင်က ပြောပါတယ်။

လက်ရှိမှာတော့ ကားတင်သွင်းမှုနဲ့ ပတ်သက်ပြီး သည်နှစ်ရဲ့ မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မော်ဒယ်သတ်မှတ်ချက်အရ ၂၀၁၁ မော်ဒယ်မှ ၂၀၁၄ မော်ဒယ်အတွင်းရှိကားတွေကို ယာဉ်အို ယာဉ်ဟောင်းစနစ်နဲ့ တင်သွင်း ရာမှာ ဘယ်မောင်း၊ ညာမောင်း ကန့်သတ်ခြင်းမရှိဘဲ ခွင့်ပြုပေးနေပါတယ်။ ဘယ်မောင်းတစ်မျိုးတည်းကိုသာ တင်သွင်းခွင့်ပေးမယ်ဆိုရင် ကားဈေးကွက်အခြေအနေလည်း ပြောင်းလဲသွားနိုင်ပါတယ်။
မာရီခိုင်/Kumudra

No comments:

Post a Comment