Latest News

Saturday, June 3, 2017

ဩစတြေးလျားပင်လယ်နက်ထဲတွေ့ရတဲ့ မျက်နှာမရှိတဲ့ငါး

ဩစတြေးလျားပင်လယ်နက်ထဲတွေ့ရတဲ့ မျက်နှာမရှိတဲ့ငါး

မေ ၃၁ – အရင်ကတစ်ခါမှမစူးစမ်းဖူးတဲ့ သမုဒ္ဒရာရဲ့အပိုင်းတွေကို လေ့လာတဲ့ ဩစတြေးလျားရေနက်ပိုင်း စူးစမ်းလေ့လာရေးအဖွဲ့ဟာ မျက်နှာမပါတဲ့ငါးနဲ့ တခြားထူးဆန်းတဲ့ ရေနေသတ္တဝါတွေ၊ မျိုးစိတ်သစ်တွေကိုတွေ့ရှိခဲ့ ပါတယ်။

နိုင်ငံ့အရှေ့ပိုင်း ရေနက်ပိုင်းထဲကို တစ်လကြာရှာဖွေမှုမှာ မျက် နှာပြင်အောက် လေးကီလိုမီတာနက်တဲ့ မည်းမှောင်အေးစက်တဲ့ အသူတရာနက်ချောက်ထဲကို ပိုက်ကွန်၊ ဆိုနာနဲ့ပင်လယ်နက်ပိုင်း ကင်မရာတွေကိုသုံးပြီး လေ့လာခဲ့ပါတယ်။

The  Investigator သင်္ဘောပေါ် သိပ္ဗံပညာရှင်ချုပ် တင်အိုဟာရာက အခုရှာဖွေတဲ့နေရာဟာ ကမ္ဘာမှာလုံးဝမရှာဖွေရသေးတဲ့ပတ်ဝန်းကျင် တည်ရှိတယ်လို့ဆိုပါတယ်။
အနီတောက်တောက် ကျောက်ကဏန်းတွေ၊ ဖောသွပ်သွပ် ခေါင်းတလားငါး၊ မျက်ကန်းပင်လယ်ပင့်ကူတွေနဲ့ ပင်လယ်ရေ နက်ပိုင်းငါးရှဥ့်တွေဟာ မေ ၁၅ က စတင်တဲ့ စူးစမ်းလေ့လာမှုမှာ  တွေ့ရှိခဲ့တာတွေဖြစ်ပါတယ်

သူတို့ဟာထူးခြားတဲ့ မျက်နှာမဲ့ ငါးတစ်မျိုးကိုလည်းတွေ့ရှိခဲ့ပြီး ဒီငါးကို ၁၈၇၃ ခုနှစ်က ပါပူဝါနယူးဂီနီမှာတစ်ကြိမ်သာတွေ့ရှိခဲ့ဖူးပါတယ်။ ဒီငါးမှာ မျက်လုံးနဲ့ နှာခေါင်းမပါဘူး၊ ပါးစပ်ကအောက်ဘက် မှာရှိတယ်လို့ အိုဟာရာက သင်္ဘောပေါ်ကပြောပါတယ်။
အဲသည်လောက်ရေနက်တဲ့နေရာမှ မှောင်လွန်းတဲ့အတွက် သတ္တဝါတွေဟာ မျက်လုံးမပါတာ၊ ဒါမှမဟုတ် ကိုယ်ပိုင်အလင်းရောင် ဖြာထွက်တာတွေရှိကြတယ်လို့ သူကဆက်ပြောပါတယ်။

Author – စုပြည့်စုံ
[ref: AFP, May 31, 2017.]

Kumudra

No comments:

Post a Comment