Latest News

Saturday, June 3, 2017

“ဘဝ အတွက် အရေးကြီးတဲ့ အိပ်ချိန်”

“ဘဝ အတွက် အရေးကြီးတဲ့ အိပ်ချိန်”

ကိုယ်ပိုင်လုပ်ငန်း လုပ်သည်ဖြစ်စေ၊မလုပ်သည်ဖြစ်စေအိပ်ချိန်ဟာ သင့်ဘဝ နဲ့တိုက်ရိုက်ပတ်သက်နေပါတယ်။ဒီခေတ်မှာ စောစောအိပ်ရာဝင်တဲ့သူဆိုတာ ရှားပါးလာပါတယ်။ ကျွန်တော် လည်း လွန်ခဲ့တဲ့တစ်နှစ်လောက်က
ည၁နာရီမထိုးခင် မအိပ်တတ်ပါဘူး။ ဘာလုပ်နေလဲလို့မေးရင် ဘာမှလည်း ရေရေရာရာ ပြန်ပြောစရာမရှိပါဘူး။ဖင်လှည့်ခါင်းလှည့်နဲ့ တစ်နာရီမရောက်သေးရင်ပဲမအိပ်သင့်သေးသလိုလိုဖြစ်နေခဲ့ပါတယ်။ အကျိုးဆက်က နောက်နေ့အလုပ်သွားတဲ့အခါ ခေါင်းမကြည်ခြင်းပါ။ အိပ်ရေးမဝတဲ့နေ့ ဟာ ဒုက္ခတော်တော်ရောက်လေ့ရှိပါတယ်။

အိပ်ချင်မူးတူးနဲ့ရုံးလာတတ်တဲ့ သူငယ်ချင်း တစ်ယောက်ကိုလည်း တွေ့ဖူးပါတယ်။ ကြာတော့ သူလည်း Stressတွေများလာခဲ့တာကို တွေ့ခဲ့ရပါတယ်။ နောက်တော့မှ ကျွန်တော် ကိုယ်တိုင်လည်း အိပ်ချိန် ရဲ့ အရေးပါပုံကိုသတိပြုမိလာပြီး အကျင့်ကိုပြင်ခဲ့တာပါ။ ၁၁ရီနောက်အကျဆုံးထားပြီး အိပ်ရာဝင်နိုင်အောင် ကြိးစားပါတယ်။ တစ်ညကို ၇နာရီအနည်းဆုံးအိပ်နိုင်အောင်ကြိုးစားခဲ့ပါတယ်။ တကယ်လည်းလက်တွေ့ဘဝမှာအများကြီး အထောက်အကူပြုခဲ့ပါတယ်။

လူတစ်ယောက်ဟာ အိပ်ချိန် ဘယ်လောက်လိုလဲဆိုတာကို ၆နာရီ၊ ၇နာရီ၊ ၈နာရီ စသဖြင့် အမျိုးမျိုးပြောလေ့ရှိကြပါတယ်။ တကယ်တော့ မိမိ သာအသိဆုံးပါ။ ကျွန်တော်ဆိုရင် ၇နာရီလောက်မအိပ်ရရင်စိတ်မကြည်ပါဘူး။ သင်လည်း ဘယ်လောက်အိပ်ရင် အိပ်ရေးဝလည်း ဆိုတာ သင်အသိဆုံးဖြစ်မှာပါ။ ညဘက်ကို တကယ်အကျိုးရှိတာလုပ်မနေဘူးဆိုရင် စောစောအိပ်ဖို့တိုက်တွန်းချင်ပါတယ်။ လုံလောက်တဲ့ အိပ်ချိန် ရမှ မိမိ ရဲ့ ခန္ဓာကိုယ် ဟာလည်း အားအင်ပြန်လည်ပြည့်ဝလာမှာဖြစ်ပါတယ်။ အားအင်ပြည့်မှလည်း မိမိ လုပ်ချင်ရာကိုအာရုံစူးစိုက်နိုင်မှာဖြစ်ပါတယ်။

တဖြည်းဖြည်းပြောင်းလဲယူရင်ရပါတယ်။ အချိန်တော့
နည်းနည်းပေးရပါတယ်။

Credit : မိုးရှင်း (I.M.T)

No comments:

Post a Comment