Latest News

Friday, June 23, 2017

ရန်ကုန်တိုင်း ၌ ၁၇ လအတွင်း လူသတ်မှု အပါအဝင် အမှုကြီး ၆၀၀ ကျော်ဖြစ်ပွားဖော်ထုတ်တရား စွဲရန်ကျန်သည့် အမှု ၁၀၀ ကျော်ရှိ

ရန်ကုန်တိုင်း ၌ ၁၇ လအတွင်း လူသတ်မှု အပါအဝင် အမှုကြီး ၆၀၀ ကျော်ဖြစ်ပွားဖော်ထုတ်တရား စွဲရန်ကျန်သည့် အမှု ၁၀၀ ကျော်ရှိ

ပတ္တမြားမြို့သစ်တွင် ဖြစ်ပွားခဲ့ သော လေးလောင်းပြိုင် လူသတ်မှု ၌ သေဆုံးသူများအတွက် ရည်စူးလှူဒါန်းနေစဉ် (ဓာတ်ပုံ − စိုင်းဇော်)
ရန်ကုန်တိုင်းဒေ သကြီးအတွင်း ၂၀၁၆ နှင့် ၂၀၁၇ မေလအထိ လူသတ်မှု အပါအဝင် အမှုကြီးခြောက်ရာကျော်ဖြစ်ပွား ခဲ့ရာ ဖော်ထုတ်တရားစွဲရန် ကျန် သည့် အမှု တစ်ရာကျော်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၏ လွှတ် တော်သို့လာရောက်ရှင်းပြချက်အ ရ သိရသည်။

‘‘၂၀၁၆-၂၀၁၇ မေလအထိ အမှုကြီး ဆယ်မျိုးအနေနဲ့ ၆၆၆ မှု ဖြစ်ပွားခဲ့ပြီးတော့ ၅၄၉ မှုကိုတ ရားစွဲတင်နိုင်ခဲ့ပြီး ၁၅ မှုပိတ်သိမ်း တဲ့အတွက် အမှု လက်ကျန်အနေ နဲ့ ၁၀၂ မှုကျန်ရှိကြောင်းတင်ပြ အပ်ပါတယ်’’ ဟု ဗိုလ်ချုပ်အောင် စိုးက ဇွန်လ ၂၁ ရက်တွင်ကျင်းပ သည့် အမျိုးသားလွှတ်တော် အစည်းအဝေး ၌ ရှင်းလင်းတင်ပြ သည်။

ရန်ကုန်တိုင်းဒေသကြီး မဲ ဆန္ဒနယ်အမှတ် (၁၀) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် နော် လှလှစိုး၏ မှုခင်းကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်သူများ၏လုံခြုံ ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ် ငန်းများတွင် မည်ကဲ့သို့အစီအ စဉ် ချမှတ်ဆောင်ရွက်ထားသည် ကိုသိလိုကြောင်း မေးမြန်းသည့်အပေါ် ဒုဝန်ကြီးက ယင်းသို့ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

ဒုဝန်ကြီးကအမှုကြီးမဟုတ် သည့် အခြား အမှု များ ဖြစ်ပွားခဲ့မှု အခြေအနေများကိုလည်း ရှင်း လင်းရာအခြားအမှု ဆယ်မျိုးဖြစ် ပွားမှုသည် အမှုပေါင်းနှစ်သောင်း တစ်ထောင်ကျော်ဖြစ်ပွားခဲ့ပြီး ယင်းအမှုများအနက် ၁၅,၀၄၆ မှုကိုတရားစွဲတင်နိုင်ခဲ့ကြောင်း ၁,၅၅၁ မှုကို အမှုပိတ်သိမ်းခဲ့ပြီး လက်ကျန်အမှု ၄,၉၀၈ မှုကျန်ရှိနေကြောင်းရှင်းပြသည်။

တရားခံပြေးများပြစ်မှုထပ်မံ ကျူးလွန်နိုင်သောကြောင့်ဖမ်းဆီး ရမိရေး ဆောင်ရွက်ခဲ့ရာ ၂၀၁၅ တွင်တရားခံပြေး ၃,၃၉၈ ဦး၊ ၂၀၁၆ တွင် ၂,၃၁၂ ဦးနှင့် ၂၀၁၇ မေလ အထိ ၉၅၆ ဦးဖမ်းမိခဲ့ကြောင်း ဒုဝန်ကြီးကပြောသည်။

‘‘မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ နှစ်စဉ်မှုခင်းကျဆင်းရေးအတွက် မှုခင်းအများဆုံးဖြစ်ပွားတဲ့တိုင်း ဒေသကြီးပြည်နယ် အများဆုံးဖြစ် ပွားတဲ့ မှုခင်းတွေအပေါ်မှာ စိစစ် သုံးသပ်ပြီး မှုခင်းကျဆင်းရေးကို လည်း စီမံချက်များရေးဆွဲဆောင် ရွက်လျက်ရှိပါတယ်။ ရန်ကုန် တိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ မှုခင်းကြို တင်ကာကွယ်ရေးနဲ့ မှုခင်းကျဆင်း ရေးလုပ်ငန်းများကို ထိထိမိမိ ဆောင်ရွက်နိုင်ဖို့အတွက်ကို လည်း စွန်ရဲစီမံချက်ကို ၂၀၁၇ မတ်လ ၁ ရက်နေ့ကစတင်ပြီး အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိ ပါတယ်’’ ဟု ဒုဝန်ကြီးဗိုလ်ချုပ် အောင်စိုးကပြောသည်။

မေးခွန်းရှင် နော်လှလှစိုးက အင်းစိန်မြို့နယ် အတွင်း ဖြစ်ပွားခဲ့ သည့် လူသတ်မှု၊ ဖောက်ထွင်းမှု အပါအဝင်မှုခင်း ဖြစ်စဉ်များနှင့် ပတ်သက်ပြီး မေးမြန်းခဲ့သည်များ ကို ဗိုလ်ချုပ်အောင်စိုး က မှုခင်း တစ်ခုချင်းစီအလိုက် ရဲတပ်ဖွဲ့က ဆောင်ရွက်ထားရှိမှု အခြေအနေ များ ပြန်လည်ရှင်းလင်းခဲ့သည်။

‘‘မင်္ဂလာဒုံမြို့နယ်ရွှေနံ့သာ ကျေးရွာအုပ်စု ပတ္တမြားမြို့သစ်မြ အေးချမ်းလမ်းမှာနေတဲ့ မိသားစု ဝင်လေးဦး နေအိမ်အတွင်းမှာ အ သက်ခံရတဲ့မှုခင်းနဲ့ပတ်သက်ပြီး တော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ မှုခင်း ရဲတပ်ဖွဲ့မှ အထူးအမှုစစ်အ ဖွဲ့ ဖွဲ့စည်းပြီးတော့လည်း စုံစမ်း စစ်ဆေးဆောင်ရွက်လျက်ရှိပါ တယ်။ ဒါ့အပြင် မေးခွန်းမှာပါရှိတဲ့ အင်းစိန်မြို့နယ်မှာ တစ်ညတည်း သုံးအိမ်ဆက်တိုက်ဖောက်ထွင်းခံ ရတာနဲ့ ပတ်သက်လို့လည်း လက် ရှိအခြေအနေမှာ အမှု ဖွင့်ထား ခြင်းမရှိသော်လည်းပဲ ရဲစခန်းအ နေနဲ့ တခြားခိုးမှုများမှ တရားခံ များဖမ်းဆီးမှုမှာအဆိုပါဖြစ်စဉ် များနဲ့ ဆက်စပ်ပြီး ဥပဒေ နဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ် ပါတယ်။ အင်းစိန်မြို့နယ် မှာဖြစ် ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှုနဲ့ စပ် လျဉ်းပြီးတော့လည်း ဖြစ်စဉ်ဖြစ် ပွားခဲ့ပြီးနောက် ၁၃.၆.၂၀၁၆ မှာ အမှုဖွင့်ထားပြီး မြောက်ပိုင်း ခရိုင် ကနေအမှုအမှတ် ၁၁၉/၂၀၁၆ နဲ့ လည်း လက်ခံစစ်ဆေးဆောင် ရွက်လျက်ရှိပါတယ်’’ ဟု ဗိုလ်ချုပ် အောင်စိုးကပြောသည်။

ထို့အပြင် အင်းစိန်မြို့နယ် အတွင်း ဖြစ်ပွားခဲ့သည့် ကတ် ကြေးထိုးမှုနှင့်ပတ်သက်ပြီး တရား ခံကို ဖမ်းဆီးရမိပြီးတရားစွဲဆိုနေ ကြောင်း၊ အခြားအမှုများနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့၏ဆောင်ရွက်နေမှုများကို ဒုဝန်ကြီးက ရှင်းပြ သည်။

7Day News

No comments:

Post a Comment