Latest News

Saturday, June 17, 2017

မန္တလေးအိုးဘိုအကျဉ်းထောင်စာစစ်ဌာနမှ ၃ဘာသာဂုဏ်ထူးရ အကျဉ်းသူ တစ်ဦး ပေါ်ထွက်ခဲ့

မန္တလေးအိုးဘိုအကျဉ်းထောင်စာစစ်ဌာနမှ ၃ဘာသာဂုဏ်ထူးရ အကျဉ်းသူ တစ်ဦး ပေါ်ထွက်ခဲ့

ပညာရေးဝန်ကြီးဌာနက အင်းစိန်အကျဉ်းထောင်၊မန္တလေး အိုးဘိုအကျဉ်းထောင်၊သာယာဝတီနှင့် ဘားအံ့ အကျဉ်းထောင် ၄ခုတို့တွင် စာစစ်ဌာန (၄)ခု ဖွင့်၍ ၂၀၁၇ တက္ကသိုလ်ဝင်စာမေးပွဲကို စစ်ဆေးပေးခဲ့ရာ ၀င်ရောက်ဖြေဆိုကြသည့်အကျဉ်းသား/သူ၊အချုပ်သား ၄၁ဦး ရှိခဲ့သည်။

မန္တလေးအိုးဘို အကျဉ်းထောင် စာစစ်ဌာန တွင် အကျဉ်းသား ၉ဦး၊အကျဉ်းသူ ၂ဦး ၀င်ဖြေခဲ့ရာ အောင်မြင်သူ ကျား ၆၊မ ၁ ရှိခဲ့သည်။
ထိုထဲတွင် အကျဉ်းသား ၄ဦးက ဇီဝဗေဒ၊လောကဗေဒ ဂုဏ်ထူး ၁ခုစီ နှင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် အပြင်၊အကျဉ်းသူ ၁ဦးမှာလည်း ပထ၀ီ၊သမိုင်း၊ဘောဂ ဂုဏ်ထူး ၃ခု ရခဲ့သည်။

မန္တလေးအိုးဘိုအကျဉ်းထောင် စာစစ်ဌာန သည် ယခုနှစ်မှ စတင်ဖွင့်လှစ်ခွင့်ရသည့် စာစစ်ဌာနတစ်ခုဖြစ်သည်။

အင်းစိန်အကျဉ်းထောင် စာစစ်ဌာနတွင် ယခုနှစ်ဖြေဆိုသူ အကျဉ်းသား ၂၇ဦး၊အကျဉ်းသူ ၁ဦး ရှိခဲ့ရာ အောင်မြင်သည့် အကျဉ်းသား ၉ဦးသာ ရှိခဲ့သည်။

အင်းစိန်အကျဉ်းထောင် စာစစ်ဌာ၏ ယခု ၂၀၁၇ တက္ကသိုလ်ဝင်စာမေးပွဲ ရလဒ် သည်

၂၀၁၆ ပညာသင်နှစ်က အကျဉ်းသား၁၇ ဦး ဖြေဆိုခဲ့ရာ၌ ၁၁ ဦး အောင်မြင်ခဲ့ကာ တစ်ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ နှစ်ဦးရှိခဲ့သည့် စံချိန်သစ်ကို မမှီတော့ဘဲ ကျဆင်းသွားသည်။

အလားတူ အကျဉ်းသားတစ်ဦးစီက တောင်းဆိုလာ၍ သာယာဝတီနှင့် ဘားအံ့ အကျဉ်းထောင် တို့တွင် စာစစ်ဌာန၂ခု ဖွင့်ပြီး စစ်ဆေးပေးခဲ့သည့်သာယာဝတီနှင့် ဘားအံ့ အကျဉ်းထောင်စာစစ်ဌာနမှ ၀င်ဖြေသည့် အကျဉ်းသား ၂ဦးမှာလည်း စာမေးပွဲကျခဲ့သည်။

ထို၂ဦးသည် ထောင်အတွင်းစာသင်ရင်း ဖြေဆိုခဲ့ကြသူများမဟုတ်ကြဘဲ၊စာမေးပွဲ ဖြေခွင့်တင်ထားပြီး အမှု ဖြစ်၍ ထောင်ထဲ ရောက်လာကြသူများဖြစ်သည်။

အဆိုပါ ၂ဦးကို နှုတ်ပြီး စာဖြေအကျဉ်းသား/သူ တို့၏ အောင်ချက် ရာခိုင်နှုန်းကို ပညာရေးဝန်ကြီးဌာနက ၃၉ဦးဖြေ၊၁၆ဦးအောင် အောင်ချက်ရာခိုင်နှုန်း ၄၁ဒသမ၀၂ရာခိုင်နှုန်းဟု သတ်မှတ်လိုက်သည်။

Popular News Journal

No comments:

Post a Comment