Latest News

Thursday, June 15, 2017

အမေရိကန်ရဲ့ဒုံးဖျက်စနစ်ကို မသင်္ကာဖွယ်မြောက်ကိုရီးယားဒရုန်း လျှို့ဝှက်ထောက်လှမ်းခဲ့ဟုဆို

အမေရိကန်ရဲ့ဒုံးဖျက်စနစ်ကို မသင်္ကာဖွယ်မြောက်ကိုရီးယားဒရုန်း လျှို့ဝှက်ထောက်လှမ်းခဲ့ဟုဆို

ဇွန် ၁၃ – မသင်္ကာဖွယ်မြောက်ကိုရီးယားဒရုန်းတစ်စင်းဟာ မပျက်ကျခင်အချိန်မှာ တောင်ကိုရီးယားနိုင်ငံမှာ ရှိတဲ့ အမေရိကန်ရဲ့အဆင့်မြင့်ဒုံးဖျက်ဘတ္ထရီတစ်ခုကို ဓာတ်ပုံရိုက်ယူခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က အင်္ဂါနေ့ကပြောပါတယ်။

ကင်မရာတစ်ခုတပ်ဆင်ထားတဲ့ သည်ဒရုန်းကို မြောက်ကိုရီးယားနယ်စပ်တောတစ်ခုအနီးမှာ ပြီးခဲ့တဲ့အပတ် ကတွေ့ရှိခဲ့ပါတယ်။ သည်ဒရုန်းဟာ ၂၀၁၄ ခုနှစ်တုန်းက သည်နယ်စပ်အနီးက ကျွန်းတစ်ကျွန်းပေါ်မှာပဲတွေ့ရှိခဲ့တဲ့ မြောက်ကိုရီးယားရဲ့ဒရုန်းတစ်ခုနဲ့ အရွယ်အစားရော ပုံစံပါတူပါတယ်။

‘ သည်ဒရုန်းက THAAD စနစ်ကို ဓာတ်ပုံ ၁၀ ပုံရိုက်ကူးခဲ့တာကို ကျွန်တော်တို့အတည်ပြုနိုင်တယ်’ လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနအရာရှိတစ်ဦးက တယ်လီဖုန်းနဲ့ပြောပါတယ်။
အဆိုပါဒရုန်းဟာ မြောက်ကိုရီးယားဘက်ကဖြစ်တယ်လို့ သံသယရှိကြောင်း သည်အရာရှိကပဲ ပြောပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားဒရုန်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ စီမံချက်တွေလုပ်ဆောင်သွားမယ်လို့လည်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်ရုံးက အရာရှိတစ်ဦးကပြောပါတယ်။ မြောက်ကိုရီးယားကဒရုန်းတွေဟာ တောင်ကိုရီး ယားနိုင်ငံကို အကြိမ်များစွာပျံသန်းခဲ့ဖူးပါတယ်။

မြောက်ကိုရီးယားမှာ ထောက်လှမ်းဖို့အပြင် တိုက်ခိုက်ရေးသုံးဒရုန်းတွေအပါအ၀င် ပုံစံမတူတဲ့ ဝေဟင်သုံး မောင်းသူမဲ့ယာဉ် အမျိုးအစားပေါင်း သုံးရာခန့်ရှိတယ်လို့ ကုလသမဂ္ဂရဲ့ပြီးခဲ့တဲ့နှစ် အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြထားပါ တယ်။

Author – ချိုလေးငယ်
[ref:Reutes. Jun 13, 2017]
Kumudra

No comments:

Post a Comment