Latest News

Sunday, June 25, 2017

တရားခံပြေးအောင်ဝင်းခိုင်ကို ရှာဖွေဖမ်းဆီးမှု ရပ်ဆိုင်း

တရားခံပြေးအောင်ဝင်းခိုင်ကို ရှာဖွေဖမ်းဆီးမှု ရပ်ဆိုင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကိုလုပ်ကြံဖို့ နောက်ကွယ်ကနေစေခိုင်းသူ တရားခံပြေး အောင်ဝင်းခိုင် ဖမ်းဆီးရှာဖွေမှုကို ရပ်ဆိုင်းလိုက်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးနေလက ပြောပါတယ်။

ဒီလိုရှာဖွေဖမ်းဆီးမှုရပ်ဆိုင်းတာကို ရန်ကုန်မြို့၊ မြောက်ပိုင်းခရိုင်တရားရုံးက ဇွန်လ ၂၃ ရက်နေ့မှာ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ “နစ်နာသူဘက်က တော်တော်စိတ်မချမ်းမသာ ဖြစ်တယ်။ တရားခံပြေးအမှုကို စစ်ဖို့ရပ်ဆိုင်းလိုက်ပြီ။ တရားခံပြေး ကြေညာလိုက်ပြီ”လို့ တရားလွှတ်တော်ရှေ့နေ ဦးနေလက ပြောပါတယ်။
ဇွန်လ ၂၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ၁၃ ကြိမ်မြောက်ရုံးချိန်းမှာ ကြည်လင်း၊ အောင်ဝင်းခိုင်၊ အောင်ဝင်းထွန်း၊ ဇေယျာဖြိုးတို့ကို ရုံးထုတ်ပြီး

တရားခံပြေးအမှုအောင်ဝင်းခိုင်ဖမ်းဆီးရှာဖွေရေးအတွက် မေးမြန်းရာမှာ ရဲမှူးကြီး တင်မောင်ဆွေက ဖမ်းဝရမ်းအတိုင်း ရှာဖွေဆောင်ရွက်ကြောင်းနဲ့ နိုင်ငံတကာရဲတပ်ဖွဲ့ကိုလည်း အကြောင်းကြားထားကြောင်းပဲ ထွက်ဆိုခဲ့ပါတယ်။

“ထွက်ဆိုချက်သက်သေခံချက်ပေးဖို့ပြောတာ သူတို့ဆောင်ရွက်ချက်တွေ အားလုံး ဘယ်လိုဆောင်ရွက်မလဲ ပြောတာ။ တရားရုံးကို တင်ပြဖို့ပြောတာ။ သူတို့ဆောင်ရွက်တယ်မဆောင်ရွက်ဘူး ပြောတာ မဟုတ်ဘူး။ အဲဒီအပိုင်းနဲ့ပတ်သက်ပြီး တရားရုံးကိုတင်ပြဖို့ တာဝန်ရှိတယ်။ တရားရုံးက ဒါကိုလည်းပဲ မေးမြန်းဖို့တာဝန်ရှိတယ်”လို့ ဦးနေလက ပြောပါတယ်။

ဒါ့ကြောင့်တရားခံပြေးအမှုကို ရပ်ဆိုင်းလိုက်တဲ့အတွက်လာမယ့် ရုံးချိန်း ဇွန်လ ၃၀ ရက်နေ့မှာ မြောက်ပိုင်းခရိုင်တရားရုံး (အင်းစိန်) မှာ ကျန်ရှိနေတဲ့ အမှုကြီးတွေကို စတင်စစ်ဆေးမှာဖြစ်ပါတယ်။

Source : The Voice

Duwun

No comments:

Post a Comment