Latest News

Wednesday, June 7, 2017

ပျက်ကျ လေယာဉ် ရှာဖွေဆဲဟု တပ်မတော် ပြော

ပျက်ကျ လေယာဉ် ရှာဖွေဆဲဟု တပ်မတော် ပြော

ထားဝယ်မြို့ အနောက်ဘက် မိုင် ၂၀ ခန့်တွင် ပျက်ကျသွားသော တပ်မတော်ပို့ဆောင်ရေး Y-8-200 F လေယာဉ်ကို ဆက်လက်ရှာဖွေနေဆဲဟု တပ်မတော် သတင်းအမှန်ပြန်ကြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး မြတ်မင်းဦးက ဧရာဝတီသို့ ပြောဆိုသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ စစ်သည်/မိသားစု ၁၀၆ ဦးနှင့် လေယာဉ်အမှုထမ်း ၁၄ ဦး လေယာဉ်ပေါ်တွင် ပါကြောင်း သိရသည်။ The Ladies News က အသက်ရှင်သူ ၂၀ ဦးနှင့် အလောင်း ၉၃ လောင်း ဆယ်ယူရရှိထားကြောင်း ဖော်ပြခဲ့သော်လည်း တပ်မတော်ဘက်က အတည်ပြုခြင်း မရှိသေးပါ။ "ကျ​နော်​တို့ အခုထက်​ထိ ရှာ​ဖွေ​နေတုန်းပါ။ ​သ​င်္ဘော ၆ စီး အပါအဝင်​ ​လေယာဉ်​​တွေနဲ့ပါ ရှာ​ဖွေ​နေတုန်းပါ။ ဘယ်​သူ​တွေ ​ပျောက်​တယ်​ဆိုတာ အခုထိ မ​သေချာ​သေးဘူး။ ​သေဆုံးစာရင်းလည်း မဟုတ်​​သေးဘူး" ဟု ​ဗိုလ်​မှူးကြီး မြတ်​မင်းဦးက ​ပြောသည်​။  နေပြည်တော်ရှိ တပ်မတော် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ရဲဝင်းကလည်း သဘောင်္အစီးရေ တိုးရှာရန် ရှိကြောင်း ပြောဆိုသည်။ အဆိုပါ လေယာဉ်မှာ ၂၀၁၆ ခုနှစ်၊ မတ်လတွင် နောက်ဆုံးရောက်ရှိခဲ့သည့် လေယာဉ်ဖြစ်ပြီး တပ်မတော်(လေ)တွင် ၈၀၉ နာရီ ပျံသန်းအသုံးပြုခဲ့ပြီးဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

ဧရာဝတီ

No comments:

Post a Comment