Latest News

Wednesday, June 7, 2017

ရန်ကုန်တိုင်း အတွင်း ကျောင်သားဦးရေ ခြောက်သောင်းကျော် ကျောင်းအပ်ဖို့ ကျန်နေ

ရန်ကုန်တိုင်း အတွင်း ကျောင်သားဦးရေ ခြောက်သောင်းကျော် ကျောင်းအပ်ဖို့ ကျန်နေ

ကျောင်းမအပ်နိုင်သေးတဲ့ ကလေး တွေကို ဆရာ ဆရာမ တွေကိုယ်တိုင် ဇွန်လကုန် အထိ ကျောင်းအပ်လက်ခံပေးမယ်လို့ သိရပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကျောင်းသားဦးရေ ၆၀,ဝ၀ဝ ကျော် ကျောင်းအပ်ဖို့ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
“ကျန်နေတဲ့ ကျောင်းသား တွေကို ဘာကြောင့် လာမအပ်သေးတာလဲ၊ ခရီးလွန်တာလား ဒါမှမဟုတ် ပြောင်းရွှေ့ကြတာလားဆိုတာ ဒီအပတ်ထဲကစပြီး ဆရာမ တွေ စာရင်းတွေ လိုက်ကောက်မှာပါ၊ သက်ဆိုင်ရာ အတန်းပိုင်တွေက သူ့အတန်းထဲက မလာသေးတဲ့ ကလေးတွေရဲ့ အိမ်တွေကိုလိုက်ပြီး အကျိုးအကြောင်းမေးပြီး စာရင်းပြုစုရမယ်”လို့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးက ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလဲ့ က ပြောထားကြောင်း Kumudra ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ကျောင်းအပ်နှံရေးကာလ ပြီးဆုံးတဲ့အချိန်နောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမအပ်နှံသေးတဲ့ ကလေးတွေကို ဆရာ ဆရာမ တွေကိုယ်တိုင် လိုက်လံစည်းရုံးမှာဖြစ်ပြီး ဇွန်လ ဒုတိယပတ်လောက်အထိ ကျောင်းသားတွေကို လိုက်လံစည်းရုံးဖို့ ဆရာ ဆရာမ တွေကို ညွှန်ကြားထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ကျောင်းအပ်နှံရေး ရက်သတ္တပတ်အတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမအပ်နိုင်သေးတဲ့ ကလေးတွေကို ဆရာဆရာမတွေကိုယ်တိုင် ဇွန်လကုန်အထိ ကျောင်းအပ်လက်ခံပေးမယ်လို့ သိရပါတယ်။
ယခု ၂၀၁၇-၂၀၁၈ ပညာသင်နှစ် အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းတွေမှာ လာရောက်ကျောင်းအပ်နှံဖို့ ခန့်မှန်းစာရင်းကောက်ယူထားရာမှာ စုစုပေါင်း ကျောင်းသား ကျောင်းသူ ဦးရေ ၁၀ သိန်းနီးပါးရှိပြီး လက်ရှိမှာတော့ ကျောင်းသားဦးရေ ကိုးသိန်းကျော် လာရောက်အပ်နှံထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးက ကောက်ယူတဲ့ စာရင်းတွေအရ သိရကြောင်း Kumudra ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

Credit : kumudra

No comments:

Post a Comment