Latest News

Monday, June 12, 2017

မြောက်ကိုရီးယားအပေါ် ကန့်သတ်မှု ထင်သလောက်အရာမရောက်

မြောက်ကိုရီးယားအပေါ် ကန့်သတ်မှု ထင်သလောက်အရာမရောက်

မြောက်ကိုရီးယားနိုင်ငံအပေါ် ကန့်သတ်ပိတ်ဆို့ထားတဲ့ ကုလသမဂ္ဂရဲ့ အစီအစဉ်တွေဟာ မျှော်မှန်းထားသလို အောင်မြင်ခြင်းမရှိဘူးလို့ ကုလ-  အစီရင်ခံစာတခုမှာ ဖေါ်ပြထားပါတယ်။

 မြောက်ကိုရီးယားနိုင်ငံရဲ့ ကုန်စည်ရောင်းဝယ်ရေးနဲ့ ငွေပေးငွေယူ    ကိစ္စတွေဟာ ဆိုင်ဘာမှုခင်းသမားတွေ နဲ့  ရှားပါး တောရိုင်း တိရိစ္ဆာန်ရောင်းဝယ်သူတွေ အသုံးပြုတဲ့ နည်းလမ်းတွေကို သုံးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအစီရင်ခံစာကို ၀ါရှင်တန် ဒီစီ အခြေစိုက် C4ADS  ပညာရှင်အဖွဲ့က ထုတ်ပြန်တာဖြစ်ပြီး ထုတ်ပြန်ချက်ထဲမှာ ကန့်သတ်ပိတ်ဆို့မှုတွေဟာ  မြောက်ကိုရီးယားကို အထီးကျန်မှုမဖြစ်စေသလို သူ့ရဲ့ ကွန်ယက်တွေက တဆင့် နိုင်ငံတကာအတွင်း ၀င်ဆန့်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ တကယ်တမ်းမှာ  တားစီးပိတ်ဆို့တာတွေများလာလေ မြောက်ကိုရီးယားနိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာ ကွန်ရက်တွေက အရေးပါ လာလေ ဖြစ်နေတယ်လို့ဆိုပါတယ်။

မြောက်ကိုရီးယားအနေနဲ့ အဲ့ဒီကွန်ရက်တွေကို သုံးပြီး တရားဝင်ကုန်သွယ်မှုတွေကို ဘယ်လို ဆောင်ရွက်မလဲဆိုတဲ့ အချက်ကို ရရှိနေတယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ မနှစ်ကထုတ်ပြန်တဲ့ C4ADS အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ တရုတ်စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတဦးရဲ့ တရားဝင်လုပ်ငန်းတွေနဲ့ မြောက်ကိုရီးယားနဲ့ ဆက်နွယ်မှုတွေကို ဖေါ်ပြခဲ့ပါတယ်။

RFA

No comments:

Post a Comment