မော်တော်ယာဉ်ပျောက်ဆုံးကြောင်း သတင်းရလျင်ရချင်း ရဲတပ်ဖွဲ့ဝင်များက ကြိုးပမ်းအားထုတ်ရှာဖွေခဲ့သဖြင့် ပြန်လည်တွေ့ရှိကာ ပိုင်ရှင်ထံပြန်လည်အပ်နှံ
ရန်ကုန်၊ ဇွန် ၂၅
ဇွန်လ ၂၄ ရက်နေ့ နံနက် ၁ နာရီခန့်အချိန်တွင် တောင်ဥက္ကလာပမြို့နယ်နေ ထိုင်းနိုင်ငံသား Mr.Ekachai ၊ (၃၉)နှစ်၊ CP ကြက်ကြော်ကုမ္ပဏီမန်နေဂျာ Passport No.AA1114223, Business Visa (ExP-26.1.2018) ကိုင်ဆောင်ထားသူသည် 4K---- ALPHARDအမျိုးအစားမော်တော်
ယာဉ်ဖြင့် ဗဟန်းမြို့နယ်ရှိ မိတ်ဆွေဖြစ်သူအား သွားရောက်ခေါ်ဆောင်ပြီးနောက် နေအိမ်သို့ပြန်လာစဉ် တောင်ဥက္ကလာပမြို့နယ်၊ (၁၄)ရပ်ကွက်၊ သံသုမာလမ်းနှင့် ရတနာလမ်းထောင့်တွင်ဖွင့်လှစ်ထားသည့် One Stop Mart အရောင်း ဆိုင်ရှေ့၌ မော်တော်ယာဉ်အား စက်သပ်ပြီး သော့တန်းလန်းဖြင့်ရပ်၍ထားခဲ့ကာ ဆိုင်အတွင်းသို့ဈေးဝင် ရောက်ဝယ်ယူခဲ့ပြီးနောက်ပြန်ထွက်လာစဉ် မော်တော်ယာဉ်အား မတွေ့ရှိရဘဲ ပျောက်ဆုံးနေသဖြင့်စုံစမ်းရှာဖွေပေးရန် ရဲတပ်ဖွဲ့သို့အကူအညီတောင်းခံခဲ့ကြောင်း သိရှိရပါသည်။
ယင်းသို့ သတင်းပေးပို့တောင်းခံလာခဲ့သဖြင့် တောင်ဥက္ကလာပမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သတင်းရလျင်ရချင်း အခြားမြို့နယ်ရဲတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ၀ိုင်းဝန်းပိတ်ဆို့ရှာဖွေခဲ့ရာ ပျောက်ဆုံးမော်တော်ယာဉ်အား ယင်းနေ့ ည ၈နာရီခွဲအချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း ရပ်ထားလျက် ယာဉ်အတွင်းမှပစ္စည်းတစ်စုံတစ်ရာပျောက်ဆုံးခြင်းမရှိဘဲ ပြန်လည်တွေ့ရှိခဲ့သဖြင့် ပိုင်ရှင်ဖြစ်သူ Mr.Ekachai အား ဆက်သွယ်အကြောင်းကြားကာ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရှိရပါသည်။
ယာဉ်ပိုင်ရှင်များအနေဖြင့် ယခုဖြစ်စဉ်ကဲ့သို့ မိမိတို့၏မော်တော်ယာဉ်များကိုပေါ့လျော့စွာ သော့တန်းလန်းဖြင့် ရပ်တန့်ထားခဲ့ခြင်းမျိုးမပြုလုပ်ကြပါရန်အသိပေးဖော်ပြအပ်ပါသည်။
Yangon Police
Sunday, June 25, 2017
မော်တော်ယာဉ်ပျောက်ဆုံးကြောင်း သတင်းရလျင်ရချင်း ရဲတပ်ဖွဲ့ဝင်များက ကြိုးပမ်းအားထုတ်ရှာဖွေခဲ့သဖြင့် ပြန်လည်တွေ့ရှိကာ ပိုင်ရှင်ထံပြန်လည်အပ်နှံ
မော်တော်ယာဉ်ပျောက်ဆုံးကြောင်း သတင်းရလျင်ရချင်း ရဲတပ်ဖွဲ့ဝင်များက ကြိုးပမ်းအားထုတ်ရှာဖွေခဲ့သဖြင့် ပြန်လည်တွေ့ရှိကာ ပိုင်ရှင်ထံပြန်လည်အပ်နှံ
Reviewed by Ar Ti
on
10:55 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment