Latest News

Saturday, June 24, 2017

တရားခံပြေး အောင်ဝင်းခိုင် ကို မျက်ကွယ်တွင်အမှုစစ်ဆေးရန် အမိန့်ချမှတ်

တရားခံပြေး အောင်ဝင်းခိုင် ကို မျက်ကွယ်တွင်အမှုစစ်ဆေးရန်
အမိန့်ချမှတ်

၂၀၁၇ဇွန်(၂၃)၊ရန်ကုန်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေ အကြံပေး ဦးကိုနီ လုပ်ကြံခံရမှု နှင့် ပတ်​သက်ပြီး ထွက်ပြေး တိမ်းရှောင် နေသော တရားခံပြေး အောင်ဝင်းခိုင်ကို လတ်တလော တွင် ဖမ်းဆီး ရရှိခြင်း မရှိသေးသဖြင့် ကျန်ရှိနေသည့် သက်သေများကို ဆက်လက် စစ်ဆေး သွားမည်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်သည်။

ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသည့် ကြည်လင်း၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းနှင့် အောင်ဝင်းဇော်တို့ လေးဦး ကို ရန်ကုန် တိုင်းဒေသကြီး မြောက်ပိုင်း ခရိုင်တရားရုံးတွင် (ယနေ့)ဇွန်လ(၂၃)ရက်နေ့ကရုံးထုတ်စစ်ဆေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်တရားရုံး တွင် ရာဇဝတ်ပုဒ်မ ၄၅/၂၀၁၇-၃၀၂/၃၄ဖြင့်  ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပက်သက်ပြီး တရားလို ရဲအုပ်မိုးနိုင် ကို လာမည့်ရုံးချိန်တွင် စတင် စစ်ဆေး သွားမည်း ဖြစ်သည်။

တရားခံပြေး အောင်ဝင်းခိုင် ဖမ်းဆီးမိနိုင်ရေး အတွက် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ အင်တာပို က ပြန်လည်း အကြောင်း ပြန်ကြားမှုများနှင့် ပက်သက်ပြီး ရရှိလာသော အချက်အလက်များကို တရားရုံးသို့ တင်ပြရာတွင် လျှိ့ဝှက်အနေဖြင့်သာ တင်ပြခဲ့သောကြောင့် အင်တာပို၏ အကြောင်းပြန်မှုနှင့် ပက်သက်ပြီး အသေးစိတ်မသိရှိရကြောင်း ဦးကိုနီဘက်မှ လိုက်လံဆောင်ရွက်ပေးနေသော    တရားလွှတ်တော်ရှေ့နေ ဦးနေလကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေးဦးကိုနီကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြည်လင်းမှ ၉ မမ ပစ္စတို သေနတ်ဖြင့် ပစ်ခတ်ကာ လုပ်ကြံခဲ့ခြင်းဖြစ်ပြီး၊ သေနတ်သမား ကြည်လင်း အား လိုက်လံ ဖမ်းဆီးရာတွင် သေနတ်ဖြင့် ပြန်လည် ပစ်ခတ်သဖြင့် လိုက်လံ ဖမ်းဆီး ပေးသည့် အငှား ယာဉ်မောင်း ဦးနေဝင်းသည် သေနတ်ကျည်ဆံ ထိမှန်ကာ သေဆုံးခဲ့သည်။

ဓာတ်ပုံ - ငြမ်း
The Nyang News

No comments:

Post a Comment