သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းမြင့်မားနေသည့် ဧရာဝတီတိုင်းဒေသကြီး၌ ရောဂါကာကွယ် နှိမ်နင်းရေး ဆယ်အိမ်စုအလိုက် အဖွဲ့များဖွဲ့စည်းကာ ကျန်းမာရေးဌာနမှ ပူးပေါင်းဆောင်ရွက်မည်
ဟင်္သာတ ဇွန် ၁၉
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းမြင့်မားနေသည့် ဧရာဝတီတိုင်းဒေသကြီး၌ ရောဂါ ကာကွယ်နှိမ်နင်းရေး ဆယ်အိမ်စုအလိုက် အဖွဲ့များဖွဲ့စည်းကာ ကျန်းမာရေးဌာနမှ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံချက်ကို တိုင်းဒေသကြီးအဆင့်သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေး ညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။
“ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိမိတာဝန်ကျတဲ့ရပ်ကွက်တွေမှာ ဆယ်အိမ်စုသွေးလွန်တုပ် ကွေးအဖွဲ့တွေ ဖွဲ့စည်းပေးပါ။ ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းတွေက ဘာလုပ်ရမယ်ဆိုတဲ့ဟာကို လိုက်ပြီး သင်ကြားပေးပါမယ်။ ပြသပေးပါမယ်။ ပြီးတဲ့အခါကျရင် ဒီရာသီကုန်တဲ့အထိ ဒီအဖွဲ့တွေဟာ ပိုးလောက်လန်းနှိမ်နင်းရေးကို ဆယ်အိမ်စုသွေးလွန်တုပ်ကွေးကာကွယ်နှိမ်နင်းရေးအဖွဲ့တွေနဲ့ ဆောင်ရွက်သွားမယ်ဆိုရင် လာမယ့်ကာလမှာလုံးဝ သွေးလွန်တုပ်ကွေးရောဂါဟာ ကျဆင်းသွားမှာ ဖြစ် ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမြတ်မင်းထွန်း ကပြောကြားသည်။
ဆယ်အိမ်စုသွေးလွန်တုပ်ကွေးကာကွယ်နှိမ်နင်းရေးအဖွဲ့များကို လူမှုရေး အသင်းအဖွဲ့မှပုဂ္ဂိုလ် များ၊ အရန်မီးသတ်၊ အမျိုးသမီးရေးရာ၊ ကြက်ခြေနီနှင့် ကျန်းမာရေးလှုပ်ရှားမှုများ၌ ပါဝင်လိုသူများဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
“ဘယ်နှစ်အိမ်သွားမလဲဆိုတော့ ဆယ်အိမ်စုလို့သတ်မှတ်ထားတဲ့အတွက် ဆယ်အိမ်ပဲ သွားပါ မယ်။ ပိုးလောက်လန်းရှိ၊မရှိကြည့်မယ် သွန်ပေးခဲ့မယ်။ နောက်တစ်အိမ် ကူးမယ်၊ ပိုးလောက်လန်း ရှိ၊မရှိကြည့်မယ် သွန်ပေးခဲ့မယ်။ လှယ်ပေးခဲ့တယ်။ အဲဒါကို ပထမတစ်ပတ်မှာပဲလုပ်ပါမယ်။ နောက် အပါတ်တွေကျရင် သူတို့လုပ်တတ်သွားပြီဆိုရင် ဆော်သြဖို့ပဲလုပ်ပါမယ်။ ပိုးလောက်လန်း နှိမ်နင်းရေးကို ဒီအပါတ် စနေနေ့တိုင်းမှာလုပ်မယ်ဆိုရင် ဆော်သြပါမယ်။ လုပ်ဖြစ်သွားအောင်။ လုပ်ဖြစ်သွားမယ်ဆိုရင် ပိုးလောက်လန်းမှမရှိရင် ခြင်ဖြစ်မလာတော့ပါဘူး။ ခြင်ဖြစ်မလာရင် ခြင်နဲ့ပတ်သက်တဲ့ရောဂါ မဖြစ်တော့ဘူး။ သွေးလွန်တုပ်ကွေးရောဂါမဖြစ်တော့ဘူး။ စတဲ့ strategy နဲ့ ကျွန်တော်တို့လုပ်ဖို့အစီအစဉ် လုပ်ထားပါတယ်”ဟု ဒေါက်တာမြတ်မင်းထွန်း ကပြောကြားသည်။
လက်ရှိတွင် ကျန်းမာရေးဌာနအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လူနာအခြေပြု၊ ကျောင်းသားအခြေပြု၊ လူထုလှုပ်ရှားမှုအသွင် စသည့် နည်းဗျူဟာ ၉ ခုဖြင့် စီမံ ဆောင်ရွက်လျှက်ရှိကြောင်း ၄င်းကဆက်လက်ပြောကြားသည်။
“ဆယ်အိမ်စုသွေးလွန်တုပ်ကွေးကာကွယ်ရေး လုပ်ဆောင်မယ့်အဖွဲ့ဖွဲ့နိုင်မယ်ဆိုရင်တော့ အခု လူထုပါဝင်မှုနည်းနည်းနည်းနေတာတွေကို တော်တော်လေးကို အောင်အောင်မြင်မြင်လုပ်ဆောင်နိုင် မယ်ထင်ပါတယ်။ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်လိုက်တဲ့အတွက် ပိုးလောက်လန်းတွေကို နှိမ်နင်းတဲ့နေရာမှာ အဘိတ်ခတ်တာနဲ့မလုံလောက်တဲ့အတွက်ကြောင့် အဲဒီ့ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းတွေကို အဲဒီ့အဖွဲ့ အစည်းတွေက တကယ်ကို လုပ်ဆောင်ပေးမယ်ဆိုရင်တော့ ဒီသွေးလွန်တုပ်ကွေးရောဂါ ဆက်လက် ပြန့်ပွားဖို့ အင်မတန်ကို အခြေအနေနည်းသွားမယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီ့လုပ်ငန်းကို ကျွန်တော် သဘောကျပါတယ်။ အဲဒီ့အတွက်ကိုလည်း ကျွန်တော်တို့ အများကြီး စည်းရုံးရေး လုပ်ငန်းတွေ၊ ပညာပေးရေးလုပ်ငန်းတွေ၊ ဆယ်အိမ်မှာ တာဝန်ယူမယ့် လူပုဂ္ဂိုလ်တွေကို သင်တန်း ပေးဖို့၊ အသိပညာတွေ ပြန့်ပွားပေးဖို့ သူတို့လုပ်ချင်ကိုင်ချင်စိတ်ဖြစ်အောင်ပြောဖို့ကတော့ ကျွန်တော်တို့ ကျန်းမာရေး ၀န်ထမ်းတွေအနေနဲ့ အများကြီးလိုမယ်လို့ ကျွန်တော်ထင်တယ်”ဟု ဟင်္သာတမြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာပုည ကပြောကြားသည်။
ယခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှာ ယခင်ကထက် အချိန်စောကာ ဖြစ်ပွားနေခြင်းဖြစ်ပြီး လက်ရှိတွင် မြို့နယ် ၂၅ မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၆၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။
အောင်ကျော်မျိုး(ဟင်္သာတ)
Monday, June 19, 2017
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းမြင့်မားနေသည့် ဧရာဝတီတိုင်းဒေသကြီး၌ ရောဂါကာကွယ် နှိမ်နင်းရေး ဆယ်အိမ်စုအလိုက် အဖွဲ့များဖွဲ့စည်းကာ ကျန်းမာရေးဌာနမှ ပူးပေါင်းဆောင်ရွက်မည်
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းမြင့်မားနေသည့် ဧရာဝတီတိုင်းဒေသကြီး၌ ရောဂါကာကွယ် နှိမ်နင်းရေး ဆယ်အိမ်စုအလိုက် အဖွဲ့များဖွဲ့စည်းကာ ကျန်းမာရေးဌာနမှ ပူးပေါင်းဆောင်ရွက်မည်
Reviewed by Ar Ti
on
11:24 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment