Latest News

Monday, June 12, 2017

ရွေးကောက်ပွဲရလဒ် ကန့်ကွက်ခံရသူ ၆ ဦး ချေပလွှာတင်သွင်း

ရွေးကောက်ပွဲရလဒ် ကန့်ကွက်ခံရသူ ၆ ဦး ချေပလွှာတင်သွင်း

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ တရားမဲ့ပြုကျင့်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး ရွေးကောက်ပွဲ ကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းထားတဲ့ အမှု ၆ မှုနဲ့ပတ်သက်ပြီး ကန့်ကွက်ခံရသူတွေက ရွေးကောက်ပွဲကော်မရှင်ခုံရုံးအသီးသီးမှာ ချေပလွှာတင်သွင်းကြပါတယ်။

ကန့်ကွက်သူတွေနဲ့ ကန့်ကွက်ခံရသူ အားလုံးတက်ရောက်ပြီး ချေပလွှာနဲ့ ရှေ့နေလွှဲ စာ တင်သွင်းခဲ့ကြတယ်လို့ ရွေးကောက်ပွဲကန့်ကွက်လွှာတင်သွင်းခံထားရတဲ့ မုံရွာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးညွှန့်အောင် ကပြောပါတယ်။

"ဒီနေ့တော့ အကုန်လုံးလာကြတယ်ဗျ။ လျှောက်ထားတဲ့သူကော ၊ လျှောက်ထားခံရတဲ့သူကော ဒါကတော့ ပထမဦးဆုံးအကြိမ်ဆိုတဲ့အခါကျတော့ စွဲချက်တင်တာတို့ အဲ့ဒါမျိုးလောက်ပဲရှိသေးတယ်။ ကိုယ်စားလှယ်လွှဲစာ တင်တာတို့ အဲ့ဒါမျိုးလောက်ပဲရှိသေးတယ်။ အချက်အလက်တွေ တောင်းတုန်းရှိသေးတယ်"

ကန့်ကွက်ခံထားရတဲ့ ၆ မှုထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရကိုယ်စားလှယ်တွေ ကန့်ကွက်ခံထားရတာ ၅ မှုပါဝင်ပြီး အဲ့ဒီကန့်ကွက်လွှာတွေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တစ်နှစ်တာ မိန့်ခွန်းနဲ့ NLD နာယက သူရဦးတင်ဦး၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်တို့ရဲ့ ပြောကြားချက်တွေအပေါ် ကန့်ကွက်ထားမှုတွေ ဖြစ်တာကြောင့် အဲဒီပြောကြားချက်တွေ အပေါ် ပါတီတွေရဲ့ ကန့်ကွက်မှုကို ကော်မရှင်က ပလပ်လိုက်ပြီး ဖြစ်ကြောင်း ချေပလွှာတင်ခဲ့တယ်လို့ ကန့်ကွက်ခံထားရတဲ့ NLD ကိုယ်စားလှယ်တွေက ပြောပါတယ်။

မုံရွာ၊ ကော့မှူး၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ လှိုင်သာယာ မြို့နယ်တွေက အန်အယ်လ်ဒီပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄ ဦးနဲ့ ရှမ်းပြည်နယ်ညောင်ရွှေမဲဆန္ဒနယ်အမှတ်(၁)က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့ ကန့်ကွက်ခံထားရတာဖြစ်ပြီး အန်အယ်လ်ဒီပါတီရဲ့ ကျိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းက ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီကိုယ်စားလှယ်ကို ကန့်ကွက်ထားတဲ့အမှုတွေ ဖြစ်ပါတယ်။

Photo: Union Election Commission FB

RFA

No comments:

Post a Comment