ဘင်လာဒင် ခြေမှုံးခဲ့သူကို တာဝန်သစ်ပေး
အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ CIA က အကြမ်းဖက်သမား အိုစမာ ဘင်လာဒင်ကို ခြေရာခံပြီး ရှင်းလင်းသုတ်သင်ရာမှာ ဦးဆောင်ခဲ့တဲ့ Michael D’Andrea မိုက်ကယ် ဒန်ဒရဲရာ ဆိုသူကို အီရန်နိုင်ငံဆိုင်ရာ စစ်ဆင်ရေးတွေ ကွပ်ကဲဖို့အတွက် တာဝန်ပေးလိုက်ကြောင်း New Yourk Times သတင်းစာက သောကြာနေ့မှာ ဖေါ်ပြလိုက်ပါတယ်။
သူဟာ အခုအသက် ၆ဝ ခန့် ရှိပြီး အစ္စလ်ဘာသာဝင်အဖြစ် ပြောင်းလဲခံယူခဲ့သူလို့လည်း သိရပါတယ်။ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်က ပစ်မှတ်တွေကို ဒရုန်းခေါ် မောင်းသူမဲ့လေယဉ်တွေနဲ့ စစ်ဆင်ရေးကိုလည်း ဦးဆောင်ခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို အီရန်က CIA စစ်ဆင်ရေးတွေ ဦးဆောင်ဖို့ သူ့ကို တာဝန်ပေးလိုက်တာဟာ သမတ ထရမ့်အစိုးရက IS အစွန်းရောက်မွတ်စလင်တွေ ခြေမှုံးရေးအတွက် ပိုမိုပြင်းထန်စွာ လုပ်ဆောင်မယ့် လက္ခဏာပဲလို့ ထောက်လှမ်းရေး အသိုင်းအဝန်းက ပြောပါတယ်။ အခု သတင်းကို CIA က ဝေဖန်ပြောကြားဖို့ ငြင်းဆိုခဲ့ပါတယ်။
RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment