Latest News

Monday, June 5, 2017

အခြေခံပညာ ကျောင်းသားကျောင်းသူများကို ယာဉ်စီးခ ထက်ဝက်သာကောက်ယူရန် ညွှန်ကြားထား

အခြေခံပညာ ကျောင်းသားကျောင်းသူများကို ယာဉ်စီးခ ထက်ဝက်သာကောက်ယူရန် ညွှန်ကြားထား


အခြေခံပညာကျောင်းသားကျောင်းသူများအား သတ်မှတ်ယာဉ်စီးခ ၂၀၀ ကျပ်အစား ၁၀၀ ကျပ်သာ ကောက်ခံရန် YRTA သို့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ညွှန်ကြားထားသည်ဟု Power 11 ကုမ္ပဏီတာဝန်ရှိသူကို တရုတ်လေးက News Watch သို့ ဇွန် ၅ ရက်တွင် ပြောသည်။

ကိုတရုတ်လေးက “၀န်ကြီးကတော့ အခြေခံပညာကျောင်းသားကျောင်းသူတွေရဲ့ မိဘတွေကို ၀န်ထုပ်ဝန်ပိုးမဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ၀န်ကြီးပြောတဲ့အထဲမှာ တက္ကသိုလ်မဟုတ်သော မူလတန်း၊ အလယ်တန်း ကျောင်းသားကလေးလေးတွေကို တရာကျပ်ပဲကောက်ခံဖို့ ညွှန်ကြားတယ်။ (YRTA) ရန်ကုန်အများပြည်သူသယ်ယူ ပို့ဆောင်ရေး အာဏာပိုင်က စာထုတ်ပေးဖို့တော့ ပြောထားတယ်။ ဘယ်နေ့စာထုတ်ပေးမလဲတော့ မသိဘူး”ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ဇွန် ၃ ရက်က ပြုလုပ်သည့် YBS ယာဉ်လိုင်းများ အစည်းအဝေးတွင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်က ယာဉ်လိုင်းတာဝန်ရှိသူများအား ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“တက္ကသိုလ်မဟုတ်သော မူလတန်း၊ အလယ်တန်း အဖြူအစိမ်းဝတ်သော ကလေးလေးတွေကို ပိုက်ဆံကောက်တဲ့အခါ ပိုပြီး မကောက်ဖို့ပြောတာပါ”ဟု ပြောသည်။

Power 11 ကုမ္ပဏီပိုင် YBS 21 ယာဉ်များတွင် ယခင်ကတည်းက “ရဟန်းသံဃာ၊ သီလရှင်၊ သက်ကြီးရွယ်အို၊ ကျန်းမာရေးချို့တဲ့သူ၊ ကိုယ်ဝန်ဆောင် မိခင်နှင့် အဖြူအစိမ်းဝတ်ကျောင်း ကျောင်းသားကျောင်းသူများအား ယာဉ်စီးခပေးစရာမလိုဘဲ အခမဲ့စီးနင်းနိုင်ကြောင်း တရားဝင်စာကပ်ထားသည်။

ကိုခက်
News Watch

No comments:

Post a Comment