Latest News

Sunday, June 25, 2017

မုံရွာကန်သာယာ ပြန်လည်တူးဖော်ရန် ကျွန်းငယ်များကို စတင်ဖယ်ရှား

မုံရွာကန်သာယာ ပြန်လည်တူးဖော်ရန် ကျွန်းငယ်များကို စတင်ဖယ်ရှား

 မုံရွာမြို့ ကန်သာယာ ရေကန် ပြန်လည်တူးဖော်ရေး ဒေသခံ စက်မှုလုပ်ငန်းရှင်များ၏ နည်းပညာဖြင့် ကျွန်းငယ်များကိုစတင်ဖယ်ရှားနေကြောင်း မုံရွာ မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်မျိုးဝင်းက ပြောသည်။

  ကန်သာယာ အပန်းဖြေ စခန်း သာယာလှပစေရန် စစ် ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့် ကြည်နှင့် မြို့မိမြို့ဖများ ဇွန်လ ၂၄ ရက်က ကွင်းဆင်းလေ့လာ စဉ် ဦးကျော်မျိုးဝင်းက ပြောကြား ခဲ့သည်။

‘‘အခုလောလောဆယ် စက် မှုဇုန်က ဗြုန်းစုပ်ခရုထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းရှင်တွေရဲ့ နည်း ပညာနဲ့ စမ်းသပ်တာပေါ့။ မနက် ဖြန် (ဇွန် ၂၅ ရက်)ဆိုရင် အဖြေ ရပြီ။ မနေ့ကလည်း စမ်းသပ်တာ ရွှံ့တွေပါတယ်။ ဒါပေမဲ့ အပါ နည်းတာပေါ့။ နော်ဇယ်မပါဘဲနဲ့ စုပ်တာ။ မနက်ကျရင် နော်ဇယ်နဲ့ ထိုးမယ်။ ဘီလူးခေါင်းက စုပ်မယ် ပေါ့။ အဲဒီတော့ အဆင်ပြေနိုင်ပါ တယ်’’ဟု ၎င်းက ပြောသည်။

ကန်သာယာရေကန်အတွင်း ကျောက်တိုင်ကျွန်း၊ ကုက္ကိုကျွန်း၊ ရွှေလိမ္မော်ကျွန်းနှင့် ဘုရားကျွန်း သာထားရှိမည်ဖြစ်ပြီး ကျန်ကျွန်း ငယ်များကို ရှင်းလင်းဖယ်ရှား မည်ဖြစ်ကာ ရေပန်းအလှများနှင့် အပန်းဖြေနားနေရန် ကျွန်းများ အဖြစ် ဆောင်ရွက်မည်ဖြစ် ကြောင်း ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည်က ‘‘ဘတ် ဂျက်အနေနဲ့ သီးခြားမရှိဘူး။ နှစ် စဉ်အလိုက် တိုင်းဒေသကြီးဘတ် ဂျက်ကလည်း ထိုက်သင့်သ လောက်ချပေးမယ်။ ပြည်သူတွေ ရဲ့ ထည့်ဝင်လှူဒါန်းငွေတွေနဲ့ ဆောင်ရွက်မယ်။ စီမံကိန်းက တော့ အမြန်ဆုံး အကောင် အထည်ဖော်နေပြီ။ စီမံကိန်း ဘယ်လောက်ကြာမလဲဆိုတော့ အကယ်၍ ဒီဟာတွေ လုံးဝသန့် ရှင်းရမယ်ဆိုရင် ရေတွေအကုန် ထုတ်ပြီး ဘက်ဟိုးတွေနဲ့ လုပ်မှရ မယ်။ ဒါပေမဲ့ အဲဒီလောက်အချိန် မပေးနိုင်ဘူး။ ဒီကန်ကြီးအောက် နက်ဖို့ အဓိကမဟုတ်ဘူး။ မလို အပ်တဲ့ ကျွန်းတွေ ပျောက်သွားဖို့ ရေပြင်ကြီးလှပပြီး ဒီကျွန်းကြီး တွေလည်း ကြီးလာမယ်။ သစ်ပင် တွေစိုက်မယ်။ အပန်းဖြေနားနေ လို့လည်းရမယ်’’ဟုပြောသည်။

ကန်သာယာရေကန်အတွင်း အပန်းဖြေဥယျာဉ် သာယာလှပ စေရေး မလိုလားအပ်သော ကျွန်းငယ်များ ဖယ်ရှားရန်နှင့် ရွှေလိမ္မော်ရေလယ်ကျွန်းပေါ်ရှိ စားသောက်ဆိုင်ကို ပြောင်းရွှေ့ ဖယ်ရှားရန် ဇွန်လ ၁၀ ရက်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးတွင် ကျင်းပသော မုံရွာမြို့ သာယာလှပရေးနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး မြို့မိမြို့ဖများနှင့် တွေ့ဆုံဆွေးနွေးပွဲ၌ ဆုံးဖြတ်ခဲ့ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မှတ်တမ်းများအရ သိရသည်။

မုံရွာမြို့ ကန်သာယာရေ ကန်သည် ၂၃၈ ဒသမ ၈၃၆ ဧက ကျယ်ဝန်းပြီး ရေကန်ရေပြည့် အမှတ်သည် ပျမ်းမျှ ၇ ပေ ခန့်ရှိ သည်။ ကန်သာယာ အပန်းဖြေ ဥယျာဉ်တွင် လေ့ကျင့်ခန်းအား ကစားပစ္စည်းလေးစုံ၊ အိုးပွေ့ အမျိုးသမီးရုပ်တုတစ်ခု၊ ပန်း လှည်းတစ်ခု၊ သံစင်ရထားလုံး နှစ်ခု၊ ပန်းလှေတစ်ခု စသည်ဖြင့် အပန်းဖြေပစ္စည်းများ အပါအဝင် အရိပ်ရသစ်ပင်နှင့်ပန်းအလှပင် များ စိုက်ပျိုးခြင်း၊ မီးအလှဆင် ခြင်းလုပ်ငန်းများကို မုံရွာမြို့နယ် စည်ပင်သာယာရေး ကော်မတီက ဆောင်ရွက်ထားသည်။
7Day News Journal

No comments:

Post a Comment