Latest News

Thursday, June 22, 2017

၂ဝ၅ဝ ကျရင် ကမ္ဘာ့လူဦးရေ ၁ဝ ဘီလျံနီးပါးရှိလာမည်

၂ဝ၅ဝ ကျရင် ကမ္ဘာ့လူဦးရေ ၁ဝ ဘီလျံနီးပါးရှိလာမည်

လာမယ့် ၂၀၅၀ ပြည့်နှစ်ကျရင် ကမ္ဘာ့လူဦးရေဟာ ၁၀ ဘီလျံနီးပါး ရှိလာမယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

လက်ရှိ ကမ္ဘာ့လူဦးရေက ၇.၆ ဘီလျံရှိပြီး၊ ၂၀၃၀ပြည့်နှစ်မှာ ၈.၆ ဘီလျံ၊ ၂၀၅၀ မှာ ၉.၈ ဘီလျဲ နဲ့ ၂၁၀၀ ပြည့် နှစ်မှာ ၁၁.၂ ဘီလျံဖြစ်လာမယ်လို့ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးရာဌာနရဲ့ လူဦးရေဌာနခွဲက ခန့်မှန်း ထားပါတယ်။

ဒါ့ပြင် လာမယ့် ၇ နှစ်မှာ အိန္ဒိယ လူဦးရေက တရုတ်ကိုကျော်လွန်သွားမှာဖြစ်သလို၊ နိုင်ဂျီးရီးယား လူဦးရေကလည်း အမေရိကန်ပြည်ထောင်စုကို ကျော်သွားမယ်လို့ ဆိုပါတယ်။

၁၉၆၀ ပြည့်နှစ်တွေက စပြီး ကမ္ဘာ့မွေးဖွားနှုန်း မှန်မှန်ကျဆင်းလာနေခဲ့ပေမဲ့ လူဦးရေကတော့ နှစ်စဉ် ၈၃ သန်းဝန်းကျင် တိုးပွားလာနေပါတယ်။

၂၀၅၀ ပြည့်နှစ်ရောက်ရင် အာဖရိကတိုက်မှာ ကမ္ဘ့ာ့လူဦးရေရဲ့ ထက်ဝက် ရှိလာမှာဖြစ်ပြီး၊ အိန္ဒိယ၊ နိုင်ဂျီးရီးယား၊ ကွန်ဂို၊ ပါကစ္စတန်၊ အီသီယိုးပီးယား၊ တန်ဇန်းနီးယား၊ အမေရိကန်ပြည်ထောင်စု၊ ယူဂန်ဒါ နဲ့ အင်ဒိုနီးရှား တို့ဟာ လူဦးရေအများဆုံး (၉) နိုင်ငံဖြစ်လာမယ်လို့ ဆိုပါတယ် ။

RFA

No comments:

Post a Comment